HighLight News

Powered by Drupal

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဝင်ရောက်ရာဒေသများနှင့်ဈေးနှုန်းများ

          ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့  နေ့စဉ်မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီလက်ကျန်  အခြေအနေများအား  အမှန်ကန်ဆုံးသိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ  ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီနေ့စဉ်ဝင်ရောက်မှုစာရင်းများအရလည်းကောင်း၊ ကြက်သွန်နီလက်ကျန် အခြေအနေအား နေ့စဉ်စုံစမ်းလျက်ရှိပါသည်။ ၂၀၂၄ခုနှစ်၊ မေလ (၇) ရက်နေ့မှ မေလ (၁၃) ရက်နေ့အထိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ ရွှေဘိုဒေသတို့မှ ကြက်သွန်နီ (၉၇၈၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့်ပြန်လည်စီးထွက်မှုရှိကြောင်းသိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီလက်ကျန်မှာ (၃၉၁၂၀၀) ပိဿာကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရသိရှိရသည်။ ဆိပ်ဖြူကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၄၀၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၁၈၀၀၊ အကြီးမှာ  တစ်ပိဿာလျှင် ကျပ်၂၀၀၀၊ ရှယ်မှာ တစ်ပိဿာလျှင် ကျပ်၂၁၀၀၊  ရွှေဘို ကြက်သွန်နီ(အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၆၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၂၂၀၀ ၊ အကြီးမှာ ကျပ် ၂၃၀၀၊ ရှယ်မှာ ကျပ် ၂၄၀၀ ဈေးတို့ အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်၌ စားသုံးဆီအမျိုးမျိုးရောင်းချနေမှုအခြေအနေ ကွင်းဆင်းစစ်ဆေးခြင်း ”

            စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှုးရုံး၏ညွန်ကြားချက်အရ ကော့မှူးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် စားသုံးဆီအမျိုးမျိုးဝယ်ယူသုံးစွဲရာ၌ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်ရည်ရွယ်၍ ၂၀၂၄ခုနှစ်၊မေလ(၁၁) ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ကုန်ခြောက်ဆိုင်များသို့ စားသုံးဆီအမျိုးမျိုးရောင်းချနေမှုအခြေအနေအား ဈေးကွက်အတွင်းကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဈေးတာဝန်ခံနှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စာသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ပူးပေါင်းအဖွဲ့သည် ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်တွင် ဖြန့်ဖြူးရောင်းချလျှက်ရှိသော ကုန်ခြောက်ဆိုင်များသို့ စားသုံးဆီအမျိုးမျိုးတို့အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ စစ်ဆေးခဲ့ရာတွင် အမေထွား၊ သဘာဝမြေပဲဆီအမျိုးမျိုးတို့၌ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့အား ပြည့်စုံစွာဖော်ပြထားသည်ကို တွေ့ရှိခဲ့ပြီး ယင်းကဲ့သို့ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော စားသုံးဆီအမျိုးမျိုးတို့ကိုသာ မိမိတို့၏ဈေးဆိုင်တွင် ဖြန့်ဖြူးရောင်းချကြရန်နှင့် တရားမဝင်လမ်းကြောင်းမှ တင်သွင်းဖြန့်ဖြူးနေသော ပြည်ပမှစားသုံးဆီများအား ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းများမပြုလုပ်ကြရန် အစား အသောက်နှင့်ဆေးဝါကွပ်ကဲရေးဦးစီးဌာန(FDA)၏ခွင့်ပြချက်မပါသောစားသုံးဆီများအား မိမိတို့၏ ဈေးဆိုင်များတွင် ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းများပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေးအသိပညာပေးပြောကြားခဲ့ပြီး ဈေးကွက်အတွင်းစားသုံးဆီအမျိုးမျိုးရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်၌ စားအုန်းဆီ လက်လီ၊ လက်ကားရောင်းချလျှက်ရှိ‌သော စားအုန်းဆီကိုယ်စားလှယ်ဆိုင်များတွင် စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း ”

            ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် လက်လီ၊ လက်ကားရောင်းချလျှက်ရှိသော စားအုန်းဆီကိုယ်စားလှယ်ဆိုင်များတွင် ဖြန့်ဖြူးရောင်းချလျှက်ရှိသောစားအုန်းဆီဆိုင်များကို ညွှန်ကြားချက်နှင့်အညီ စားသုံးသူပြည်သူများ ဈေးနှုန်းတည်ငြိမ်စွာဖြင့် အလွယ်တကူဝယ်ယူရရှိနိုင်ရန် ဖြန့်ဖြူးရောင်းချခြင်းရှိ/ မရှိ မေလ(၁၀)ရက်နေ့၊ နံနက်(၉:၃၀)အချိန်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစည်သူနှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှခေတ္တမြို့နယ်မှူး ဦးသောင်းရွှေနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှအမှုဆောင်အရာရှိ ဦးတင်ထွန်းအောင်နှင့်ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းတို့ပူးပေါင်းအဖွဲ့သည် ဘုရားလမ်းရပ်ကွက်ရှိ၊ စားအုန်းဆီအရောင်းကိုယ်စားလှယ် ဒေါ်အေးငြိမ်းမြတ်၊ လက်ခိုက်ကျေးရွာသဲကုန်းပိုင်းမှ ဒေါ်မေဇင်ဦး၊ ဆပုဂံကျေးရွာရှိ ဒေါ်မော်မော်နိုင် စားအုန်းဆီအရောင်းဆိုင်များတွင် စားသုံးသူပြည်သူများဈေးနှုန်းမှန်ကန်စွာဖြင့် စားအုန်းဆီများကို အခက်အခဲမရှိဝယ်ယူစားသုံးနိုင်ရေးအတွက် ဖြန့်ဖြူးရောင်းချပေးနေသည့်အခြေအနေများအား စားအုန်းဆီကိုယ်စားလှယ်များအနေဖြင့် အပတ်စဉ်သတ်မှတ်ရည်ညွှန်းဈေးအပေါ် သယ်ယူစရိတ်ပါ (၂)ရာခိုင်နှုန်းထက်မပိုသောဈေးနှုန်းဖြင့်သာ ဖြန့်ဖြူးရောင်းချကြရန်နှင့်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ မသမာသောရည်ရွယ်ချက်ဖြင့် အခြားဆီများဖြင့်ရောနှောရောင်းချခြင်း၊ သိုလှောင်ထားခြင်း များမပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေးအသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး စားအုန်းဆီကိုယ်စားလှယ်ဆိုင်များအနေဖြင့် လက်လီ၊ လက်ကားစားအုန်းဆီဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

“ တွံတေးမြို့နယ်၌ စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိကွင်းဆင်းစစ်ဆေးခြင်း ”

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ညွှန်ကြားချက်အရ တွံတေးမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများအနေဖြင့် စားသုံးဆီအမျိုးမျိုးတို့အား ဝယ်ယူသုံးစွဲရာတွင် ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရန်နှင့် စနစ်တကျဝယ်ယူသုံးစွဲတတ်စေရန်ရည်ရွယ်၍ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် မေလ(၁၃)ရက်နေ့၊ နံနက်(၈:၃၀)အချိန်နာရီတွင် တွံတေးမြို့နယ် စည်ပင်သာယာဈေးတွင် ရောင်းချလျှက်ရှိသောကုန်စုံဆိုင်များရှိ စားသုံးဆီအမျိုးမျိုးတို့တွင် သတ်မှတ်ထား‌သော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဈေးတာဝန်ခံနှင့် ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအာကာမင်းတို့ပူးပေါင်းအဖွဲ့သည် တွံတေးမြို့နယ်စည်ပင်သာယာဈေးအတွင်းရှိကုန်စုံဆိုင်များ၌ လုပ်ငန်းပိုင်ရှင်ဆိုင်ရှင်များနှင့်တွေ့ဆုံကာ စားသုံးဆီအမျိုးမျိုးအား ဖြန့်ဖြူးရောင်းချရာတွင် သက်ဆိုင်ရာဌာနများမှညွှန်ကြားထားသော ကုန်အညွှန်းအမှတ်အသားဆိုင်ရာ လိုက်နာရမည့်အချက်များ၊ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်)အခြားဘာသာတစ်ခုထက်ပိုပြီး တွဲလျှက်ရေးသားဖော်ပြရမည့်အချက်များ၊ စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စံချိန်စံညွှန်းများနှင့်ကိုက်ညီမှုမရှိသည့် စားသုံးဆီများ၊အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၏ ခွင့်ပြချက်မပါရှိသော၊ သက်တမ်းကုန်ဆုံးသော စားသုံးဆီအမျိုးမျိုးနှင့် စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်းမပြုစေရန် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများကို အကြံပြုဆွေးနွေးခဲ့ပြီး စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိဈေးကွက်အတွင်းကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ တစ်ပတ်အတွင်း စားအုန်းဆီထုတ်ပေးမှုအခြေအနေ ” ( ၆.၅.၂၀၂၄)ရက်နေ့ မှ (၁၁.၅.၂၀၂၄ )ရက်နေ့အထိ

           ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်ရှိ  သီလဝါစက်မှုဇုန်၊ Wilmar ဆီကန်မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များနှင့်အခြားတိုင်းဒေသကြီး၊ ပြည်နယ်များရှိကိုယ်စားလှယ်များသို့ စားအုန်းဆီနေ့စဉ်ထုတ်ပေးလျှက်ရှိပါသည်။ စားအုန်းဆီအား ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ် ထုတ်ပြန်ထားသော အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအပေါ် လက်ကားပြန်လည်ဖြန့်ဖြူးရောင်းချသူများအနေဖြင့် ဒေသအရောက်ဈေးနှုန်းများအပေါ် (၂)ရာခိုင်နှုန်း အမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချစေရေး ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေးတို့အတွက်လည်း ဝန်ထမ်းများမှကွင်းဆင်းကြပ်မတ် ဆောင်ရွက်လျှက်ရှိကြောင်းနှင့် (၆.၅.၂၀၂၄)ရက်နေ့မှ (၁၁.၅.၂၀၂၄)ရက်နေ့အထိ ဆီကုမ္ပဏီ (၂၁)ခုနှင့် စားအုန်းဆီတန်ချိန် (၄၅၉၂.၂၇၁)တန်ကို ထုတ်ပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

“ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စားအုန်းဆီဖြန့်ဖြူးရောင်းချခြင်းအား စီစစ်ကြပ်မတ်ဆောင်ရွက်သွားရန် သက်ဆိုင်ရာဌာနများ၊ ဆီကိုယ်စားလှယ်နှင့် လုပ်ငန်းရှင်အစည်းအဝေးကျင်းပခြင်း”

              စားအုန်းဆီကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ မသမာသောရည်ရွယ်ချက်ဖြင့် အခြားဆီများနှင့် ရောနှောရောင်းချခြင်းများမပြုလုပ်ကြရန် အလေးနက်တိုက်တွန်းအပ်ကြောင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကထုတ်ပြန်ခဲ့သည့်အပေါ် မြန်မာနိုင်ငံဆီကုန်သည်များအသင်းမှ ရောင်းချခွင့် ပေးထားသည့် စားအုန်းဆီ လက်လီ၊ လက်ကားအရောင်းကိုယ်စားလှယ်များနှင့် စားအုန်းဆီတရားမဝင်သိုလှောင်ဖြန့်ဖြူးခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုတို့အား စိစစ်ဖော်ထုတ်နိုင်ရေးအတွက် စစ်ဆေးရေးအဖွဲ့မှတာဝန်ရှိသူများသည် စားအုန်းဆီဖြန့်ဖြူးရောင်းချမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ၂၀၂၄ခုနှစ်၊မေလ(၉)ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် ကျင်းပခဲ့ကြောင်းသိရှိရပါသည်။

          အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးဇော်မင်းဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ်ရဲမှူးဦးသိန်းဇော်၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးတင်ဝင်း၊ စည်ပင်သာယာရေးမြို့မဈေးတာဝန်ခံ ဦးဝင်းမြင့်နှင့် ရပ်ကွက်ကျေးရွာများရှိ အုပ်ချုပ်ရေးမှူးများ၊ စားအုန်းဆီလက်လီ၊ လက်ကားအရောင်းကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး ရှေ့ဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှု ဦးမြင့်လှိုင်က ပြည်တွင်းစားသုံးဆီဖူလုံစေရေး၊ ပြည်ပမှ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများတင်သွင်းနိုင်ရေး၊ သင့်တင့်မျှတသောဈေးနှုန်းဖြင့် စားသုံးသူများဝယ်ယူသုံးစွဲနိုင်ရေး၊ စားသုံးဆီဈေးနှုန်းတည်ငြိမ်စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းစီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိမြို့နယ်အတွင်းရှိ စားအုန်းဆီဖြန့်ဖြူးရောင်းချသူများအနေဖြင့် အပတ်စဉ်သတ်မှတ်ရည်ညွှန်းဈေးအပေါ်  ဖြစ်သင့်ဖြစ်ထိုက်သည့် သယ်ယူပို့ဆောင်စရိတ်နှင့် အမြတ်(၂)ရာခိုင်နှုန်းသာ ထပ်ဆောင်းရောင်းချကြရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် အခြားဆီများနှင့်ရောနှောရောင်းချခြင်းများ၊ သိုလှောင်ထားခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ကြရန် ရှင်းလင်းပြောကြားဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

“ တွံတေးမြိုနယ်၌ အသင့်သောက်အချိုရည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ”

