Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မေလ၊ ဒုတိယအပတ်တွင် ရွှေဘိုပဲစင်းငုံ(နီ)ဈေးငြိမ်နေ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/ တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၄ခုနှစ်၊ မေလ၊ ဒုတိယအပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့်သီးနှံနှင့်ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ‌

      ဇန်နဝါရီလ၊ ဒုတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ ပဲစဉ်းငုံ(နီ)များ စတင်ဝင်ရောက်ခဲ့ပြီး မေလ၊ ဒုတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ပဲစင်းငုံ(နီ)တစ်တင်းလျှင် (၁၂၈၅၀ဝိ/-) ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၅၀၀)တင်း/ (၁၆)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲစင်းငုံ(နီ)တစ်တင်းလျှင် (၁၂၈၅၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်နှင့် ယခင်အပတ်အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့မှာ တူညီပြီးဈေးငြိမ်နေကြောင်း၊ ယခုအပတ်တွင် ယခင်အပတ်အောက် ဝင်ရောက်မှုနည်းပြီး ဈေးငြိမ်နေသော်လည်း ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့၏ မေလ ဒုတိယပတ်တွင် ရောင်းချသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အခြေခံစားသောက်ကုန်ဈေးနှုန်းများ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများကို အပတ်စဉ်တင်ပြလျက်ရှိပါသည်။

        ရွှေဘိုခရိုင်အနေဖြင့် စိုက်ပျိုးရေးကို အဓိကဆောင်ရွက်သော ခရိုင်တစ်ခုဖြစ်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းတွင် အဓိကအသုံးပြုရသည့် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများကို အရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ရာ မေလ၊ ဒုတိယအပတ်တွင် ရွှေဘိုမြို့၌ ရောင်းချလျက်ရှိသော ဓာတ်မြေဩဇာဈေးနှုန်းများမှာ အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅) ကွန်ပေါင်းဓာတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၁၅၄၀၀ဝိ/-)ကျပ်၊ MC တံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်းဓာတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၄၅၀၀ဝိ/-)ကျပ်၊ ဇာမဏီတံဆိပ် (၁၃:၅:၇) ကွန်ပေါင်းဓာတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၆၉၀၀ဝိ/-) ကျပ်၊ အာမို၊ ပုလဲတံဆိပ် ကွန်ပေါင်းဓာတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၈၁၀၀ဝိ/-)ကျပ်၊ ပန်းဖူးတံဆိပ် ဓာတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၇၂၀၀ဝိ/-)ကျပ်ဖြစ်ပြီး ပိုးသတ်ဆေးဈေးနှုန်းများမှာ ရှောင်လင်တံဆိပ် ထိသေ/ စားသေ (အဆိပ်ငွေ့) 1Liter  တစ်ဘူးလျှင် (၁၃၀၀ဝိ/-)ကျပ်၊ ဒီမွန် 1.8 တံဆိပ် ထိသေ/ စားသေ (အဆိပ်ငွေ့) 500cc တစ်ဘူးလျှင် (၁၅၀၀ဝိ/-)ကျပ်၊ ငှက်ကြီးတောင်တံဆိပ် ထိသေ/ စားသေ (အဆိပ်ငွေ့) 250cc တစ်ဘူးလျှင် (၄၃၅၀ဝိ/-)ကျပ်၊ ဇိုင်ကလုံးတံဆိပ် ပင်လုံးပြန့် 250cc တစ်ဘူးလျှင် (၁၄၅၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခုအပတ်တွင် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများမှာ ရောင်းအားကောင်းသော်လည်း MC တံဆိပ် (၁၅:၁၅:၁၅) ကွန်ပေါင်းဓာတ်မြေဩဇာ၊ ပန်းဖူးတံဆိပ် ဓာတ်မြေဩဇာနှင့် ရှောင်လင်တံဆိပ် ထိသေ/ စားသေ (အဆိပ်ငွေ့)ပိုးသတ်ဆေးတို့မှာ ကုမ္ပဏီမှပစ္စည်းလိုသလောက်မပို့နိုင်၍  အလှည့်ကျဖြင့်သာယူရကြောင်း  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

မေလ ဒုတိယပတ်တွင် ကုလားပဲ(V2)ဈေးအနည်းငယ်ကျ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/ တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၄ခုနှစ်၊ မေလ ဒုတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့်သီးနှံနှင့်ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ‌

