Main menu

HighLight News

Powered by Drupal

“စကားဝါ” အာလူးကြော်၊ ပြောင်းဖူးကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ စားသုံးရေးရာဌာနခွဲတာဝန်ခံ၊ ချောင်းဦးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း (၂)ဦးတို့သည် ၂၀၂၄ခုနှစ်၊ ဧပြီလ  ၂၅ ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ “စကားဝါ” အာလူးကြော်၊ ပြောင်းဖူးကြော်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူ ကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈) အရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များသိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ ၄၁။ (ခ) နှင့်(ဆ) တို့တွင်ဖော်ပြထားသည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများအပြင်  စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များကိုလည်း ရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိရာ (၂၄-၄-၂၀၂၄)ရက်နေ့၊  နံနက်(၁၁:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင် (၁)ဦးနှင့် အမှတ်(၅)ရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်(၂)ဦးတို့အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

      ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးက ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအကြောင်းများ၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ဌာနနှင့်သက်ဆိုင်သောအကြောင်းများကို မေးမြန်းစုံစမ်းနိုင်သည့် Consumer Call Center အကြောင်းများကို  အသိပညာပေးဆွေးနွေးခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး အသိပညာပေး

      စီပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူဌာနခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်ခိုင်မို့မို့နှင့်ဝန်ထမ်းများသည်  (၂၅-၄-၂၀၂၄)ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်သို့သွားရောက်၍  “အောင်ဇမ္ဗူ” ကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်စန်းစန်းကြည်နှင့်တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

     ထိုသို့အသိပညာပေးရာတွင် လုပ်ငန်းရှင်အား မိမိတို့အနေဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံသော ကုန်ပစ္စည်းများကိုသာရောင်းချရန်၊ ပေါင်မုန့်အစို၊ ကိတ်မုန့်များရောင်းချရာတွင် မှိုတက်ပစ္စည်းမဖြစ်စေရန်အတွက် ခင်းကျင်းရောင်းချသော ကုန်ပစ္စည်းများကို သန့်ရှင်းသပ်ရပ်စွာထားရှိရန်၊ တစ်ဆင့်ရောင်းချသောလုပ်ငန်းရှင်နှင့် ထုတ်လုပ်သောလုပ်ငန်းရှင်များသည် စားသုံးသူကာကွယ်ရေးဥပဒေပါ  အခန်း(၁၈) ကုန်အညွှန်းအမှတ်သားများပြည့်စုံစွာပါရှိရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်၏ တာဝန်များပါသော အသိပညာပေးလက်ကမ်းစာစောင်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ မြိုင်သာကျေးရွာ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်

    စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် သာစည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ ဧပြီလ (၂၃)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် သာစည်မြို့နယ်၊ မြိုင်သာကျေးရွာ၌ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ  အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

       စားသုံးသူရေးရာဦးစီးဌာန၊ သာစည်မြို့နယ်တာဝန်ခံ ဦးသက်ချိုဦးသည် စားသုံးသူကာကွယ်ရေးဥပဒေကို မြန်မာနိုင်ငံတွင်၂ ၀၁၄ခုနှစ်၊ မတ်လ(၁၄)ရက်နေ့တွင် စတင်ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုပါဝင်သော ဥပဒေအသစ်ကို ပြင်ဆင်အတည်ပြုပြဌာန်းခဲ့ကြောင်း၊ စားသုံးသူများအနေဖြင့် မိမိအခွင့်အရေးများသိရှိမှသာ ကုန်စည်(သို့) ဝန်ဆောင်မှုများအပေါ် ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်‌ လာပါက အရေးဆိုတိုင်ကြားနိုင်မည်ဖြစ်ကြောင်း၊ အခန်း(၉)ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များနှင့် အခန်း(၂၄)ပါ ပြစ်မှုပြစ်ဒဏ်များကို တိုင်ကြားမှုဥပမာများဖြင့် စားသုံးသူများသိရှိနားလည်စေရန် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး၊ လိုက်နာရမည့်တာဝန်များနှင့်ပတ်သက်၍ အကျယ်တဝင့်ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့ပြင် အခန်း(၁၈)၊ ပုဒ်မ(၄၁)ပါ ကုန်အညွှန်းအမှတ်အသားပြဋ္ဌာန်းချက်နှင့်ပတ်သက်၍ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသည့် ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူအသုံးပြုသင့်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့် ဗဟုသုတများကိုပြောကြားခဲ့ပြီး စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများရှိပါက DOCA Application နှင့် www.doca.gov.mm တွင် ဝင်ရောက်တိုင်ကြားနိုင်ကြောင်း ဆွေးနွေးခဲ့ပါသည်။  အဆိုပါဟောပြောပွဲတွင် ကျေးရွာနေပြည်သူစုစုပေါင်း (၆၈)ဦးတက်ရောက်ခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များလည်းဖြန့်ဝေပေးခဲ့ကာ ဟောပြောပွဲကို နံနက် (၁၁း၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာမြို့နယ်ရှိ ဆေးဝါးရောင်းချခွင့်လိုင်စင် (အသစ်) လျှောက်ထားသော ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ပေးရေးဥပဒေအရ ကုန်စည်(သို့)ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စားသုံးသူနစ်နာဆုံးရှုံးမှုများအပေါ် တိုင်ကြားလာ၍သော်လည်းကောင်း၊ စားသုံးသူများဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆရသောကုန်စည် (သို့) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍သော်လည်းကောင်း  စုံစမ်းစစ်ဆေးမှုများပြုလုပ်၍ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါသည်။

     စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် စစ်ဆေးရေးအရာရှိဦးဆောင်သော ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ ဧပြီလ (၂၄)ရက်နေ့ ၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မိတ္ထီလာမြို့နယ်ရှိ ဆေးဆိုင်(၁၁)ဆိုင်သို့သွားရောက်ကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

         အဆိုပါ ဆေးဝါးရောင်းချခွင့်လိုင်စင် (အသစ်)  လျှောက်ထားသော ဆေးဆိုင်များ၌ စစ်ဆေးရာတွင် ဆေးဝါးထားသိုမှု၊ ဖြန့်ဖြူးရောင်းချစနစ်များ၊ စံမညီဆေးဝါးများ၊ သက်တမ်းကုန်ဆေးဝါးများ၊ စပ်ဆေးများရောင်းချခြင်းရှိ/မရှိနှင့် သတ်မှတ်ချက်များကိုက်ညီမှုရှိ/မရှိ အခြေနေများအားစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

ဘိုကလေးမြို့နယ်၊ ဈေးကွက်အတွင်း၌ ဘိလပ်မြေဈေးနှုန်းနှင့် ပစ္စည်းလက်ကျန်အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်‌၊ ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူပူးပေါင်း၍    ၂၀၂၄ခုနှစ်၊ ဧပြီလ(၂၂)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဘိလပ်မြေဈေးနှုန်းနှင့်    ပစ္စည်းလက်ကျန်အခြေအနေများအား ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

      အဆိုပါကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည်     ဘိုကလေးမြို့နယ်အတွင်းရှိ ဘိလပ်မြေရောင်းချလျက်ရှိသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ ဘိလပ်မြေများကို ဈေးကွက်အတွင်းရောင်းချခြင်းရှိ/မရှိ မေးမြန်းစုံစမ်းခဲ့ရာ ဘိုကလေးမြို့နယ်အနေ ဖြင့် Alpha ဘိလပ်မြေ၊ Yojin ဘိလပ်မြေ၊ AAA တံဆိပ် ဘိလပ်မြေကိုသာ လှိုင်လှိုင်သုံးစွဲသဖြင့် မိမိတို့၏ဆိုင်တွင် ၎င်းဘိလပ်မြေအမျိုးအစားများကို ဝယ်ယူဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း၊ အခြားဘိလပ်မြေအမျိုးအစားများကို ဘိုကလေးဈေးကွက်အတွင်း ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းမရှိသဖြင့် ယခုအချိန်တွင် ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုမရှိကြောင်းနှင့် ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများမရှိကြောင်း  ပြန်လည်ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စားသုံးသူကာကွယ်ရေး Talk Show အစီအစဉ်ပြုလုပ်ခြင်း

    ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖျာပုံမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် Talk Show အစီအစဉ်ကို (၉-၄-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်   ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