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ စားသောက်ကုန်ပစ္စည်းအမျိုးမျိုးအား ဝယ်ယူသုံးစွဲရာတွင် ဘေးကင်းလုံခြုံစိတ်ချမှုရှိစေရန်နှင့်စနစ်တကျဝယ်ယူသုံးစွဲတတ်စေရန်ရည်ရွယ်၍ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ၂၀၂၄ခုနှစ်၊ မေလ(၁၀)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် တွံတေးမြို့ပေါ်ရပ်ကွက်များတွင် ရောင်းချလျက်ရှိသော အအေးနှင့်မုန့်မျိုးစုံစတိုးဆိုင်များရှိ အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် သတ်မှတ်ထားသောကုန်အညွှန်းအမှတ်အသားဖာ်ပြချက် ပြည့်စုံမှုရှိ/ မရှိကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအာကာမင်းတို့ပူးပေါင်းအဖွဲ့သည် တွံတေးမြို့နယ်ဗိုလ်ချုပ်လမ်း၊ ဈေးသစ်ရပ်ကွက်ရှိ မမော်ကုန်စုံဆိုင်နှင့် မေသူကုန်စုံဆိုင်တို့၌ ကုန်စုံဆိုင်လုပ်ငန်းပိုင်ရှင်တို့နှင့်တွေ့ဆုံကာ အသင့်သောက်အချိုရည်အမျိုးမျိုးအား ဖြန့်ဖြူးရောင်းချရာတွင် သက်ဆိုင်ရာဌာနများမှညွန်ကြားထားသော ကုန်အညွှန်းအမှတ်အသားဆိုင်ရာ လိုက်နာရမည့်အချက်များ၊ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုထက်ပို၍တွဲလျက် ရေးသားဖော်ပြရမည့်အချက်များအား စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စံချိန်စံညွှန်းများနှင့်ကိုက်ညီမှုမရှိသည့်  စားသောက်ကုန်ပစ္စည်းများ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာမပါရှိသည့် အသင့်သောက်အချိုရည်များ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၏ခွင့်ပြုချက်မရှိသော သက်တမ်းလွန်နေသောအသင့်သောက်အချိုရည်အမျိုးမျိုးနှင့် စားသောက်ကုန်ပစ္စည်းများဖြန့်ဖြူးရောင်းချခြင်းမပြုစေရန် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများကို အကြံပြုဆွေးနွေးခဲ့ပြီး အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်အတွင်းကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ဒလမြို့နယ်၌ စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ”

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ညွှန်ကြားချက်အရ ဒလမြို့နယ် အတွင်းရှိစားသုံးသူပြည်သူများအနေဖြင့် စားသုံးဆီအမျိုးမျိုးတို့အားဝယ်ယူသုံးစွဲရာတွင် ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရန်နှင့်စနစ်တကျဝယ်ယူသုံးစွဲတတ်စေရန်ရည်ရွယ်၍ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက်မေလ(၁၀)ရက်နေ့၊ နံနက်(၀၉း၃၀)နာရီအချိန်တွင် ဒလမြို့နယ်၊ ကမာကဆစ်စည်ပင်သာယာဈေးတွင် ရောင်းချလျက်ရှိသောကုန်စုံဆိုင်များရှိ စားသုံးဆီအမျိုးမျိုးတို့တွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲကြောင်းသိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန်းနိုင်တို့ပူးပေါင်းအဖွဲ့သည် ဒလမြို့နယ်၊ ကမာကဆစ်စည်ပင်သာယာဈေးအတွင်းရှိ ကုန်စုံဆိုင်များ၌ ဆိုင်ရှင်များနှင့်တွေ့ဆုံကာ စားသုံးဆီအမျိုးမျိုးအား ဖြန့်ဖြူးရောင်းချရာတွင် သက်ဆိုင်ရာဌာနများမှ ညွှန်ကြားထားသော ကုန်အညွှန်းအမှတ်အသားဆိုင်ရာ လိုက်နာရမည့်အချက်များ၊ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုထက်ပိုပြီးတွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်အချက်များ၊ စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စံချိန်စံညွှန်းများနှင့်ကိုက်ညီမှုမရှိသည့် စားသုံးဆီများ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၏ ခွင့်ပြချက်မပါရှိသော၊ သက်တမ်းကုန်ဆုံးသော စားသုံးဆီအမျိုးမျိုးနှင့် စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်းမပြုစေရန် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများကို အကြံပြုဆွေးနွေးခဲ့ပြီး စားသုံးဆီအမျိုးမျိုးတို့တွင်ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/ မရှိ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA( ရန်ကုန်)

