San La Min Co., ltd အား ဌာနဆိုင်ရာများဖြင့် သွားရောက်စစ်ဆေးခြင်း

Powered by Drupal

       ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုး ဦးဆောင်၍  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာစုစုလွင်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ရန်ကုန်)မှ ဒေါက်တာကိုကိုအောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒေါ်ဆုလတ်ဝင်းတို့ပူးပေါင်း၍ (၁၃-၅-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၄:၃၀) နာရီအချိန်တွင်  အမှတ်(၇၇၀, ပထမထပ်)(က+ခ) ရှု့ခင်းသာမြို့ပတ်လမ်း၊(အရှေ့)သာကေတမြို့နယ်ရှိ  San La Min Co., ltd မှ ‌မန်နေဂျာ ဦးကျော်မိုးအောင်နှင့်သွားရောက်တွေ့ဆုံ၍ ဆေးသိုလှောင်ရုံတွင်းရှိဆေးဝါးများအား စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

      ဆေးသိုလှောင်ရုံအတွင်းစစ်ဆေးရာတွင် အားဆေး၊ သံဓာတ်အားဆေး၊ ယားနာလိမ်းဆေး၊ အမျိုးသမီးသုံးအားဆေး၊ ဟော်မုန်းအားဆေး စသည့်ဆေးများယူသည့်အရေအတွက်၊ သိုလှောင်ရုံပစ္စည်းလက်ကျန်၊ ဝယ်ယူသည့်နိုင်ငံ၊ သိုလှောင်သည့်နေရာ၊ ဝယ်ယူသည့်ဈေးနှုန်း၊ ရောင်းချသည့်ဈေးနှုန်း၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ဖြစ်သင့်ဖြစ်ထိုက်သည့်‌ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိတို့ကိုစိစစ်ခဲ့ပြီး ဆေးဝါးများမှာ လက်ကျန်နည်းပြီး လိုင်စင်လျှောက်ထားသည်မှာ ပြန်မကျသေးကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)