Main menu

HighLight News

Powered by Drupal

သာကေတမြို့နယ်( ယုဇန )ဆိပ်ကမ်းရှိ ကမ်းရိုးတန်းသွားရေယာဉ်များအား သွားရောက်စစ်ဆေးခြင်း

         ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ ညွှန်ကြားချက်အရ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဝင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးရေးမှူး ဦးလှစိုး၊ ကုန်သွယ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကို၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ကြီးကြပ်ရေးမှူး ဦးဝင်းနိုင်၊ အမှတ်(၃)ရေကြောင်းရဲကွပ်ကဲမှုအဖွဲ့ခွဲမှ ရဲမှူးအောင်ကျော်ထူးနှင့် အကောက်ခွန်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဇော်တို့ပါဝင်သောအဖွဲ့များသည် (၁၀-၅-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် သာကေတမြို့နယ် (ယုဇန) ဆိပ်ကမ်းအား သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ (ယုဇန) ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော MV 527  ရေယာဉ်ဖြင့် ရန်ကုန်မြို့မှ ကော့သောင်းမြို့သို့ ဆန်၊ အရက်၊ စားသောက်ကုန်များကို တင်ဆောင်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် တရားဝင်ကုန်စည်များသာဖြစ်ကြောင်းနှင့်  အဆိုပါကုန်ပစ္စည်းများသည် ယုဇနကုမ္ပဏီလီမိတက်မှ ကော့သောင်းမြို့နယ်သို့ တန်ချိန်(၅၂၇)တန်တင်ပို့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

 DOCA(ရန်ကုန်)

Perfect Nine Nine Co.,Ltd အား အဖွဲ့စုံဖြင့်သွားရောက်စစ်ဆေးခြင်း

        ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးဦးဆောင်၍ ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာယုနန္ဒာအောင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကောင်းစံ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ရန်ကုန်) မှ ဒေါ်ဇွန်လေးနွယ်၊ မြန်မာနိုင်ငံဆေးနှင့် ဆေးလုပ်ငန်းရှင်များဆေးအသင်းမှ ‌ဦးကျော်ကျော်မြင့်(အလုပ်အမှုဆောင်)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဟိန်းဇေယျာ စသည့်အဖွဲ့ဝင်များပူးပေါင်း၍ (၇-၅-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၄:၃၀) နာရီတွင်  မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ  Perfect Nine Nine Co.,Ltd Co., ltd မှ လုပ်ငန်းရှင် ဦးကျော်ကျော်အောင်နှင့်   သွားရောက်တွေ့ဆုံ၍ ဆေးသိုလှောင်ရုံတွင်းရှိဆေးဝါးများအား စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်းသိရှိရပါ သည်။

           ဆေးသိုလှောင်ရုံအတွင်း ရှိ ဆေး(၄)မျိုး၏ ဝယ်ယူသည့်အရေအတွက်၊ သိုလှောင်ရုံပစ္စည်းလက်ကျန်၊ ဝယ်ယူသည့်နိုင်ငံ၊ သိုလှောင်သည့်နေရာ၊ ဝယ်ယူသည့်ဈေးနှုန်း၊ ရောင်းချသည့် ဈေးနှုန်း၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ဖြစ်သင့်ဖြစ်ထိုက်သည့်‌ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိတို့ကိုစိစစ်ခဲ့ပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် ‌ဆေးဝါးများကို ဈေးကစားရန်အလို့ငှာ သိုလှောင်ထားသည်ကိုစိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့မှုကို သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

Alpha Phama & Surgial Co.,Ltd အား အဖွဲ့စုံဖြင့်သွားရောက်စစ်ဆေးခြင်း

       ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးဦးဆောင်၍  ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာယုနန္ဒာအောင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကောင်းစံ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရန်ကုန်)မှ ဦးမင်းကိုလတ်၊ မြန်မာနိုင်ငံဆေးနှင့် ဆေးလုပ်ငန်းရှင်များဆေးအသင်းမှ ‌ဦးလှဌေး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးနေမင်းအောင် စသည့်အဖွဲ့ဝင်များပူးပေါင်း၍ (၇-၅-၂၀၂၄) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင်  မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ  Alpha Phama & Surgial Co., ltd မှ လုပ်ငန်းရှင် ‌ဒေါက်တာသူဇာလွင်နှင့်သွားရောက်တွေ့ဆုံ၍ ဆေးသိုလှောင်ရုံတွင်းရှိ ဆေးဝါးများ အား စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