“ ဒလမြို့နယ်၌ အသင့်သောက်အချိုရည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ”

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ စားသောက်ကုန်ပစ္စည်းအမျိုးမျိုးအား ဝယ်ယူသုံးစွဲရာတွင် ဘေးကင်းလုံခြုံစိတ်ချမှုရှိစေရန်နှင့်စနစ်တကျဝယ်ယူသုံးစွဲတတ်စေရန် ရည်ရွယ်၍ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် မေလ(၉)ရက်နေ့၊ နံနက်(၉:၀၀)နာရီ အချိန်တွင် ဒလမြို့ပေါ်ရပ်ကွက်များတွင် ရောင်းချလျက်ရှိသော အအေးနှင့်မုန့်မျိုးစုံစတိုးဆိုင်များရှိ အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားဖာ်ပြချက်များ ပြည့်စုံမှုရှီ/ မရှိကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန်းနိုင်တို့ ပူးပေါင်းအဖွဲ့သည် ဒလမြို့နယ် စွယ်တော်လမ်း၊ ကမာကဆစ်ရပ်ကွက်ရှိ မစန္ဒာကုန်စုံဆိုင်နှင့်ခရေလမ်း၊ အမှတ်(၅၄၃) ကမာကဆစ်ရပ်ကွက်ရှိ ဒေါ်ဇင်ညိုလတ် ကုန်စုံဆိုင်တို့၌ ကုန်စုံဆိုင်လုပ်ငန်းပိုင်ရှင်တို့နှင့်တွေ့ဆုံကာ အသင့်သောက်အချိုရည်အမျိုးမျိုးအား ဖြန့်ဖြူးရောင်းချရာတွင် သက်ဆိုင်ရာဌာနများမှ ညွှန်ကြားထားသော ကုန်အညွှန်းအမှတ်အသားဆိုင်ရာလိုက်နာရမည့်အချက်များ၊ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ(သို့မဟုတ်)အခြားဘာသာတစ်ခုထက်ပို၍ တွဲလျှက်ရေးသားဖော်ပြရမည့်အချက်များအား စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စံချိန်စံညွှန်းများနှင့်ကိုက်ညီမှုမရှိသည့်  စားသောက်ကုန်ပစ္စည်းများ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာမပါရှိသည့် အသင့်သောက်အချိုရည်များ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)ခွင့်ပြုချက်မရှိသော သက်တမ်းလွန်နေသောအသင့်သောက်အချိုရည်အမျိုးမျိုးနှင့်စားသောက်ကုန်ပစ္စည်းများဖြန့်ဖြူးရောင်းချခြင်း မပြုစေရန် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများကို အကြံပြုဆွေးနွေးခဲ့ပြီး အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်အတွင်းကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ သုံးခွမြို့နယ်၌ စားသုံးဆီ အမျိုးမျိုးတွင်ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း ”

သုံးခွမြို့နယ်၊ မေလ (၉) ရက်

      ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ စည်ပင်သာယာမြို့မဈေးအတွင်း စားသုံးဆီအမျိုးမျိုး(ဗူးဆီ) ရောင်းချလျှက်ရှိသောဈေးဆိုင်များသို့ စားသုံးသူရေးရာ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၏ညွှန်ကြားချက်နှင့်အညီ စားသုံးသူပြည်သူများ စားသောက်ကုန်အမျိုးမျိုးတို့အားဝယ်ယူစားသုံးရာ၌ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် မေလ(၉)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်းသိရှိရပါသည်။

      ထိုသို့ ကွင်ဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ သုံးခွမြို့နယ်တာဝန်ခံဒေါ်စန်းစန်းမော်နှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများသည် စည်ပင်သာယာမြို့မဈေးအတွင်း၌ ကုန်ခြောက်၊ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချလျှက်ရှိသော စားသုံးဆီအမျိုးမျိုး(ဗူးဆီ)များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များ ပြည့်စုံမှုရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများမှညွှန်းကြားထားသောအချက်များ၊ အရည်အသွေး စံချိန် စံညွှန်းကိုက်ညီမှုမရှိသော စားသုံးဆီအမျိုးမျိုး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) ခွင့်ပြုချက်မပါရှိသော သက်တမ်းကုန်ဆုံးနေသောစားသုံးဆီအမျိုးမျိုးအပါအဝင် အခြားသောစားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်းများမပြုလုပ်ကြစေရန်နှင့်စားသုံး သူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများအား အကြံပြုဆွေးနွေးခဲ့ပြီး စားသုံးဆီအမျိုးမျိုး(ဗူးဆီ)များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

 

Pages

Subscribe to RSS - HighLight News