Main menu

ပေါင်းတည်မြို့နယ်အတွင်းရှိ သား/ငါးဈေးနှုန်းခြေအနေ

Powered by Drupal

            ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်းရှိ ရွှေတည်ဈေးနှင့် မြို့မဈေးအတွင်း ရောင်းချလျက်ရှိသော သား/ ငါးဈေးနှုန်းများမှာ ၂၀၂၄ခုနှစ်၊ ဧပြီလစတုတ္တပတ်တွင် အမဲသား တစ်ပိဿာ (၁၅၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာ (၁၅၀၀၀)ကျပ်၊ ဗမာကြက်တစ်ပိဿာ (၂၀၀၀၀) ကျပ်၊ CPကြက်တစ်ပိဿာ (၁၄၀၀၀)ကျပ်၊ ငါးမြစ်ချင်းအကောင်ကြီးတစ်ပိဿာ (၁၅၀၀၀) ကျပ်၊ ငါးမြစ်ချင်းအကောင်အလတ်တစ်ပိဿာ(၁၂၀၀၀-၁၀၀၀၀)ကျပ်၊ ဘဲဥတစ်လုံး (၃၅၀-၄၀၀)ကျပ်၊ ကြက်ဥ တစ်လုံး ( ၂၅၀-၂၇၀)ကျပ်ဈေးနှုန်းရှိကြောင်း သိရှိရသည်။

               ပေါင်းတည်မြို့၏ ၂၀၂၄ခုနှစ်၊ ဧပြီလစတုတ္တပတ် သား/ငါးဈေးနှုန်းများမှာ  ဧပြီလ တတိယပတ် သား/ငါးဈေးနှုန်းများနှင့် ဈေးနှုန်းကွာခြားခြင်းမရှိဘဲ ဈေးနှုန်းတည်ငြိမ်လျက် ရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ပဲခူး)