Main menu

သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များ၌ မတ်ပဲဈေးနှုန်းနှင့် စီးထွက်မှုအခြေအနေ

Powered by Drupal

          ပဲခူးတိုင်း‌‌ဒေသကြီး သာယာဝတီခရိုင်အတွင်းရှိမြို့နယ်များတွင် မတ်ပဲဈေးနှုန်းမှာ  ၂၀၂၄ခုနှစ် မတ်လနောက်ဆုံးသီတင်းပတ်တွင် ပိဿာ( ၂၀ ) တစ်တင်းလျှင် အနိမ့်ဆုံး( ၉၃၅၀၀) ကျပ်ခန့်နှင့် အမြင့်ဆုံး (၉၃၈၀၀) ကျပ် ထိရှိပြီး ဧပြီလနောက်ဆုံးပတ်  အတွင်းမှာတော့  ပိဿာ(၂၀) တစ်တင်းလျှင် အနိမ့်ဆုံး (၁၀၂၀၀၀)ကျပ်ခန့်မှ အမြင့်ဆုံး (၁၀၃၃၀၀)ကျပ်ခန့်နှင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။  စီးထွက်မှုအနေဖြင့် မတ်လအတွင်း ခရိုင်အတွင်းမှ ရန်ကုန်တိုင်းဒေသကြီး အတွင်းသို့ အိတ်လုံးရေ (၁၄၈၁၀၀) ခန့်ထိတင်ပို့နိုင်ခဲ့ပြီး ယခုဧပြီလနောက်ဆုံးသီတင်းပတ်ထိ တင်ပို့နိုင်မှု အိတ်လုံးရေ (၁၄၄၈၅၀) ခန့်ထိ  တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)