Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရေစကြိုမြို့တွင် ဆောင်းကုလားပဲစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်

           မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်း မြစ်ရေဝင်ရောက်ရာ ကျေးရွာ များတွင် ဆောင်းသီးနှံကုလားပဲများကို အများအပြား စိုက်ပျိုးလျက်ရှိပါသည်။ ကုလားပဲသီးနှံ စိုက်ပျိုးရန် အတွက် တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ထွန်ယက်ခ၊ သွင်းအားစုနှင့် လုပ်အားခများ အပါအဝင် စုစုပေါင်း ကျပ်(၃၅၀၀၀၀)ခန့်ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၁၂/ ၁၅)တင်းခန့် ပျှမ်းမျှထွက်ရှိကြောင်း၊ ကုလားပဲစတင်ထွက်ပေါ်ချိန်တွင် ဈေးနှုန်းအနေဖြင့် ဟော်လန် ကျပ်(၈၅၀၀၀)၊ (v2)ကျပ်(၈၈၀၀၀)နှင့် (929)ကျပ်(၈၆၀၀၀)ခန့်များဖြင့် အဖွင့်လှခဲ့ပါသည်။

            လက်ရှိအခြေအနေတွင် ကုလားပဲဟော်လန် တစ်တင်းလျှင် ကျပ်(၈၀၀၀၀)၊ (v2) တစ်တင်း လျှင် ကျပ်(၈၀၀၀၀)နှင့် (929)တစ်တင်းလျှင် ကျပ်(၈၀၆၀၀)ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ကျပ်(၄၅၀၀၀၀)ခန့်ရရှိကြောင်း ကုလားပဲစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

 DOCA(မကွေး)

 

လက်ပံတန်းမြို့ ဖွဲနု ဈေးကွက်အခြေအနေ

           ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင်ရှိသော ငါးမွေးကန်များ ၏ အဓိကအစားအစာသည် ဖွဲနုများဖြစ်သည်။ သာယာဝတီခရိုင်အတွင်းရှိ ဆန်စက်များ ကြိတ်ခွဲထုတ်လုပ်ရာမှထွက်ရှိသော ဆန်ထွက်ပစ္စည်းဖွဲနုများကို ဒေသတွင်းတိရိစ္ဆာန် အစားအစာ အဖြစ် အသုံးပြုလျက်ရှိသကဲ့သို့ အခြားသောစားသောက်ကုန်များအတွက်လဲ အသုံးပြုလျက် ရှိကြောင်း၊ အခြားသောတိုင်းနှင့်ပြည်နယ်များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။ ၂၀၂၄ခုနှစ် မတ်လနောက်ဆုံးသီတင်းပတ်တွင် ဖွဲနုတစ်ပေါင်လျှင် ၂၆၅ကျပ်နှုန်းဖြင့် ဖွဲနု၆၀ပေါင် တစ်အိတ်လျှင် ၁၅၉၀၀ကျပ် ဈေးရှိခဲ့ရာမှ ယခုဧပြီလ‌နောက်ဆုံးပတ်တွင် ဖွဲနု တစ်ပေါင်လျှင် ၂၅၀ ကျပ် ဈေးသို့ကျဆင်းလျက်ရှိရာ ဖွဲနု (၆၀)ပေါင်တစ်အိတ်လျှင် (၁၅၀၀၀)ကျပ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ဒေသတွင်းဆန်/စပါးကုန်သည်များထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များ၌ မတ်ပဲဈေးနှုန်းနှင့် စီးထွက်မှုအခြေအနေ

