Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၀.၅.၂၀၂၄ )

     ၁၀.၅.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ပခုက္ကူမြို့မစည်ပင်ဈေး၊ အမှတ်(၂)ဈေးတို့တွင် ရောင်းချနေသာငရုတ်သီးခြောက်ဈေးနှုန်းဈေးကွက်

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မစည်ပင်ဈေး၊ အမှတ်(၂)ဈေးနှင့် ပျံကျဈေးတို့တွင် ငရုတ်သီးခြောက်အမျိုးမျိုး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အရောင်းအဝယ်ဖြစ်လျက်ရှိသော ငရုတ်သီးများမှာ ပန်းရဲ၊ မြှားနီ၊ မယ်သီ၊  ကာမာလာ၊ ညောင်တော၊ မိုးမျှော်ငရုတ်သီးတို့ဖြစ်ပြီး နေ့စဉ်အရောင်းအဝယ်ဖြစ်နေကြောင်း မြို့မဈေးသည်များထံမှ သိရှိရပါသည်။

       ငရုတ်သီးခြောက်အမျိုးအစားကိုလိုက်၍ ဈေးနှုန်းများလည်း ကွာခြားလျက်ရှိပါသည်။ ၂၀၂၄ ခုနှစ်၊ မေလ(ဒုတိယပတ်)တွင် ပန်းရဲ(ခေါ်)ပလပ်သီးမှာ တစ်ပိဿာလျှင် ကျပ်(၄၅၀၀-၅၀၀၀)၊ မြှားနီ (မယ်သီ)တစ်ပိဿာလျှင် ကျပ်(၅၀၀၀)၊ ကာမာလာငရုတ်သီးခြောက် တစ်ပိဿာလျှင် ကျပ်(၆၀၀၀-၆၅၀၀)၊ ညောင်တောသီး တစ်ပိဿာလျှင် ကျပ်(၆၀၀၀)၊  မိုးမျှော်သီးတစ်ပိဿာလျှင် ကျပ်(၉၀၀၀-၉၅၀၀)ဖြစ်ပြီး ငရုတ်သီးခွဲခြမ်း တစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ငရုတ်သီးအနုမှုန့် တစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)၊   ငရုတ်သီးစိမ်း တစ်ပိဿာ လျှင် ကျပ်(၅၀၀၀) ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခုနှစ်များတွင် တောင်သူများမှ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ ကုန်အဝင်နည်းခြင်းတို့ကြောင့်  အရောင်းအဝယ်အသင့်အတင့်ဖြစ်နေကြောင်း မြို့မဈေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူကုန်စည်ဒိုင်တွင် ပြောင်းဖူးစေ့ (CP) များဈေးတက်ပြီး အရောင်းအဝယ်ဖြစ်နေ

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်ပြောင်းဖူးစေ့ စိုက်ပျိုးရာဒေသများဖြစ်သော ပခုက္ကူကျွန်း၊ ကျွန်းများ၊ မြစ်ခြေနယ်များဖြစ်သော နန်းတော်ရပ်၊ မြင်းဝန်း၊ ငကျော်၊ ဘဲကြီး၊ အောင်သာ၊ ညောင်ပင်အုပ်စုကျေးရွာများ မှ ပြောင်းဖူးစေ့(CP)အများအပြားစိုက်ပျိုးလျက်ရှိပါသည်။ ၂၀၂၄ခုနှစ်၊ မေလ(ပထမပတ်)တွင်  ပခုက္ကူကုန်စည်ဒိုင်၌ ပခုက္ကူဒေသထွက်သာမက အခြားဒေသ များမှလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပခုက္ကူကုန်စည်ဒိုင်မှ သိရှိရပါသည်။

