Main menu

HighLight News

Powered by Drupal

မြိတ်ခရိုင် ဆန်ကုန်သည်နှင့် ဆန်လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး

      တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးသည်  ၂၀၂၄ခုနှစ်၊ မေလ (၉)ရက်နေ့၊ နံနက် (၁၀း၃၀) နာရီအချိန်တွင် မြိတ်မြို့၊ ကမ်းနားလမ်းဆိပ်ငယ်ရပ်ရှိ စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆန်ကုန်သည်နှင့်ဆန်လုပ်ငန်းရှင်များအားတွေ့ဆုံပြီး စျေးနှုန်းတည်ငြိမ်‌စေရေးနှင့် မြိတ်ခရိုင်၏ ဆန်လိုအပ်ချက်များအတွက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက မြိတ်ခရိုင်၏ ဆန်လိုအပ်ချက်များအပြင် တင်ပို့ဆောင်ရွက်နေသည့်အခြေအနေ၊ ဆန်စက်များဆောင်ရွက်နေမှု၊ နည်းပညာအခက်အခဲများကိုတွေ့ဆုံဆွေးနွေးခဲ့ပြီး ဆန်သယ်ယူမှုအတွက် အခက်အခဲရှိပါက သက်ဆိုင်ရာဒေသအာဏာပိုင်များ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းချိတ်ဆက်‌ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆန်စျေးနှုန်းမြှင့်တက်ခြင်းမရှိစေရန် ဆောင်ရွက်နေမှုကိုဆွေးနွေးခဲ့ရာ ဆန်လုပ်ငန်းသည် ပြည်တွင်းတွင် ထုတ်လုပ်လျက်ရှိသော လုပ်ငန်းဖြစ်ပြီး စပါးစိုက်ပျိုးမှုနှင့် ဆန်ဝယ်ယူနိုင်မှုလုံလောက်ပါက ခရိုင်တွင် ဆန်စျေးမြင့်တက်မှုအားထိန်းချုပ်နိုင်မည့်အပြင် စက်ရုံအတွက်သုံးစွဲနေသော လောင်စာနှင့်  သယ်ယူပို့ဆောင်စရိတ်များလျော့ကျလာမည်ဆိုပါက ကုန်စျေးနှုန်းများလည်းလျော့ကျလာနိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး ဆွေးနွေးမှုအား နံနက်(၁၁း၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

မြိတ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနတွင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းနှင့် တွေ့ဆုံဆွေးနွေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးသည် ၂၀၂၄ခုနှစ်၊ မေလ (၉)ရက်နေ့တွင် ဆီလုပ်ငန်းနှင့်ဆီကုန်သည်များအသင်းနှင့်တွေ့ဆုံ၍  ကမ်းနားလမ်း၊ ဆိပ်ငယ်ရပ်ရှိ မြိတ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၏ အစည်းအဝေးခန်းမတွင် စားအုန်းဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးထုတ်ယူရောင်းချလျက်ရှိသော စားအုန်းဆီများနှင့်ပတ်သက်၍ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချရန်၊ ဈေးကစားရန် ရည်ရွယ်၍ သိုလှောင်ခြင်းမပြုရန်နှင့် မသမာသည့် လုပ်ဆောင်မှုများမဖြစ်စေရေး ကျင်းပဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

      ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးဦး (ဒုတိယညွှန်ကြားရေးမှူး)က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် စားအုန်းဆီဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူပြည်သူများထံ လက်ဝယ်ရောက်ရှိစေရေးအတွက် ဈေးကားများဖြင့် ရောင်းချခဲ့ပြီးဖြစ်ကြောင်း၊ ဆီဖူလုံမှုရရှိစေရေးအတွက် ဆီခွဲတမ်းများ ပိုမိုရရှိအောင်ဆောင်ရွက်လျက်ရှိကြောင်း၊ ဘူးသွပ်ဆီများကို တင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချပါက ကုန်အညွှန်းအမှတ်အသားများပါရှိရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