       အဆိုပါ Talk Show အစီအစဉ်တွင် ဖျာပုံမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ  ဦးမင်းဇော်က စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့် တာဝန်ဝတ္တရားများကို ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်  စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊ ဈေးကွက်အတွင်းရှိ ကုန်စည်  ဈေးနှုန်းများနှင့်ပတ်သက်၍ စစ်ဆေးဆောင်ရွက်ခြင်းများအပြင် စားသုံးသူများအနေဖြင့် ကုန်စည်များအပေါ် မိမိတို့၏အခွင့်အရေးများဆုံးရှုံးနစ်နာမှုများရှိပါက ဖျာပုံခရိုင်၊ စားသုံးသူရေးဦးစီးဌာနသို့   လာရောက်တိုင်ကြားနိုင်ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့မှုကိုသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့နယ်ဆန်စက်လုပ်ငန်းရှင်အသင်းနှင့် တွေ့ဆုံဆွေးနွေးခြင်း

  ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် (၂၂-၄-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် မြို့နယ်ဆန်စက်လုပ်ငန်းရှင်အသင်းနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

         ထိုသို့ဆွေးနွေးခဲ့ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ ပြဋ္ဌာန်းချက်များအရ     စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်းကိုဖြစ်စေ၊ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုလိုကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်ပတ်သက်၍ အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ  ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ ကုန်သွယ်မှုပြုရန်နှင့် ထုတ်လုပ်မှုပြုရန်အလို့ငှာ ကုန်စည်  သို့မဟုတ် ဝန်ဆောင်မှုစပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများက သတ်မှတ်ထားသည့်   အရည်အသွေးစံသတ်မှတ်ချက်များအပေါ်အခြေခံ၍ အာမခံချက်ပေးခြင်း စသည့်အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များအား တာဝန်ရှိသူများနှင့်ကွင်းဆင်းခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ ဧပြီလ(၁၀)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

      အဆိုပါကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်တရားမဝင် စက်သုံးဆီအရောင်းဆိုင်များ တားဆီးစစ်ဆေးရေးအဖွဲ့ခေါင်းဆောင်ကိုယ်စား မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး  ဦးမိုးမင်းသန်းဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့်     သက်ဆိုင်ရာဌာနများက စစ်ဆေးကြရာတွင် စက်သုံးဆီများရောင်းချမှုရပ်တန့်မှုမရှိစေရေး၊ မှောင်ခိုဈေးကွက်မဖြစ်ပေါ်စေရေး၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချစေရေး၊ ဈေးနှုန်းများမြှင့်တင်ရောင်းချပါက အပြစ်ပေးအရေးယူမှုများဆောင်ရွက်နိုင်ရေး၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ဆွေးနွေးမှာကြားခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဝိုင်းမော်မြို့အတွင်းရှိ လပြည့်ဝန်းလူမှုကူညီရေးအဖွဲ့များအား အသိပညာပေးဟောပြော

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှ ဦးဘောမ်ဇုန်း (ရုံးအုပ်) သည် (၂၄-၄-၂၀၂၄) ရက်နေ့တွင် ဝိုင်းမော်မြို့နယ်၊ လပြည့်ဝန်းလူမှုကူညီရေးအဖွဲ့အသင်းသား/ အသင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဟောပြောရာတွင် ဦးဘောမ်ဇုံး(ရုံးအုပ်)က ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူကာကွယ်ရေး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏ အခွင့်အရေး(၈)ချက်နှင့် တာဝန်(၄)ချက်၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဥ်း၍ အာမခံချက်ပေးခြင်းအပေါ် စားသုံးသူကတောင်းဆိုနိုင်သောအခွင့်အရေး၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဥ်း၍ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များ၊ ကုန်ပစ္စည်းအမှတ်တံဆိပ်မှန်ကန်ရေးအတွက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပ‌‌‌ဒေနှင့်စပ်လျဥ်းသော ထုတ်ပြန်ထားသည့်အကြောင်းအရာများနှင့် အမှတ်တံဆိပ်လျှောက်ထားရာတွင် လိုအပ်သောအချက်အလက်များ၊ အီလက်ထရောနစ်အငွေ့ရှူစက်နှင့်ပတ်သက်၍ သိကောင်းစရာများ၊ အွန်လိုင်းတွင်ဈေးဝယ်ရာတွင် သတိထားရမည့်အချက်တို့ကို အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(ကချင်)

Pages

Subscribe to RSS - HighLight News