      ယခင်တစ်ပတ်က ပခုက္ကူကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်ခဲ့သော ဈေးနှုန်းမှာ ဧပြီလ (ပထမပတ်)တွင် တစ်တင်းလျှင် ကျပ် (၁၅၆၀၀)၊ ဧပြီလ(တတိယပတ်)တွင် တစ်တင်းလျှင် ကျပ် (၁၆၂၀၀)၊ ဧပြီလ (စတုတ္ထပတ်) တွင် တစ်တင်းလျှင် ကျပ် (၁၆၂၀၀)ဖြစ်၍ မေလ(ပထမပတ်)မှစ၍ တစ်တင်းလျှင် ကျပ် (၁၆၇၀၀ မှ ၁၇၀၀၀)ထိ တက်နေကြောင်း ၊ အရောင်းအဝယ်ဖြစ်မှုအိတ်ရေမှာ  တစ်နေ့လျှင် အိတ် (၅၀ မှ ၂၀၀) ထိအရောင်းအဝယ်ဖြစ်ပြီး ယခုမေလ(ပထမပတ်)တွင် အစေ့ထုတ် (CP)ပြောင်းဖူးစေ့များ ပြည်ပအဝယ်လိုက်၍ ဈေးတက်ကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့၏ ဆန်ဈေးနှုန်းအခြေအနေ

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်သည် ဆန်လိုဒေသဖြစ်၍ ဆန်စပါး အဓိက စိုက်ပျိုးထွက်ရှိရာ အခြားတိုင်းဒေသကြီး/ ပြည်နယ်များဖြစ်သည့် ဧရာဝတီတိုင်း မြောင်းမြမြို့၊ ပုသိမ်မြို့၊ ဒါးကမြို့၊ ကန်ကြီးတောင်မြို့များမှ အများဆုံးတင်သွင်းရပါသည်။

    ၂၀၂၄ခုနှစ်၊ မေလ(ဒုတိယပတ်)တွင် ဖြစ်ပေါ်နေသောဆန်ဈေးနှုန်းများမှာ ပေါ်ဆန်းမွှေး (မြောင်းမြ)(၂၄)ပြည်တစ်အိတ်လျှင် ကျပ်(၁၂၀၀၀၀-၁၃၀၀၀၀)၊ ဧရာပဒေသာ(မြောင်းမြ) (၂၄)ပြည် တစ်အိတ်လျှင် ကျပ်(၁၁၅၀၀၀-၁၂၀၀၀၀)၊ သီးထပ်(၂၄)ပြည် တစ်အိတ်လျှင် ကျပ်(၈၀၀၀၀-၈၅၀၀၀)၊ ရက်(၉၀)(၂၄)ပြည်တစ်အိတ်လျှင် ကျပ်(၈၅၀၀၀-၉၀၀၀၀)၊ မနောသုခ (မြောင်းမြ) (၂၄) ပြည် တစ်အိတ်လျှင် ကျပ်(၁၀၀၀၀၀-၁၀၅၀၀၀)၊ ဖန်သီး(၂၄)ပြည် တစ်အိတ်လျှင် ကျပ်(၉၀၀၀၀-၉၅၀၀၀)၊ မန္တလေးမှဝင်ရောက်သော ရွှေဘို(ပေါ်ဆန်း) (၂၄)ပြည် တစ်အိတ်လျှင် ကျပ်(၁၄၀၀၀၀-၁၆၀၀၀၀)၊ ပွင့်ဖြူ၊ ကုန်းဇောင်း၊ စလင်း၊ ဆင်ဖြူကျွန်းတို့မှထွက်ရှိသော ဧရာပဒေသာ(ကုန်းဇောင်း) (၂၄)ပြည်တစ်အိတ်လျှင် ကျပ်(၁၄၀၀၀၀-၁၄၈၀၀၀)၊ မနော်(အနောက်ဘက်) (၂၄)ပြည်တစ်အိတ် လျှင် ကျပ်(၁၂၀၀၀၀)၊ ဧရာပဒေသာ(အနောက်ဘက်)(ဆန်လတ်) (၂၄)ပြည်တစ်အိတ်လျှင် ကျပ် (၈၃၀၀၀-၈၅၀၀၀)၊ ဧရာပဒေသာ(တောင်တွင်း)(၂၄)ပြည်တစ်အိတ်လျှင် ကျပ်(၁၁၈၀၀၀)တို့ဖြင့် ဈေးနှုန်းများဖြစ်ပေါ်လျက်ရှိပြီး ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့၏ ၂၀၂၄-ခုနှစ်၊ ဧပြီလ(စတုတ္ထပတ်)နှင့် မေလ(ပထမပတ်)စက်သုံးဆီစျေးနှုန်းအခြေအနေ

မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

          မကွေးမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၂၃)ဆိုင်ရှိရာ ဆိုင်များအားလုံး ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး  ၂၀၂၄ ခုနှစ်၊  ဧပြီလ(စတုတ္ထပတ်)တွင် ဖြစ်ပေါ်ခဲ့သော စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ (92)(၁)လီတာလျှင် ကျပ်(၂၈၉၅)၊ ဓါတ်ဆီ (95)(၁)လီတာလျှင် ကျပ်(၃၀၀၅)၊ ဒီဇယ်(ရိုးရိုး) (၁) လီတာလျှင် ကျပ်(၂၄၈၀)နှင့် ပရီမီယံ(၁)လီတာလျှင် ကျပ်(၂၅၂၅)တို့ဖြစ်ကြပြီး မေလ(ပထမပတ်)တွင် ဓါတ်ဆီ (92)(၁)လီတာလျှင် ကျပ်(၂၉၀၀)၊ ဓါတ်ဆီ(95)(၁)လီတာလျှင် ကျပ်(၃၀၁၀)၊ ဒီဇယ်(ရိုးရိုး) (၁)လီတာလျှင် ကျပ်(၂၄၆၅)၊ ပရီမီယံ(၁)လီတာလျှင် ကျပ်(၂၅၁၅) တို့ဖြစ်၍ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုအပတ်တွင် ဓါတ်ဆီ (92)(၁)လီတာလျှင် ကျပ်(၅)၊ ဓါတ်ဆီ (95)(၁)လီတာလျှင် ကျပ်(၅)တို့ ဈေးအနည်းငယ်တက်လာပြီး ဒီဇယ်(ရိုးရိုး) (၁)လီတာလျှင် ကျပ်(၁၅)၊ ဒီဇယ်(ပရီမီယံ) (၁)လီတာလျှင် ကျပ်(၁၀)တို့ ဈေးကျလာကြောင်း သိရှိရပါသည်။

DOCA(မကွေး)

အိမ်တွင်းဝင်ငွေရနေသော ရိုးရာတံမြက်စည်းလုပ်ငန်း

       ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည့ ငပုတောမြို့နယ်အတွင်းရှိ လိပ်ချောင်းကျေးရွာနေ ဦးဌေးကြည်မိသားစု၏ တစ်နိုင်တစ်ပိုင်လုပ်ကိုင်နေသည့် လက်မှုလုပ်ငန်းတစ်ခုဖြစ်သော တံမြက်စည်းလုပ်ငန်းသို့ သွားရောက်လေ့လာတွေ့ဆုံခဲ့ပါသည်၊၊

     တံမြက်စည်းပြုလုပ်ရာတွင် အဓိကလိုအပ်သောပစ္စည်းမှာ ကိုင်းဘောပင်၍ဖြစ်ပြီး ကိုင်းဘောပင်များသည် ငပုတောမြို့နယ်‌အတွင်း ဖေဖော်ဝါရီလနှင့်မတ်လတွင် အလေ့ကျပေါက်သောအပင်များဖြစ်ပြီး တံမြက်စည်းပြုလုပ်ရာ၌ အဖူးအပွင့်ချွေခြင်းနှင့် အရွယ်အစားခွဲခြားခြင်း၊ အရိုးတံချွန်ခြင်း၊ အပြားယှက်ခြင်း၊ လက်ကိုင်ရိုးကြိုးချည်ခြင်း စသည်ဖြင့် အဆင့်ဆင့်ပြုလုပ်ရပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရသည်၊၊

