Main menu

HighLight News

Powered by Drupal

ပြည်မြို့ပေါ်ရှိ ဆီစက်နှင့် ဘူးသွပ်စားသုံးဆီလုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေးဟောပြောဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင်အတွင်းရှိ စားသုံးဆီလုပ်ငန်းရှင်ကြီးများအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များကိုသိရှိလိုက်နာနိုင်စေရန်နှင့် စားသုံးဆီများအား သယ်ယူဖြန့်ဖြူးခြင်းဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်ကို သိရှိလိုက်နာနိုင်စေရေးရည်ရွယ်၍ ၂၀၂၄ခုနှစ်၊ မေလ (၂)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ပြည်ခရိုင်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ပြည်ခရိုင်အတွင်းရှိ စားသုံးဆီလုပ်ငန်းရှင်ကြီးများအား စားသုံးသူအသိပညာပေးဟောပြောဆွေးနွေးခြင်းဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါဆွေးနွေးပွဲသို့ စားသုံးဆီလုပ်ငန်းရှင် (၁၆)ဦးတက်ရောက်ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးက စားသုံးဆီလုပ်ငန်းရှင်ကြီးများအနေဖြင့် စားသုံးဆီရောင်းချဖြန့်ဖြူးခြင်းဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် စားသုံးဆီများသယ်ယူဖြန့်ဖြူးခြင်းဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များကို အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးခြင်းဆောင်ရွက်ခဲ့ပြီး ဆွေးနွေးပွဲသို့တက်ရောက်လာသော လုပ်ငန်းရှင်ကြီးများကလည်း ပြန်လည်မေးမြန်းဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

      စားသုံးသူပြည်သူများအတွက် စားသုံးကုန်စည်များ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုအခြေအနေတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့်ပူးပေါင်းကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၄ခုနှစ်၊ ဧပြီလ (၁၆)ရက်နေ့မှ (၃၀)ရက်နေ့အတွင်း၌ ပြည်ခရိုင်၊ ပြည်မြို့၊ အောင်မင်္ဂလာဈေးရှိ ကုန်စုံဆိုင်များရှိ စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း၊ ရွှေတောင်မြို့၊ ယွန်းတန်းရပ်ကွက်၊ ကုန်စုံဆိုင်များရှိ စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း၊ ပေါက်ခေါင်းမြို့၊ မြို့ပေါ်ဆေးဆိုင်များရှိ ဆေးအမျိုးမျိုးကိုလည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို သက်ဆိုင်ရာ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသွားရောက်၍ ကုန်အညွှန်းအမှတ်အသားပါ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိသော ကုန်စည်များကို တင်သွင်းရောင်းချခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပြီး စောင့်ကြည့်စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီမှုရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၊ ဈေးများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများ ဟောပြောဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရပ်ကွက်/ ကျေးရွာနေ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးရည်ရွယ်၍ ခရိုင်အတွင်းမြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာများတွင် အသိပညာပေးဟောပြောဆွေးနွေးခြင်းများကို အင်တိုက်အားတိုက်လုပ်ဆောင်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၄ခုနှစ်၊ ဧပြီလ(၁၆)ရက်နေ့မှ (၃၀)ရက်နေ့အတွင်း ပြည်မြို့နယ်ရှိ အောင်မင်္ဂလာဈေးသို့လည်းကောင်း၊ ရွှေတောင်မြို့နယ်ရှိ မင်းတဲကျွန်းအုပ်စု၊ မင်းတဲကျွန်းရွာသို့လည်းကောင်း၊ ပန်းတောင်းမြို့နယ်ရှိ ဝန်လိုရပ်ကွက်နှင့် ပေါက်ခေါင်းမြို့နယ်ရှိအမှတ် (၁) ရပ်ကွက်သို့ သက်ဆိုင်ရာမြို့နယ်တာဝန်ခံများနှင့် ဝန်ထမ်းများသည် မြို့နယ်ပူးပေါင်းမိတ်ဖက်ဌာနဆိုင်ရာများနှင့်အတူသွားရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ကြပါသည်။