      မတ်လ ဒုတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ ကုလားပဲ(V2)များ စတင်ဝင်ရောက်ခဲ့ကြောင်း၊ မေလ ဒုတိယပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ကုလားပဲ(V2)တစ်တင်းလျှင် (၇၈၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၃၀၀)တင်း/ (၉)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲ(V2)တစ်တင်းလျှင် (၇၉၅၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် ကုလားပဲ(V2)တစ်တင်းလျှင် (၁၅၀ဝိ/-)ကျပ်ဈေးနှုန်းလျော့နည်းခဲ့ကြောင်း၊ ယခုအပတ်တွင် ကုလားပဲ(V2)များ လက်ကျန်နည်း၍ ဝင်ရောက်မှုနည်းပါးသော်လည်း ဝင်ရောက်သမျှ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

တိုက်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများ၌ စားအုန်းဆီဖြန့်ဖြူးမှု

       ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်အတွင်း စားအုန်းဆီရောင်းချမှုများအား စဉ်ဆက်မပြတ်ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ ရပ်ကွက်/ ကျေးရွာအုပ်စု (၉၅)အုပ်စု၊ ဦးရေ (၂၈၈၄၄၄)ဦးအတွက် တိုက်ကြီးမြို့ကိုယ်စားလှယ်(၂)ဦး၊ ဥက္ကံမြို့ကိုယ်စားလှယ် (၁)ဦးနှင့် အဖျောက်မြို့ကိုယ်စားလှယ်(၃)ဦးတို့က ထုတ်ယူ၍ (၉၅)အုပ်စုမှ ကိုယ်စားလှယ်များကို အချိန်နှင့်တပြေးညီ နေ့စဉ် စနစ်တကျရောင်းချပေးလျက်ရှိပြီး ဆီကားဝင်မှု၊ ဆီပေပါများတင်ဆောင်လာမှု၊ ဆက်လက်ဖြန့်ဖြူးမှုများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ပူးတွဲကွင်းဆင်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ရတနာသီရိဈေးကြီးတွင် ရက်သတ္တပတ်အတွင်း ရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