          ဆေးသိုလှောင်ရုံအတွင်း စစ်ဆေးရာတွင် နှာခေါင်းပွင့်ဆေး၊ အအန်ပျောက်ဆေး စသည့် ဆေး(၂)မျိုးသာရောင်းချကြောင်း၊ အဆိုပါဆေးများဝယ်ယူသည့်အရေအတွက်၊ သိုလှောင်ရုံပစ္စည်း လက်ကျန်၊ ဝယ်ယူသည့်နိုင်ငံ၊ သိုလှောင်သည့်နေရာ၊ ဝယ်ယူသည့်ဈေးနှုန်း၊ ရောင်းချသည့်ဈေးနှုန်း၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ဖြစ်သင့်ဖြစ်ထိုက်သည့်‌ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိတို့ကိုစိစစ်ခဲ့ပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် ‌ဆေးဝါးများကို ဈေးကစားရန်အလို့ငှာ သိုလှေင်ထားသည်ကိုစိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

Asia Health & Wealth Co., ltd အား အဖွဲ့စုံဖြင့် သွားရောက်စစ်ဆေးခြင်း

         ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးဦးဆောင်၍  ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာယုနန္ဒာအောင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကောင်းစံ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရန်ကုန်)မှ ဦးမင်းကိုလတ်၊ မြန်မာနိုင်ငံဆေးနှင့်ဆေးလုပ်ငန်းရှင်များဆေးအသင်းမှ ‌ဒေါက်တာခိုင်သက်ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးအောင်နိုင်ဝင်း စသည့်အဖွဲ့ဝင်များပူးပေါင်း၍ (၇-၅-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင်  မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ  Asia Health & Wealth Co., ltd မှ လုပ်ငန်းရှင် ‌ဒေါက်တာသန်းဆင့်နှင့်သွားရောက်တွေ့ဆုံ၍ ဆေးသိုလှောင်ရုံတွင်းရှိ ဆေးဝါးများအား စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

           ဆေးသိုလှောင်ရုံအတွင်းစစ်ဆေးရာတွင် Albrel (Human Albumin Solution BP/EP) ‌ဆေးတစ်မျိုးသာရှိပြီး အဆိုပါဆေးဝယ်ယူသည့်အရေအတွက်၊ သိုလှောင်ရုံပစ္စည်းလက်ကျန်၊ ဝယ်ယူသည့်နိုင်ငံ၊ သိုလှောင်သည့်နေရာ၊ ဝယ်ယူသည့်ဈေးနှုန်း၊ ရောင်းချသည့်ဈေးနှုန်း၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ဖြစ်သင့်ဖြစ်ထိုက်သည့်‌ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိတို့ကို စိစစ်ခဲ့ပြီး တချို့ဆေးဝါးများမှာ လိုင်စင်လျှောက်ထားဆဲဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ဆန်သိုလှောင်ရုံနှင့် ဆန်ဆိုင်ကြီးများအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးအောင်တင်စိုး၊ ခရိုင်ဦးစီးမှူးပါ (၃)ဦး၊ ဘုရင့်နောင်ဈေးစည်ပင်ဌာနမှ ဦးမင်းထူး(ပုံသေ)၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဦးညီညီပိုင်ထက်(အလုပ်အမှုဆောင်)တို့ပူးပေါင်းပါဝင်လျက် ၉.၅.၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၅၀)နာရီအချိန်မှစ၍ ဘုရင့်နောင်ဈေးကြီးအတွင်းရှိ ဆန်ဆိုင်များ၊ ဆန်သိုလှောင်ရုံများသို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရခြင်းမှာ ဆန်အပါအဝင် အခြေခံစားသောက်ကုန်ပစ္စည်းများပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် ဈေးနှုန်းများတည်ငြိမ်စေရေးအတွက် ကြပ်မတ် ဆောင်ရွက်စေရန်အတွက် ဆန်ဆိုင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ ဘုရင့်နောင်ဈေးကြီးအတွင်းရှိ ဆန်သိုလှောင်ရုံနှင့်ဆန်ဆိုင်ကြီးများဖြစ်သော သီရိပွဲရုံ၊ ချမ်းသာအောင်ပွဲရုံ၊ ငွေပဒေသာဆန်ဆိုင်၊ ဦးဝင်းနိုင်ဆန်ဆိုင်၊ ကမ္ဘာကျော်ပွဲရုံနှင့် အောင်မြတ်ကျော်ပွဲရုံတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိပါသည်။