       ဆက်လက်၍ ပြည်တွင်းဈေးကွက်အတွင်း စားအုန်းဆီများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ထိရောက်စွာအရေးယူခံရမည်ဖြစ်ကြောင်း၊ စက်မှုကုန်ကြမ်းလုပ်ငန်းများအတွက် စားအုန်းဆီဝယ်ယူသုံးစွဲလိုပါက လျှောက်လွှာတင်၍ ဝယ်ယူနိုင်ကြောင်းပြောကြားခဲ့ပြီး ဘေးအန္တရာယ်ကင်းရှင်းပြီး စံချိန်/စံညွှန်းနှင့်ကိုက်ညီသည့် စားသုံးဆီများကိုသာ ရောင်းချရန်ပြောကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့၊ ကျောက်ဖျာကျေးရွာရှိ OK ရတနာအဆင့်မြင့်ဆန်စက်သို့ သွားရောက်ကွင်းဆင်း

      တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ မြိတ်ခေတ္တခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ မေလ (၈)ရက်နေ့၊ နေ့လယ် (၁၆း၀၀) နာရီအချိန်တွင် မြိတ်မြို့၊ ကျောက်ဖျာကျေးရွာရှိ OK ရတနာအဆင့်မြင့်ဆန်စက်သို့သွားရောက်၍ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုများအခြေအနေများအား  ကွင်းဆင်းကြည့်ရှုခဲ့ကြပါသည်။

      ထိုသို့သွားရောက်ကွင်းဆင်းကြည့်ရှုရာတွင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် မြိတ်ခရိုင်အတွင်း ဆန်လုံလောက်မှုရှိစေရန်နှင့် ဆန်စျေးနှုန်းတည်ငြိမ်မှုရှိစေရန် ပြောကြားဆွေးနွေးခဲ့ပြီး ဆန်စက်လုပ်ငန်းရှင်၏ ပြောကြားချက်အရ လျှပ်စစ်နှင့် လောင်စာဆီစျေးကြီးမြင့်လာမှုကြောင့် လောင်စာဆီသုံး မီးစက်အစား solar (ဆိုလာ) စနစ်ဖြင့် အစားထိုးလုပ်ဆောင်နေကြောင်း၊ ၎င်းဆန်စက်တွင် ၅၅၀ watt solar 330 ပြားဖြင့်တပ်ဆင်၍ စတင်လည်ပတ်သုံးစွဲနေကြောင်းသိရှိရပါသည်။ ထို့ပြင် လုပ်ငန်းလည်ပတ်မှုပိုမိုအဆင်ပြေစေရန် solar panel စနစ်များအား ထပ်မံတိုးမြှင့်လုပ်ဆောင်ရန် ဆောင်ရွက်နေကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ရွေးနဒီဈေးအတွင်းရှိ ကုန်မျိုးစုံနှင့် စားသုံးဆီအရောင်းဆိုင်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊  လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍  (၇-၅-၂၀၂၄) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် လပွတ္တာမြို့၊ အမှတ် (၆) ရပ်ကွက်၊ ရွေးနဒီဈေးအတွင်းရှိ  ကုန်မျိုးစုံနှင့် စားသုံးဆီအရောင်းဆိုင်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးမြင့်ဌေးက လပွတ္တာမြို့၊ အမှတ်(၆)ရပ်ကွက်၊ ရွေးနဒီဈေးအတွင်းရှိ ကုန်မျိုးစုံနှင့် စားသုံးဆီအရောင်းဆိုင်များမှ ဈေးဆိုင်ပိုင်ရှင်များအား စားအုန်းဆီများကို သတ်မှတ်ထားသည့် ရည်ညွှန်းဈေးထက် ပိုမို၍ရောင်းချခြင်းမပြုရန်၊ ဈေးနှုန်းဆိုင်းဘုတ်များကို စားသုံးသူများသိသာထင်ရှားအောင် ချိတ်ဆွဲပြီးရောင်းချကြရန်  ဆိုင်ရှင်များအား အသိynmပေးဆောင်ရွက်ခဲ့ပါသည်။ စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းကိုစိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း အသိပေးဆွေးနွေးခဲ့မှုကိုသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ လုပ်ငန်းရှင်ပြည်သူများအား အသိပညာပေးဆွေးနွေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊  မြို့နယ်တာဝန်ခံသည် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစွာဝယ်ယူသုံးစွဲနိုင်ရေးရည်ရွယ်၍ ၂၀၂၄ခုနှစ်၊ မေလ (၂)ရက်နေ့၊  နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် သာပေါင်းမြို့နယ်၊ အသေးစားဆီစက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍  လုပ်ငန်းရှင်အသိပညာပေးဆွေးနွေးမှုများပြုလုပ်ာခဲ့ပါသည်။