       တံမြက်စည်းအချောင်း(၅၀)ပြုလုပ်သည့် ကုန်ကျစရိတ်မှာ ကိုင်းဘောတစ်စီးဝယ်ယူခမှာ ကျပ် (၂၅၀၀၀)၊ အရိုးဖျင်ခမှာ ကျပ် (၁၀၀၀၀)၊ နိုင်လွန်ကြိုးဖိုးမှာ ကျပ် (၅၀၀၀)၊ သယ်ယူလုပ်သားခမှာ ကျပ် (၁၀၀၀၀)၊ သင်္ဘောတန်ဆာအပါ တင်ချလုပ်သားခမှာ ကျပ် (၅၅၀၀) ဖြစ်ပြီး စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ် (၅၅၅၀၀) ကုန်ကျ၍ တံမြက်စည်းတစ်ချောင်းရောင်းဈေးမှာ ကျပ် (၁၈၀၀) ဖြစ်ပြီး တံမြက်စည်းအချောင်း (၅၀) လျှင် ကျပ် (၉၀၀၀၀) ရရှိ၍ တံမြက်စည်းအချောင်း (၅၀) ပြုလုပ်ရရှိပြီး အကျိုးအမြတ်မှာ ကျပ် (၃၄၅၀၀) ရရှိကြောင်း လုပ်ငန်းရှင်ကပြောကြားခဲ့ပါသည်။

       တံမြက်စည်းကုန်ချောကို ငပုတောမြို့နယ်နှင့် အခြားမြို့နယ်များသို့ လက်ကားဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း တံမြက်စည်းပြုလုပ်သူများအနေဖြင့် အိုးမကွာအိမ်မကွာနေနိုင်ကြပြီး အရင်းအနှီးများစွာမလိုသောကြောင့် မိသာစုအပိုဝင်ငွေရရှိပြီး ကိုင်းဘောတံမြက်စည်းကို ခြောက်သွေ့သောနေရာတွင်ထား၍ အသုံးပြုပါက (၁) နှစ်ခန့်ခိုင်သောကြောင့် ဝယ်ယူသုံးစွဲသူများ ပိုမိုများပြားလာကြောင်း လိပ်ချောင်းကျေးရွာရှိ တံမြက်စည်းလုပ်ငန်းရှင် ဦးဌေးကြည်၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(ဧရာဝတီ)

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း (၉.၅.၂၀၂၄)

၉.၅.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၉.၅.၂၀၂၄ )

၉.၅.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၉.၅.၂၀၂၄ )

   ၉.၅.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ပခုက္ကူမြို့၏ ဆန်ဈေးနှုန်းအခြေအနေ

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် စပါးစိုက်ဧကနည်းပြီး ဆန်လိုဒေသဖြစ်သောကြောင့် အခြားတိုင်းဒေသများနှင့် မြို့နယ်များမှ ဆန်တင်သွင်းရသောမြို့ဖြစ်ပါသည်။ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်၊ မြောင်းမြမြို့များမှ ရေလမ်းကြောင်းမှအများဆုံးဝင်ရောက်ပြီး  ရွှေဘို ခရိုင်၊ ဆင်ဖြူကျွန်း၊ စလင်းဒေသများမှလည်း နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။

