Main menu

မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ မြိုင်သာကျေးရွာ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် သာစည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ ဧပြီလ (၂၃)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် သာစည်မြို့နယ်၊ မြိုင်သာကျေးရွာ၌ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ  အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

       စားသုံးသူရေးရာဦးစီးဌာန၊ သာစည်မြို့နယ်တာဝန်ခံ ဦးသက်ချိုဦးသည် စားသုံးသူကာကွယ်ရေးဥပဒေကို မြန်မာနိုင်ငံတွင်၂ ၀၁၄ခုနှစ်၊ မတ်လ(၁၄)ရက်နေ့တွင် စတင်ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုပါဝင်သော ဥပဒေအသစ်ကို ပြင်ဆင်အတည်ပြုပြဌာန်းခဲ့ကြောင်း၊ စားသုံးသူများအနေဖြင့် မိမိအခွင့်အရေးများသိရှိမှသာ ကုန်စည်(သို့) ဝန်ဆောင်မှုများအပေါ် ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်‌ လာပါက အရေးဆိုတိုင်ကြားနိုင်မည်ဖြစ်ကြောင်း၊ အခန်း(၉)ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များနှင့် အခန်း(၂၄)ပါ ပြစ်မှုပြစ်ဒဏ်များကို တိုင်ကြားမှုဥပမာများဖြင့် စားသုံးသူများသိရှိနားလည်စေရန် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး၊ လိုက်နာရမည့်တာဝန်များနှင့်ပတ်သက်၍ အကျယ်တဝင့်ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့ပြင် အခန်း(၁၈)၊ ပုဒ်မ(၄၁)ပါ ကုန်အညွှန်းအမှတ်အသားပြဋ္ဌာန်းချက်နှင့်ပတ်သက်၍ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသည့် ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူအသုံးပြုသင့်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့် ဗဟုသုတများကိုပြောကြားခဲ့ပြီး စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများရှိပါက DOCA Application နှင့် www.doca.gov.mm တွင် ဝင်ရောက်တိုင်ကြားနိုင်ကြောင်း ဆွေးနွေးခဲ့ပါသည်။  အဆိုပါဟောပြောပွဲတွင် ကျေးရွာနေပြည်သူစုစုပေါင်း (၆၈)ဦးတက်ရောက်ခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များလည်းဖြန့်ဝေပေးခဲ့ကာ ဟောပြောပွဲကို နံနက် (၁၁း၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)