      အဆိုပါအသိပညာပေးဟောပြောခြင်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာမြို့နယ်တာဝန်ခံများက စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များ၊ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့်လိပ်စာ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ်ထုတ်ပြန်ထားသော ကုန်စည်များအား ရွေးချယ်ဝယ်ယူခြင်းမပြုရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်သောကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန် အသိပညာပေး ဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး စားသုံးသူအသိပညာပေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များလည်း ဝေငှပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်အတွင်းရှိ လုပ်ငန်းရှင်များ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားမှန်ကန်ပြည့်စုံစွာဖော်ပြမှုရှိစေရေး ရှင်းလင်းဆွေးနွေး

     ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများအားလုံးသည် ကုန်စည်နှင့် ဝန်ဆောင်မှုများကိုအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးအတွက် ခရိုင်အတွင်းရှိ  ထုတ်လုပ်လျက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိစေရေးရည်ရွယ်၍ ဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၄ခုနှစ်၊ ဧပြီလ (၁၆)ရက်နေ့မှ (၃၀)ရက်နေ့အတွင်း ပြည်မြို့၊ အောင်ဆန်းပြည်သာယာရပ်ကွက်၊ ခရမ်းကုန်းရပ်ရှိ ဦးတင်အောင်ဖြူ၏ ဝေဖြိုးပဲကြော်လုပ်ငန်းသို့လည်းကောင်း၊  ရွှေတောင်မြို့ရှိ ကြာနီကန်ရပ်ကွက်၊ ဆေးရိုးတန်းလမ်းရှိ ဦးခင်မောင်သန်း၏ ဧဝရက်ဆီစက်နှင့် ထန်းကုန်းအုပ်စု၊ ကြက်ကုန်းရွာရှိ ဦးကျော်ကျော်ဦး၏ လရောင်ခြည်ဆန်စက်သို့လည်းကောင်း၊ ပန်းတောင်းမြို့၊ ဝန်လိုရပ်ကွက်၊ သိပ္ပံလမ်းရှိ ဦးစိုးမင်း၏ သဘာဝအရသာ ယိုမျိုးစုံလုပ်ငန်းနှင့် လဲကျေးရွာရှိ ဦးသန်းနိုင်ဦး၏ ဘရဏီကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းများသို့ သက်ဆိုင်ရာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသွားရောက်ကြ၍ မိမိတို့ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချင်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ ကုန်စည်အလိုက် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ၊ ပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်းကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့်အတူ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထူးအလေးထားလိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

“ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး”

       ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ဆေးဝါးပစ္စည်းအရောင်းဆိုင်များအား (၂၄-၄-၂၀၂၄)ရက်နေ့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနတို့မှ ဆေးဆိုင်များသို့ကွင်းဆင်း၍ ကျန်းမာရေးဦးစီးဌာနမှချမှတ်ပေးသော  စည်းကမ်းများအတိုင်းရောင်းချကြရန်နှင့် ပိုးသတ်‌ဆေး၊ သောက်ဆေး၊ ထိုး‌‌ဆေးများအား ပြည်သူများအား အလွယ်တကူရောင်းချခြင်းမပြုကြရန်နှင့် ဆရာဝန်ထောက်ခံချက်လက်မှတ်ပါမှသာ ရောင်းချပေးရန်ရှင်းလင်းပြောကြားခဲ့ပါသည်။ မိမိတို့ဆေးဆိုင်မှ ဝယ်ယူတင်သွင်းသော ဆေးအမျိုးအစားအလိုက်နှင့် ဆေးကုမ္ပဏီအမည်၊ တစ်ရက်ရောင်းချနိုင်မှုဆေးအမျိုးအစား၊ ဆေးလက်ကျန်စာရင်းများအား လယ်ဂျာစာရင်းထားရှိ၍ လကုန်ရက်နေ့တွင် ခရိုင်ပြည်သူ့ကျန်းမာ‌ရေးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနသို့ ပေးပို့ပေးရန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က လုပ်ငန်းလိုင်စင်သတ်တမ်းကုန်သော ဆေးဆိုင်များအား လိုင်စင်သက်တမ်းတိုးရန်မှာကြားပြီး စားသုံးသူ‌‌ရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံကလည်း ပြည်သူများလက်ဝယ်သို့ သင့်တင့်သောစျေးနှုန်းများဖြင့်ရောင်းချပေးရန်နှင့် စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိမှုမရှိစေရေး ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်အတွင်းရှိ ဆေးပစ္စည်းအရောင်းဆိုင်(၁၅)ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်အတွင်းရှိ ဆီစက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

       စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမတွင် (၆-၅-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ပဲခူးခရိုင်အတွင်းရှိ ဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။

        အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီးဦးစီးမှူးက ဈေးကွက်အတွင်း စားသုံးဆီရောင်းချသည့် ကိုယ်စားလှယ်များသည် ပြည်သူများထံသို့ စားသုံးဆီရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချရေး၊ သတ်မှတ်ဈေးနှုန်းအတိုင်း ရေးဆွဲထားသည့်ဗီနိုင်းများအား နေ့စဉ်ချိတ်ဆွဲရောင်းချနိုင်ရေးနှင့် ခွဲတမ်းရရှိသည့် ဆီပမာဏကိုလည်း ပြည်သူများထံ အပြည့်အဝရောင်းချနိုင်ရေးကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ဒုတိယတိုင်းဒေသကြီးဦးစီးမှူးက ဈေးကွက်အတွင်းရောင်းချနေသော စားသုံးဆီအမျိုးမျိုးတို့တွင်လည်း စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြနိုင်ရေးနှင့် ရောနှောဆီများနှင့်စပ်လျဉ်း၍ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များကိုဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာကြသည့် ဆီလုပ်ငန်းရှင်များက ပြန်လည်ဆွေးနွေးခဲ့မှုအပေါ် တိုင်းဒေသကြီးဦးစီးမှူးက ဖြည့်စွက်အကြံပြုဆွေးနွေးခြင်းများပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ ဆီစက်လုပ်ငန်းရှင်(၂၃) ဦးတက်ရောက်ခဲ့ကကြပြီး နံနက် (၁၁:၃၀) နာရီအချိန်တွင် အစည်းအဝေးပြီးမြောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်အတွင်းရှိ ဆန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

      စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် (၆-၅-၂၀၂၄) ရက်နေ့၊ နံနက် (၁၁:၄၅)နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ပဲခူးခရိုင်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။

      အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီးဦးစီးမှူးက ဆန်/စပါးစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏သိုလှောင်ရုံများကို အမြန်ဆုံးမှတ်ပုံတင်ထားရှိထားနိုင်ရေးနှင့် ပတ်သက်သည့်လုပ်ငန်းဆောင်တာများရှင်းလင်းပြောကြားခဲ့၍ အခက်အခဲဖြစ်ပေါ်ပါက ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ဈေးကွက်အတွင်းရောင်းချနေသော ဆန်နှင့် ဆန်ထွက်ပစ္စည်းများ၏ ဈေးကွက်ဈေးနှုန်းအခြေအနေတို့ကိုမေးမြန်း၍ လုပ်ငန်းရှင်များ၏ ဆွေးနွေးချက်များကို ပြန်လည်ဆွေးနွေးခြင်းများပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ ပဲခူးခရိုင်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်နှင့် ဆန်ကုန်သည် (၂၉) ဦးတက်ရောက်ကြ၍ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် အစည်းအဝေးပြီးမြောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် MSMEs ထုတ်ကုန်များ ဈေးရောင်းပွဲတော်ကျင်းပပြုလုပ်

       ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ ဦးဆောင်မှုဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား MSMEs စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်တွင်းပြည်ပဈေးကွက်ရရှိရေးတို့ကိုရည်ရွယ်၍ ၂၀၂၄ခုနှစ်၊ မေလ (၁) ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့အလုပ်သမားနေ့ (Mayday) အထိမ်းအမှတ်အနေဖြင့် MSMEs ဈေးရောင်းပွဲတော်ကို ၂၀၂၄ခုနှစ်၊ ဧပြီလ ၃၀ရက်နေ့မှ မေလ ၂ရက်နေ့ထိ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ပြည်ခရိုင်၊ သာယာဝတီခရိုင်၊ နတ်တလင်းခရိုင်၊ ညောင်လေးပင်ခရိုင်၊ (၆) ခရိုင်ရှိ MSMEs လုပ်ငန်းများမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော ဒေသထုတ်ကုန်နှင့် ဒေသထွက်အစားအစာများကို ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်း၊ ရှင်စောပုရပ်ကွက်၊ ၃၃လမ်းတွင် ဆိုင်ခန်းပေါင်း (၁၁၀) ဖြင့် လုပ်ငန်းအမျိုးအစား (၁၀၀၀)ကျော်အား သတ်မှတ်မူရင်းဈေးနှုန်းများဖြင့် ခင်းကျင်းပြသရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