          ပဲခူးတိုင်း‌‌ဒေသကြီး သာယာဝတီခရိုင်အတွင်းရှိမြို့နယ်များတွင် မတ်ပဲဈေးနှုန်းမှာ  ၂၀၂၄ခုနှစ် မတ်လနောက်ဆုံးသီတင်းပတ်တွင် ပိဿာ( ၂၀ ) တစ်တင်းလျှင် အနိမ့်ဆုံး( ၉၃၅၀၀) ကျပ်ခန့်နှင့် အမြင့်ဆုံး (၉၃၈၀၀) ကျပ် ထိရှိပြီး ဧပြီလနောက်ဆုံးပတ်  အတွင်းမှာတော့  ပိဿာ(၂၀) တစ်တင်းလျှင် အနိမ့်ဆုံး (၁၀၂၀၀၀)ကျပ်ခန့်မှ အမြင့်ဆုံး (၁၀၃၃၀၀)ကျပ်ခန့်နှင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။  စီးထွက်မှုအနေဖြင့် မတ်လအတွင်း ခရိုင်အတွင်းမှ ရန်ကုန်တိုင်းဒေသကြီး အတွင်းသို့ အိတ်လုံးရေ (၁၄၈၁၀၀) ခန့်ထိတင်ပို့နိုင်ခဲ့ပြီး ယခုဧပြီလနောက်ဆုံးသီတင်းပတ်ထိ တင်ပို့နိုင်မှု အိတ်လုံးရေ (၁၄၄၈၅၀) ခန့်ထိ  တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

သဲကုန်းမြို့နယ်၏ ရာသီစာ မကျည်းရွက်နု ဈေးကွက်

             နွေရာသီ မကျည်းရွက်ကြမ်းများ ကြွေကျကာ မကျည်းရွက်နုသစ်များဝေချိန်သို့ ရောက်ရှိ လာပြီဖြစ်၍ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ဈေးကွက်အတွင်းသို့ မကျည်း ရွက်နုများ ဝင်ရောက်လာရာ ၂၀၂၄ခုနှစ် ဧပြီလစတုတ္တပတ်တွင် မကျည်းရွက်နု တစ်ပိဿာ ကို လက်ကား (၅၀၀၀)ကျပ်၊ လက်လီ (၁၀)သား (၅၅၀)ကျပ်ဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။ မကျည်းရွက်နုများ လှိုင်လှိုင်ထွက်ရှိပါက ဒေသတွင်းကုန်စိမ်းဒိုင်မှတဆင့် ရန်ကုန်မြို့သို့ တင်ပို့ ရောင်းချကြောင်းလည်းသိရပါသည်။

          မကျည်းပင်သည် အသီး၊ အရွက်၊ အခေါက်စသည်ဖြင့် တစ်ပင်လုံးအသုံးဝင်ပြီး ယခုလို နွေရာသီတွင် မကျည်းရွက်နုများ အသုပ်သုပ်၍ဖြစ်စေ၊ ဟင်းရည်ချက်၍ဖြစ်စေ၊ ဟင်းချက်၍ဖြစ်စေ စားသုံးပေးပါက ခံတွင်းတွေ့ပြီး ထမင်းမြိန်စေသည့် အစားအစာဖြစ်ပြီး မကျည်းရွက်သည် လေ၊ သလိပ်၊ ပိုး၊ အဆိပ်ကို နိုင်ကြောင်း ဥတုဘောဇန ဆေးကြမ်းတွင်ဖေါ်ပြထားကြောင်း သိရပါသည်။

DOCA(ပဲခူး)

နတ်တလင်းမြို့နယ်အတွင်းဖြစ်ပေါ်နေသောကုလားပဲလုံး၊ ပဲခြမ်း၊ပဲမှုန့် ဈေးနှုန်းအခြေအနေ

            ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်း ရောင်းချလျက် ရှိသော   ကုလားပဲနှင့်ပဲခြမ်း၊ ပဲမှုန့်ဈေးနှုန်းများမှာ ၂၀၂၄ခုနှစ် ဧပြီလတစ်လလုံးတွင် ဈေးနှုန်း ပြောင်းလဲမှု မရှိဘဲတည်ငြိမ်လျက် ရှိနေပါသည်။ ၂၀၂၄ခုနှစ်၊ ဧပြီလစတုတ္တပတ်တွင် ကုလားပဲ အလုံး တစ်ပိဿာလျှင်(၅၂၀၀)ကျပ် ၊  ကုလားပဲခွဲခြမ်းစိမ်းတစ်ပိဿာလျှင် (၆၁၀၀)  ကျပ်၊ ပဲမှုန့်စိမ်း တစ်ပိဿာလျှင် (၆၆၀၀)ကျပ်၊ ပဲမှုန့်အကျက်တစ်ပိဿာလျှင် (၆၉၀၀)ကျပ်နှုန်းဖြင့် ရောင်းချနေ ပါသည်။ ယခုရောင်းချသောဈေးနှုန်းမှာ  လက်လီဈေးနှုန်းများသာဖြစ်ပြီး (၅) ပိဿာနှင့်အထက် ဝယ်ယူလျှင်  လက်ကားဈေးမှာ ကုလားပဲ (အလုံး)တစ်ပိဿာလျှင်   (၅၀၀၀)   ကျပ်  ၊  ကုလားပဲ (ခွဲခြမ်းစိမ်း) တစ်ပိဿာလျှင်   (၅၉၀၀)   ကျပ်နှုန်း ၊   ပဲမှုန့်(စိမ်း)  တစ်ပိဿာလျှင်  (၆၄၀၀)  ကျပ် ၊ ပဲမှုန့်(အကျက်) တစ်ပိဿာလျှင် (၆၇၀၀)ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်း ကုလားပဲဝယ်ယူ ကြိတ်ခွဲရောင်းချနေသော ပဲခွဲစက်ပိုင်ရှင်တစ်ဦးထံမှသိရှိရပါသည်။

DOCA(ပဲခူး)

ပေါင်းတည်မြို့နယ်အတွင်းရှိ သား/ငါးဈေးနှုန်းခြေအနေ

            ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်းရှိ ရွှေတည်ဈေးနှင့် မြို့မဈေးအတွင်း ရောင်းချလျက်ရှိသော သား/ ငါးဈေးနှုန်းများမှာ ၂၀၂၄ခုနှစ်၊ ဧပြီလစတုတ္တပတ်တွင် အမဲသား တစ်ပိဿာ (၁၅၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာ (၁၅၀၀၀)ကျပ်၊ ဗမာကြက်တစ်ပိဿာ (၂၀၀၀၀) ကျပ်၊ CPကြက်တစ်ပိဿာ (၁၄၀၀၀)ကျပ်၊ ငါးမြစ်ချင်းအကောင်ကြီးတစ်ပိဿာ (၁၅၀၀၀) ကျပ်၊ ငါးမြစ်ချင်းအကောင်အလတ်တစ်ပိဿာ(၁၂၀၀၀-၁၀၀၀၀)ကျပ်၊ ဘဲဥတစ်လုံး (၃၅၀-၄၀၀)ကျပ်၊ ကြက်ဥ တစ်လုံး ( ၂၅၀-၂၇၀)ကျပ်ဈေးနှုန်းရှိကြောင်း သိရှိရသည်။

               ပေါင်းတည်မြို့၏ ၂၀၂၄ခုနှစ်၊ ဧပြီလစတုတ္တပတ် သား/ငါးဈေးနှုန်းများမှာ  ဧပြီလ တတိယပတ် သား/ငါးဈေးနှုန်းများနှင့် ဈေးနှုန်းကွာခြားခြင်းမရှိဘဲ ဈေးနှုန်းတည်ငြိမ်လျက် ရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ပဲခူး)

ကျောက်ဖရုံသီးကုန်ကြမ်းမှသည် ကျောက်ဖရုံယိုသို့

           ကျောက်ဖရုံသီး ကုန်ကြမ်းမှ ကုန်ချောသို့ ဆိုသည်မှာ ကျောက်ဖရုံသီးမှ ကျောက်ဖရုံယို ပြုလုပ်ခြင်းကိုဆိုလိုပါသည်။ အချို့ဒေသများတွင် ကျောက်ဖရုံသီးကို အရောင်းအဝယ် ဈေးကွက်မရှိ ပါက စွန့်ပစ်ရသည့် အခြေအနေရှိပါသည်။ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ဝက်ပုတ်ရွာတွင် ကျောက်ဖရုံယိုလုပ်ငန်းရှိသည့်အတွက် ထိုကဲ့သို့စွန့်ပစ်ရသည်ဟူ၍မရှိပါ။ ကျောက်ဖရုံသီးကို မိုးတွင်းကာလတွင် စိုက်ပျိုးသူများပြားသော်လည်း ယခုလို နွေရာသီတွင် စိုက်ပျိုးသူ နည်းပါး၍ ရှားပါးလှပါသည်။