    ထိုသို့ဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တာဝန်ခံက ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များအရည်အသွေးကောင်းမွန်ရေးနှင့် သင့်တင့်မျှတသောဈေးနှုန်းနှင့် ဈေးကွက်ရရှိရေးတို့ကို  ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ဆန်ဈေးနှုန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် စားသုံးသူများအား ဆန်ဈေးနှုန်းများ ဈေးနှုန်းမြင့်တင်ရောင်းချမှုရှိ/ မရှိကို  ၂၀၂၄ခုနှစ်၊ မေလ (၈)ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် ပူးပေါင်းအဖွဲ့များဖြင့်  ငပုတောမြို့နယ်၊ မြို့မဈေးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ငပုတောမြို့နယ်တာဝန်ခံက မြို့မဈေးအတွင်းရှိ ဆန်ဆိုင်များအား ဆန်ဈေးနှုန်းအခြေအနေများနှင့် ဈေးနှုန်းကြီးမြင့်စွာရောင်းချမှုရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးစုံစမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၌ လုပ်ငန်းရှင်ပြည်သူများအား အသိပညာပေးဆွေးနွေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ပုသိမ်ခရိုင်ဦးစီးမှူးနှင့် ကျုံပျော်မြို့နယ်တာဝန်ခံသည် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစွာဝယ်ယူသုံးစွဲနိုင်ရေးရည်ရွယ်၍ ၂၀၂၄ခုနှစ်၊ ဧပြီလ (၂)ရက်နေ့၊  နေ့လယ် (၁၂:၃၀) နာရီအချိန်တွင် ကျုံပျော်မြို့နယ်၊ ရေကြည်မြို့နယ်၊ ကျောင်းကုန်းမြို့နယ်များ၏ ဆီထုတ်ကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ လုပ်ငန်းရှင်အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

       ထိုသို့ဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးက ဆီထုတ်ကိုယ်စားလှယ်များအား စားအုန်းဆီများဖြန့်ဖြူးရာ၌ ဌာနမှထုတ်ပြန်ထားသော အသိပေးကြေငြာချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိစေရန် အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

       မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်းကာ (၇-၅-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့၊ ပတ္တမြားဈေး အတွင်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့သွားရောက်၍ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဈေးကွက်အတွင်းမှ ဘေးအန္တရာယ်ရှိသော ကုန်စည်များပပျောက်စေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

   ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များတွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြထားရှိခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားရှိသော ကုန်စည်များကိုသာရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များ၊ တားမြစ်ချက်များအကြောင်းကို အသိပညာပေးဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

ချောက်မြို့မစျေး၌ ပလတ်စတစ်လျှော့ချရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

     မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မစျေး၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များမသုံးစွဲရေးနေ့ဟုသတ်မှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ (၆-၅-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ချောက်မြို့မစျေး၌ ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်းမရှိစေရန်အတွက် စစ်ဆေးခြင်းနှင့် ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုးထုပ်ပိုးသုံးစွဲစေရေး အသိပညာပေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။

     ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့မစျေးအတွင်းနှင့် အပြင်တွင် ပလတ်စတစ်သုံးစွဲမှုလျှော့ချစေရေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ချောက်မြို့၊ အနော်ရထာတံတားဂိတ်၌ တရားမဝင်ကုန်သွယ်မှုမရှိစေရေး စစ်ဆေးဆောင်ရွက်

  မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၊ ဧရာဝတီမြစ်ကူး အနော်ရထာတံတားဂိတ်ရှိ မော်တော်ကားများပေါ်တွင် (၆-၅-၂၀၂၄)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် တရားမဝင်ကုန်သွယ်မှုမရှိစေရေး မော်တော်ယာဉ်အဝင်/ အထွက်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      အဆိုပါ အနော်ရထာတံတားဂိတ်တွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့ဝင်များဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများပါဝင်သောအဖွဲ့သည် တရားမဝင်ကုန်သွယ်မှုမရှိစေရေးနှင့် မြို့နယ်အတွင်းသို့ ကုန်ပစ္စည်းဝင်ရောက်ရာတွင် တရားမဝင်ကုန်စည်များ၏ အန္တရာယ်နှင့် တရားမဝင်ကုန်သွယ်မှုကြောင့် ဒေသတွင်း ထိခိုက်မှုမရှိစေရေးတို့အတွက်ရည်ရွယ်၍ စစ်ဆေးဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - HighLight News