DOCA(ရန်ကုန်)

မုံရွာမြို့၊ အ.ထ.က-၂ တွင်ကျင်းပပြုလုပ်သည့် အလယ်အလတ်အဆင့် မွန်းမံသင်တန်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

       စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ချောင်းဦးမြို့နယ်တာဝန်ခံသည် စားသုံးသူကာကွယ်ပေးရေး၊ အသိပညာများတိုးပွားရရှိစေရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို ၂၀၂၄ခုနှစ်၊ မေလ ၉ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင်ပြုလုပ်ခဲ့ရာ မုံရွာမြို့၊ အ.ထ.က -၂ တွင်ကျင်းပပြုလုပ်သည့် အလယ်အလတ်အဆင့် မွန်းမံသင်တန်း၌ တက်ရာက်လျက်ရှိသော ဆရာ/ ဆရာမစုစုပေါင်း (၁၀၅) ဦးတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

       အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဦးမြို့နယ်တာဝန်ခံက သင်တန်းသူများ အသိပညာများတိုးပွားရရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲများဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ မိမိတို့ဝန်ကြီးဌာန၊ ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို မိတ်ဆက်စကားပြောကြားခဲ့ပြီး စားသုံးသူများရသင့်ရထိုက်သော အခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုများနှင့်ပတ်သက်၍ တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ အာမခံပေးရမည့်အချက်များ၊ ကုန်စည်များကို ထုတ်လုပ်ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာထည့်သွင်းဖော်ပြကြရန်နှင့် စားသုံးသူများကလည်း ဝယ်ယူသုံးစွဲရာတွင်   ကုန်အညွှန်းအမှတ်အသားကို အလေးထားကြည့်ရှုပြီး ပြည့်စုံမှန်ကန်မှသာဝယ်ယူကြရန် စသည့်အကြောင်းအရာများ၊ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားရမည့်နည်းလမ်းများနှင့် တိုင်ကြားမှုများအပေါ် ဌာန၏ ဖြေရှင်းဆောင်ရွက်ခဲ့သည့် အမှုတွဲများအကြောင်း ဟောပြောဆွေးနွေးခဲ့မှုကိုသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပြည်နယ်ဦးစီးမှူးသည် ရေသန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ

     (၁၀-၅-၂၀၂၄) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ MYCH အမှတ်တံဆိပ် ရေသန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့သည်။

      ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေ (၁/၂၀၁၉) တွင် ပြဋ္ဌာန်းထားသည့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြမှုဆိုင်ရာ အချက်များကိုဆွေးနွေးခဲ့ပြီး ရေသန့်ထုတ်လုပ်မှုအခြေအနေ၊ ဖြန့်ဖြူးမှုအခြေအနေ၊ ကြုံတွေ့ရသော အခက်အခက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

လားရှိုးမြို့ပေါ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများအား ကွင်းဆင်းစစ်ဆေးခြင်း

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ ညွှန်ကြားချက်အရ လားရှိုးမြို့ပေါ်တွင် ဆန်၊ ဆီ၊ ဆားနှင့် အခြားအခြေခံစားသောက်ကုန်များပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် ဈေးနှုန်းများတည်ငြိမ်စေရန် လားရှိုးမြို့ပေါ်ရှိ ဆန်ဆိုင်ကြီးများအား (၁၀-၅-၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး၊ လားရှိုးမြို့မှ တာဝန်ခံအရာရှိများက  ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