       ယခုအချိန်တွင် ပခုက္ကူဒေသ၌ ဆန်အသစ်များ ဝင်ရောက်လျက်ရှိပြီး ဧပြီလ(စတုတ္ထပတ်) တွင် ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများသည် ယခု မေလ (ပထမပတ်)တွင် ဈေးအနည်းငယ်တက်လာသည်ကို တွေ့ရှိရပါသည်။ အများသုံးဆန်ဖြစ်သော မြောင်းမြ ဧရာပဒေသာ ဆန်ဈေးနှုန်းမှာ တစ်အိတ်လျှင် ကျပ်(၁၄၂၀၀၀)၊ စလင်းမြို့နယ်၊ ရှောက်တောမှလာသော ဧရာပဒေသာဆန်(အသစ်)တစ်အိတ်လျှင် ကျပ်(၁၆၂၀၀၀) ရှိပါသည်။ ဧည့်မထ ဆန်မျိုးဖြစ်သော ချန်ဧရာ တစ်အိတ်လျှင် ကျပ်(၁၁၀၀၀၀)၊ မနောဖြူ (အသစ်)တစ်အိတ်လျှင် ကျပ်(၁၁၀၀၀၀)၊ နေလဆန် တစ်အိတ်လျှင် ကျပ်(၉၅၀၀၀)၊ ဝန်ကြီးပဒေသာဆန် တစ်အိတ်လျှင် ကျပ်(၁၆၅၀၀၀)၊ ဧရာမင်းဆန်(ရှယ်)တစ်အိတ်လျှင် ကျပ် (၁၁၃၀၀၀)၊ မနောသုခ(အသစ်) တစ်အိတ်လျှင် ကျပ်(၁၁၀၀၀၀)၊ ချန်သုခ(အသစ်) တစ်အိတ်လျှင် ကျပ်(၈၉၀၀၀)၊ နေလ ဧရာပဒေသာဆန်(ရှယ်) တစ်အိတ်လျှင် ကျပ်(၁၆၂၀၀၀)၊ နေလ/၂၂ တစ် အိတ်လျှင် ကျပ်(၁၀၀၀၀၀)၊ မိုးဇလပ် (နွေဆန်အသစ်) တစ်အိတ်လျှင် ကျပ်(၇၅၀၀၀) ၊ နွေဇလပ် (အသစ်)တစ်အိတ်လျှင် ကျပ်(၇၂၀၀၀)၊ ဇီယာဆန်(အသစ်) တစ်အိတ်လျှင် ကျပ်(၉၅၀၀၀)၊ ပွင့်ဖြူသစ် (မနောဖြူအသစ်)တစ်အိတ်လျှင် ကျပ်(၁၀၅၀၀၀)၊ အောင်သုခ (အသစ်) ကျပ်(၉၅၀၀၀) ဈေး ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကောက်ညှင်းဆန်(အသစ်)မှာ မေလ(ပထမပတ်)တွင်  တစ်အိတ်လျှင် ကျပ်(၉၀၀၀၀)ဖြင့် ဈေးကျသွားသည်ကို  သိရှိရပါသည်။ ဧရာဝတီဘက်မှ ဝင်ရောက်လာသောဆန်များမှာ အရည်အသွေးအနည်းငယ်နိမ့်သော်လည်း ပြည်သူများစားသုံးနိုင်သော ဈေးနှုန်းရှိသောကြောင့် အရောင်းအဝယ်ပိုဖြစ်ကြောင်း သိရှိရပါသည်။

     ပေါ်ဆန်းမွှေးမှာ ဒုတိယအများဆုံး စားသုံးသော ဆန်ဖြစ်ပြီး မြောင်းမြဒေသမှ ဝင်ရောက်သလို ရွှေဘိုဒေသမှလည်း အများဆုံးဝင်ရောက်ပါသည်။ ရွှေဘိုပေါ်ဆန်းမွှေးမှာ ပိုမိုအရည်အသွေးကောင်း မွန်ပြီး မေလ(ပထမပတ်)တွင် (ရှယ်)တစ်အိတ်လျှင် ကျပ်(၁၆၅၀၀၀-၁၇၀၀၀၀)၊ ရွှေထိုက် (ပေါ်ဆန်းအသစ်)တစ်အိတ်လျှင် ကျပ်(၁၆၀၀၀၀)၊ တိုးတိုးနွယ် တစ်အိတ်လျှင် ကျပ်(၁၆၅၀၀၀-၁၇၀၀၀၀)၊ မြောင်းမြပေါ်ဆန်းမှာ တစ်အိတ်လျှင် ကျပ်(၁၅၅၀၀၀)နှင့် အရောင်းအဝယ်ဖြစ်နေကြောင်း ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သိရှိရပါသည် ။

DOCA(မကွေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း