           ယခုလိုနွေရာသီတွင် ကျောက်ဖရုံသီးကို ပိဿာချိန်ဖြင့် ဝယ်ယူရပြီး တစ်ပိဿာလျှင်  (၅၅၀)ကျပ် ပေး၍ဝယ်ယူရကြောင်း ကျောက်ဖရုံယိုလုပ်ငန်းရှင်ထံမှသိရပါသည်။ ကျောက်ဖရုံယို ပြုလုပ်ရန် အတွက် ကျောက်ဖရုံသီးကို အခွံခွာ အစေ့ထုတ်ပြီး အတုံးဖြတ်စက် အသုံးပြု၍ အတုံးကလေးများရရှိအောင် ပြုလုပ်ပေးရပါသည်။ ထို့နောက်ကန်ထဲတွင် ထုံးကျက်တက်ရေဖြင့် (၁)ရက်စိမ်၊ (၁)ရက်ရေဆေးပြီး အနည်းငယ်နူးသွားအောင် ပြုတ်ပြီး ရေစစ်ကာ သကြားနယ်၍ တစ်ရက်ခန့်နှပ်ကာ နောက်ဆုံးမှ ယိုထိုးပြီးသည့်အဆင့်ကို ရောက်ရှိပါသည်။

        ကျောက်ဖရုံယိုကို အများအပြားစားသုံးရန် မသင့်သော်လည်း ရေနွေးကြမ်းဖြင့် အချို တည်းရန် သွားရေစာအဖြစ် စားသုံးကြပါသည်။ ၂၀၂၄ခုနှစ် ဧပြီလနောက်ဆုံးပတ်တွင်‌ ရောင်းချ သောဈေးနှုန်းအနေဖြင့် ကျောက်ဖရုံယိုကို (၁၇)ကျပ်သားတစ်ဗူးလျှင် ရောင်းဈေး(၁၇၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပေါင်းတည်မြို့နယ်တွင် ပြောင်းဖူး (ဖူးစားပြောင်း) စိုက်ပျိုးထွက်ရှိမှုနှင့် တွက်ခြေကိုက်မှု

          ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ပေါင်းတည်မြို့နယ်တွင် ပြောင်းဖူးသီးနှံ ကို တစ်နှစ်ပတ်လုံး စိုက်ပျိုးလျက်ရှိရာ ပေါင်းတည်မြို့နယ် စားသုံးသူရေးဦးစီးဌာနမှ ဝန်ထမ်းများသည် (၂၉.၄.၂၀၂၄)ရက်နေ့တွင် ပေါင်းတည်မြို့နယ် ဝက်ပုတ်ကျေးရွာသို့ သွားရောက်၍ ပြောင်းဖူး စိုက်ပျိုး သူတောင်သူများနှင့် သွားရောက် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