    လားရှိုးမြို့ပေါ်ရှိ ဆန်ဆိုင်များအားစစ်ဆေးရာတွင် ပေါ်ဆန်းတစ်အိတ်လျှင် ၁၅၅၀၀၀ကျပ်မှ ၂၀၀၀၀၀ကျပ်အထိ၊ လုံးသွယ်မွှေးတစ်အိတ်လျှင် ၁၂၀၀၀၀ကျပ်မှ ၁၄၀၀၀၀ကျပ်အထိ၊ မနောသုခတစ်အိတ်လျှင် ၁၂၀၀၀၀ကျပ်မှ ၁၄၀၀၀၀ကျပ်အထိ၊ ဧရာမင်းတစ်အိတ်လျှင် ၁၃၅၀၀၀ကျပ်မှ ၁၈၀၀၀၀ကျပ်အထိ၊ ဧည့်မထတစ်အိတ်လျှင် ၈၆၀၀၀ကျပ်မှ ၉၆၀၀၀ကျပ်အထိ၊ မဂျမ်းတောတစ်အိတ်လျှင် ၁၅၀၀၀၀ကျပ်မှ ၁၈၅၀၀၀ကျပ်အထိရှိကြောင်းသိရှိရပါသည်။ ဆန်ဈေးနှုန်းများမှာ အမှတ်တံဆိပ်ပေါ်လိုက်၍ ဈေးနှုန်းပြောင်းလဲရှိသော်လည်း ဈေးနှုန်းမြင့်တက်မှုမရှိကြောင်းသိရှိရပါသည်။ နိုင်ငံရေးအခြေအနေများကြောင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲရှိသော်လည် လားရှိုးမြို့အနီးရွာများမှ ကောက်ညှင်းဆန်နှင့် ရှမ်းဆန်များဝင်ရောက်မှုရှိနေသောကြောင့် ဆန်ပြတ်လပ်မှုမရှိနိုင်ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

မုန့်လုပ်ငန်းများအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့်ပူးပေါင်းကာ ၂၀၂၄ခုနှစ်၊ မေလ(၈)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ရှိ Sweet Tasty တံဆိပ် ကိတ်/ ပေါင်မုန့်လုပ်ငန်းနှင့် ဆန်ဆိုင်း(က)ရပ်ကွက်ရှိ ရွှင်ရှန်းတံဆိပ် ကိတ်/ ပေါင်မုန့်လုပ်ငန်းများသို့သွားရောက်၍ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့စစ်ဆေးရာတွင် Sweet Tasty တံဆိပ် ကိတ်မုန့်/ ပေါင်မုန့်နှင့် ရွှင်ရှန်းတံဆိပ် ကိတ်/ ပေါင်မုန့်တို့ကို စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကိုလည်း သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် လုပ်ငန်းရှင်များအား စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊  လုပ်ငန်းတွင် အသုံးပြုသောစက်ပစ္စည်းများကို သန့်ရှင်းရေးပုံမှန်ပြုလုပ်ပေးရန်၊ သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းမှတ်ပုံတင်များ၊ ထောက်ခံချက်များပြုလုပ်ဆောင်ရွက်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ” ကိုသိရှိလိုက်နာဆောင်ရွက်နိုင်စေရန် အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

စားအုန်းဆီရောင်းချမှုများအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

      ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်အတွင်းရှိ ကျောက်မဲမြို့၊ သီပေါမြို့နှင့် နောင်ချိုမြို့နယ်တို့တွင် စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် (၆-၅-၂၀၂၄) ရက်နေ့ ၊ နံနက်(၀၉:၀၀)နာရီချိန်တွင် သီပေါမြို့၌လည်းကောင်း၊ (၇-၅-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် နောင်ချိုမြို့၌လည်းကောင်း၊ (၈-၅-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီချိန်တွင် ကျောက်မဲမြို့၌လည်းကောင်း အသီးသီးရောင်းချခဲ့ကြောင်းသိရှိရပါသည်။

  ဈေးကွက်အတွင်းရှိ စားအုန်းဆီရောင်းချပေးနေသည့်ဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာနကဦးဆောင်ပြီး သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်အတူသွားရောက်၍ ဆီရောင်းချသူလုပ်ငန်းရှင်များအား စားအုန်းဆီများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်နှင့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများအတိုင်းရောင်းချကြရန်၊ စားအုန်းဆီများအား ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမပြုကြရန်၊ သိုလှောင်ထားရှိကြောင်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ (၅) အရ အနည်းဆုံးထောင်ဒဏ် (၆) လမှ အများဆုံး‌ထောင်ဒဏ် (၃) နှစ်အထိချမှတ်နိုင်သည့်အပြင် ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ်လည်းချမှတ်ခံရနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေတွင်ပါရှိသည့် အခန်း(၁၀)၊ ဥပဒေပုဒ်မ(၂၁)တွင် ဖော်ပြထားသည့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်းကို အသိပညာပေးပြောကြားခဲ့ကြောင်းနှင့် စားအုန်းဆီ (၁) ပိဿာလျှင် (၆၃၀၀) ကျပ်နှုန်းဖြင့် စားသုံးသူပြည်သူတစ်ဦးလျှင် (၁) ပိဿာနှုန်းစီရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - HighLight News