        မင်္ဂလာဒုံမြို့နယ်ရှိ ရတနာသီရိဈေးအတွင်းသို့ ၂၀၂၄ခုနှစ်၊ မေလ (၁)ရက်နေ့မှ မေလ(၇) ရက်နေ့အထိ တပ်ကုန်း၊ ရွှေတောင်၊ ဝက်ပုတ်၊ ပုတီးကုန်း၊ အောင်ပန်း၊ မင်းလှ၊ နတ်တလင်း၊ ကြို့ပင်ကောက်နှင့် ခရမ်းသုံးခွတို့မှ ဟင်းသီးဟင်းရွက်များ ဝင်ရောက်ရောင်းချနေကြောင်းသိရှိရပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ဂေါ်ဖီတစ်ထုပ်လျှင် ကျပ်၆၀၀မှ  ကျပ်၁၃၀၀၊ ဂေါ်ရခါးသီးတစ်လုံးလျှင် ကျပ်၂၀၀မှ  ကျပ်၃၀၀၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ်၁၂၀၀မှ ကျပ်၂၅၀၀၊ ပန်းဂေါ်ဖီတစ်ထုပ် ကျပ်၁၀၀၀မှ ကျပ်၁၇၀၀၊ ခရမ်းသီးတစ်ပိဿာလျှင် ကျပ်၁၅၀၀မှ  ကျပ်၁၈၀၀၊ ခဝဲသီးတစ်တောင့်လျှင် ကျပ်၄၀၀မှ ကျပ်၈၀၀၊ ဂျူးမြစ်တစ်ပိဿာလျှင် ကျပ်၂၅၀၀မှ ကျပ်၃၅၀၀၊ ငရုတ်သီးစိမ်းတစ်ပိဿာလျှင် ကျပ်၂၀၀၀မှ  ကျပ်၃၅၀၀၊ ပဲသီးတစ်စည်းလျှင် ကျပ်၁၀၀၀မှ ကျပ်၁၅၀၀၊ ကန်စွန်းရိုးနီတစ်စည်းလျှင် ကျပ်၁၀၀မှ ကျပ်၂၅၀၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင် ကျပ်၁၀၀မှ ကျပ်၂၅၀၊ ဗုံလုံသီးတစ်တောင့်လျှင် ကျပ်၅၀၀မှ  ကျပ်၇၀၀၊ သံပရာသီးတစ်လုံးလျှင် ကျပ်၂၅၀မှ  ကျပ်၃၀၀၊ ကင်ပွန်းချဉ်တစ်စည်းလျှင် ကျပ်၂၀၀မှ  ကျပ်၃၀၀၊ ငရုတ်အာဝါးသီးတစ်တောင့်လျှင် ကျပ်၈၀မှ ကျပ်၁၀၀၊ ကြက်ဟင်းခါးသီးတစ်လုံးလျှင် ကျပ်၂၀၀မှ ကျပ်၄၀၀၊ ရှမ်းနံနံတစ်စည်းလျှင် ကျပ်၁၅၀မှ ကျပ်၂၀၀၊ ပင်စိမ်းတစ်စည်းလျှင် ကျပ်၂၀၀မှ ကျပ်၂၅၀၊ ရွှေဖရုံသီး(ကြီး/လတ်/သေး)တစ်လုံးလျှင် ကျပ်၁၀၀၀မှ ကျပ်၃၅၀၀၊ ကျောက်ဖရုံသီးတစ်လုံးလျှင် ကျပ်၁၀၀၀မှ ကျပ်၂၅၀၀၊ ဘူးသီးတစ်လုံးလျှင် ကျပ်၁၅၀၀မှ ကျပ်၂၀၀၀၊ ဂွေးတောက်ရွက်တစ်စည်းလျှင် ကျပ်၁၀၀မှ ကျပ်၂၀၀၊ ရုံပတီသီးတစ်တောင့်လျှင် ကျပ်၃၀မှ ကျပ်၈၀၊ ခရမ်းကျွတ်သီးတစ်လုံးလျှင် ကျပ်၃၀မှ ကျပ်၅၀၊ ပဲစောင်းလျားသီးတစ်ပိဿာလျှင် ကျပ်၁၈၀၀မှ ကျပ်၃၀၀၀၊ ရွှေပဲသီးတစ်ပိဿာလျှင် ကျပ်၈၅၀၀မှ ကျပ်၁၆၀၀၀၊ ငရုတ်ပွတစ်ပိဿာလျှင် ကျပ်၄၀၀၀မှ ကျပ်၅၀၀၀၊ မုန်လာဥနီတစ်ပိဿာလျှင် ကျပ်၅၀၀၀မှ ကျပ်၆၅၀၀၊ ဘိုစားပဲတစ်ပိဿာလျှင် ကျပ်၅၀၀၀မှ ကျပ်၇၀၀၀၊ ကိုက်လန်တစ်စည်းလျှင် ကျပ်၅၀၀မှ ကျပ်၇၀၀၊ တရုတ်နံနံတစ်စည်းလျှင် ကျပ်၅၀၀မှ ကျပ်၁၂၀၀၊ ဗမာနံနံတစ်ပိဿာလျှင် ကျပ်၁၀၀၀၀မှ ကျပ်၁၅၀၀၀၊ မျှစ်တစ်ပိဿာလျှင် ကျပ်၂၂၀၀မှ ကျပ်၃၃၀၀၊ တရုတ်ကန်စွန်းတစ်စည်းလျှင် ကျပ်၂၅၀မှ ကျပ်၃၀၀၊ ဆူးပုတ်ရွက်တစ်စည်းလျှင် ကျပ်၂၀၀မှ ကျပ်၃၀၀၊ မြင်းခွာရွက်တစ်စည်းလျှင် ကျပ်၃၀၀မှ ကျပ်၄၀၀၊ ဟင်းနုနွယ်တစ်စည်းလျှင် ကျပ်၂၀၀မှ ကျပ်၃၅၀၊ ပြောင်းဖူးတစ်ဖူးလျှင် ကျပ်၃၅၀မှ ကျပ်၅၀၀၊ မုန့်ညှင်းရွက်တစ်စည်းလျှင် ကျပ်၂၀၀မှ ကျပ်၃၀၀၊ ဆလပ်ရွက်တစ်စည်းလျှင် ကျပ်၁၅၀မှ ကျပ်၃၀၀အတွင်းဖြစ်ကြောင်း သိရှိရပါသည်။ ရတနာသီရိဈေးအတွင်းသို့ နေ့စဉ်ကုန်အဝင်မှာ ရုံးပတီသီးကုန်ချိန်ပိဿာ (၄၀၀) ကျော်၊ ငရုတ်ပွကုန်ချိန်ပိဿာ (၈၀)ကျော်၊ ခရမ်းသီးကုန်ချိန်ပိဿာ (၄၀၀၀)ကျော်၊ ရွှေဖရုံသီးကုန်ချိန်ပိဿာ (၂၀၀၀)ကျော်၊ နံနံပင်ကုန်ချိန်ပိသာ (၄၀၀)ကျော် စသည်ဖြင့် အသီးသီးအဝင်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၂.၅.၂၀၂၄ )

၁၂.၅.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၁.၅.၂၀၂၄ )

၁၁.၅.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း (၁၀.၅.၂၀၂၄)

    ၁၀.၅.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

မြို့ကြီး(၄)မြို့၏ အခြေခံစားကုန်၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေ ဈေးနှုန်းများ

နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် ပုသိမ်မြို့ကြီးများ၏ အခြေခံစားကုန်(လက်လီ)၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယနေ့ ကာလတူ နှိုင်းယှဉ်၍ ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၁၀.၅.၂၀၂၄ )

၁၀.၅.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း