         ထိုသို့တွေ့ဆုံမေးမြန်းရာတွင် ဖူးစားပြောင်း တစ်ဧက စိုက်ပျိုးမည်ဆိုပါက မျိုးစေ့ထုပ် (၃)ထုပ် အသုံးပြုရပြီး တစ်ထုပ် (၂၅၀၀၀)ကျပ်ဖြင့် (၃)ထုပ် (၇၅၀၀၀)ကုန်ကျပါကြောင်း၊ မြေသြဇာ တန်ဖိုး ၊ အလုပ်သမားခ၊ စိုက်ပျိုးခ၊ ပေါင်းနှုတ်ခ၊ ခူးဆွတ်ခ) ကုန်ကျစရိတ်မှာ ၂သိန်းကျပ် ခန့်ကုန်ကျပြီး ၊ စုစုပေါင်းကုန်ကျစရိတ် ၃သိန်းကျပ်ခန့် ကုန်ကျကြောင်းသိရပါသည်။ စိုက်ပျိုးပြီး တစ်လခွဲခန့်ကြာပါက  စတင်ခူးဆွတ်ရောင်းချနိုင်ပါကြောင်း ၊ ထွက်ရှိလာသော ပြောင်းဖူး များကို တစ်ဖူး ၂၀၀ ကျပ်မှ ၃၀၀ကျပ်ခန့် ရောင်းချရပြီး တစ်ဧကလျှင် အဖူးရေ (၄၀၀၀) ခန့်ထွက်ရှိ ပါကြောင်း ထွက်ရှိလာသော ပြောင်းဖူးများကို ပေါင်းတည်မြို့နယ်သို့ တင်ပို့ရောင်းချရပါကြောင်း အကျိုးအမြတ်အားဖြင့် တစ်ဧက ၆သိန်းဝန်ကျင်ခန့်ရရှိသဖြင့် ပြောင်းဖူးစိုက်ပျိုးခြင်းဖြင့် တောင်သူ များ အကျိုးအမြတ်များ ရရှိနေပါကြောင်း ပြောင်းစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

ပေါင်းတည်မြို့နယ်၏ သစ်သီးဝလံ ဈေးနှုန်းအခြေအနေ

           နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ဈေးကွက်အတွင်းရှိ သစ်သီးဝလံများမှာ  ၂၀၂၄ခုနှစ် ဧပြီလနောက်ဆုံးပတ်တွင်ရောင်းချသော ဈေးနှုန်းများအရ ဒူးရင်းသီးတစ်လုံး (၇၅၀၀) ကျပ်၊ မင်းကွက်သီး (၁၀)လုံး (၅၀၀၀) ကျပ်၊  စိန်တစ်လုံးသရက်သီး (မှည့်) (၁၀)လုံး (၁၀၀၀၀) ကျပ်၊ ပန်းသီးအကြွပ်သီး (၁၀)လုံး (၁၀၀၀၀) ကျပ်၊ ပျားလိမ္မော် တစ်ပိဿာ(၈၅၀၀) ကျပ်၊ စပျစ်သီး (အဝိုင်)သီး တစ်ပိဿာ(၁၂၀၀၀) ကျပ်၊ ရွှေသခွားမွှေးသီး ၁လုံး (၃၅၀၀) ကျပ်၊ ဖရဲသီး ၁လုံး(၅၅၀၀) ကျပ်၊ စတော်ဘယ်ရီသီး တစ်ပိဿာ   (၈၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

ဈေးကွက်ထဲဝင်ရောက်လာပြီဖြစ်သော ဒညင်းသီး

                   ပဲခူးတိုင်းဒေသကြီး၊   ညောင်လေးပင်ခရိုင်၊  ညောင်လေးပင်  မြို့မဈေးအပြင်တန်းတွင် အသား ငါးများ ဟင်းသီးဟင်းရွက်မျိုးစုံနှင့် ရာသီပေါ် သီးနှံများ သစ်သီးဝလံများ များပြားစုံလင်စွာ ရောင်းချလျက်ရှိပါသည်။

               ညောင်လေးပင်မြို့မဈေးတွင် ၂၀၂၄ခုနှစ် ဧပြီလ ပထမပတ်အတွင်းဒညင်းသီး စတင်ဝင် ရောက်ခဲ့သည်ဟု သိရှိရပြီး၊ ဧပြီလနောက်ဆုံးပတ်တွင် ဖြစ်ပေါ်နေသော ဒညင်းသီး ဈေးနှုန်းမှာ ()ပြည်လျှင် ၁၆၀၀၀ ကျပ် မှ ၁၈၀၀၀ကျပ်အထိ  ရောင်းချလျက်ရှိနေကြောင်း ညောင်လေးပင် မြို့မဈေးတွင် ရောင်းချနေသော ဒညင်းသီးကုန်သည်များထံမှ သိရှိရပါသည်။

  DOCA(ပဲခူး) 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း