“ ကော့မှူးမြို့နယ်၌ စားအုန်းဆီဖြန့်ဖြူးရောင်းချခြင်းအား စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန် သက်ဆိုင်ရာဌာနများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း ”

      မြန်မာနိုင်ငံဆီကုန်သည်များအသင်းက ရောင်းချခွင့်ပေးထားသည့် စားအုန်းဆီလက်လီ/ လက်ကားအရောင်းကိုယ်စားလှယ်များနှင့် စားအုန်းဆီတရားမဝင်သိုလှောင်ဖြန့်ဖြူး၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုစိစစ်ဖော်ထုတ်နိုင်ရေးအတွက် စိစစ်ရေးအဖွဲ့မှတာဝန်ရှိသူများသည် စားအုန်းဆီဖြန့်ဖြူးရောင်းချမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကော့မှူးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ၂၀၂၄ခုနှစ်၊ မေလ(၂)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ကျင်းပခဲ့ကြောင်းသိရသည်။

       အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကော့မှူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဒေဝက ကော့မှူးမြို့နယ်တွင် လက်လီ/ လက်ကားရောင်းချခွင့်ရရှိထားသည့် ဆီအရောင်းကိုယ်စားလှယ်များအနေဖြင့် မိမိတို့ထုတ်ယူရရှိသည့်ဆီခွဲတမ်းများကို ဖြန့်ဖြူးရောင်းချရာ၌ သတ်မှတ်ထားသော ရည်ညွှန်းဈေးကိုအခြေခံ၍ သယ်ယူစရိတ်ပါ (၂)ရာခိုင်နှုန်းအမြတ်ယူပြီး ဖြန့်ဖြူးရောင်းချကြရန်နှင့် တရားမဝင်သိုလှောင်ထားခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ကြရန် အသိပေးရှင်းလင်းပြောကြားဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းက မိမိတို့၏ စားသုံးသူရေးရာဦးစီးဌာနမှလည်း စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကိုဖွဲ့စည်းကာ စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူစရိတ်၊ ဘဏ်စရိတ်၊ အခွန်အခများထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးကို အပတ်စဉ် တနင်္လာနေ့တွင် ထုတ်ပြန်ပေးလျက်ရှိကြောင်း စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စားအုန်းဆီ လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချမှုများကို စဉ်ဆက်မပြတ် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ကွင်းဆင်းစိစစ်ကြပ်မတ်စစ်ဆေးဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားထားပြီးဖြစ်ကြောင်း ရှင်းလင်းပြောကြားဆွေးနွေးခဲ့သည်ဟုသိရသည်။

     အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် စားအုန်းဆီလက်လီ/ လက်ကားအရောင်းကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်ဇုန်ရှိ MM Interplast Co.,Ltd ပလတ်စတစ်စက်ရုံအား ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးအောင်တင်စိုး၊ ခရိုင်ဦးစီးမှူးပါ (၂)ဦးတို့သည် လှိုင်သာယာမြို့နယ်၊ အမှတ်(၁၂၀/၁၂၁)မင်းဧရာလမ်း၊ ရွှေသံလွင်ဇုန်ရှိ MM Interplast Co.,Ltd ပလတ်စတစ်စက်ရုံသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် လုပ်ငန်းအမျိုးအစား၊ တစ်လထုတ်လုပ်သည့်ပမာဏ၊ ရင်းနှီးမြှုပ်နှံမှု (ကျပ်သန်း)၊ လုပ်သားဦးရေ၊ ဖြန့်ဖြူးသည့်ဒေသနှင့် စက်ရုံတွင်တွေ့ကြုံရသော အခက်အခဲ (ကုန်ကြမ်း၊ လျှပ်စစ်၊ စက်သုံးဆီ၊ လုပ်သား၊ အခြား) ပတ်သက်သည့် အကြောင်းအရာများမေးမြန်းရာတွင် လျှပ်စစ်မီးရရှိမှု၊ ကုန်ကြမ်းနှင့်သွင်းကုန်လိုင်စင်အခဲများရှိကြောင်း ပြောကြားခဲ့ပြီး ထုတ်လုပ်သည့်ကုန်ပစ္စည်းတွင် စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်ဖြစ်သော စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများ ပြည့်စုံစွာပါရှိရန် အဓိကထားလုပ်ဆောင်သွားရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့မှုကိုသိရှိရပါသည်။

DOCA(ရန်ကုန်)

 

         

Pages

Subscribe to RSS - HighLight News