Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
04 Mar 2024

      အိန္ဒိယနိုင်ငံတွင် သီးနှံရာသီအသစ်မှ ရိတ်သိမ်းထွက်ရှိသော ဆီမုန်ညင်းများ ဈေးကွက်သို့ စတင်ဝင်ရောက်လျက်ရှိပြီး ယခုနှစ်၌ တန်ချိန် ၁၄ သန်းခန့်အထိ စံချိန်တင်ထွက်ရှိနိုင်မည့် ခန့်မှန်း ချက်နှင့်အတူ ဈေးနှုန်းများသည်လည်း အစိုးရက အနိမ့်ဆုံးထားရှိ ဝယ်ယူမည့် အခြေခံရည်ညွှန်း ဈေးနှုန်း (MSP) အောက်သို့ ကျဆင်းမှုက တောင်သူများအတွက် စိတ်မချမ်းမြေ့ဖွယ်ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။

26 Feb 2024

    တရုတ်နိုင်ငံ၏ ဘတ္ထရီနှင့် လျှပ်စစ်ကား ထုတ်လုပ်သည့် BYD ကုမ္ပဏီသည် မက္ကဆီကိုနိုင်ငံတွင် EV စက်ရုံ တည်ဆောက်ရန် ပြင်ဆင်နေကြောင်း မက္ကဆီကို နိုင်ငံဆိုင်ရာ ကုမ္ပဏီခွဲ၏ အကြီးအကဲက သတင်းထောက်များကို ပြောကြားခဲ့ပါသည်။ လက်ရှိအချိန်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် စက်ရုံတည်ဆောက်မည့်နေရာအတွက် မက္ကဆီကိုနိုင်ငံမှ တာဝန်ရှိသူများနှင့် ဆွေးနွေးမှုများပြုလုပ်နေကြောင်း သိရပါသည်။

26 Feb 2024

    ဗီယက်နမ်နိုင်ငံ၏ လျှပ်စစ်ကားကုမ္ပဏီ VinFast သည် အင်ဒိုနီးရှားနိုင်ငံတွင် စက်ရုံတည်ဆောက်ရန်နှင့် ဆောက်လုပ်ရေးလုပ်ငန်းများကို ယခုနှစ်တွင် စတင်သွားရန် စီစဉ်နေကြောင်း အင်ဒိုနီးရှားနိုင်ငံ စက်မှုဝန်ကြီး၏ ပြောကြားချက်အရ သိရပါသည်။ လက်ရှိတွင် Vinfast နှင့် စက်ရုံတည်ဆောက်ရန်ဖြစ်နိုင်ချေရှိသော နေရာများအား ဆွေးနွေးနေကြောင်း ဂျကာတာမြို့တွင် ၁၉.၂.၂၀၂၄ က အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနှင့် ပြုလုပ်ခဲ့သည့်အစည်းအဝေး တက်ရောက်အပြီးတွင် ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ အင်ဒိုနီးရှားအစိုးရအနေနှင့် စက်ရုံ တည်ဆောက်ရန် ဖြစ်နိုင်ချေရှိသော နေရာများအဖြစ် ဘတန်မြို့၊ ကာရဝမ်မြို့၊ ဗဟိုဂျာဗား၊ အနောက်

26 Feb 2024

    ဗီယက်နမ်နိုင်ငံ၌ ဟိုချီမင်းမြို့တော်အပါအဝင် တောင်ပိုင်းဒေသများသည် အယ်လ်နီညိုဖြစ်စဉ်ကြောင့် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ကာလပိုမိုကြာရှည်ပြီး အားပြင်းသည့် အပူလှိုင်းကို ကြုံတွေ့ရဖွယ်ရှိကြောင်း Vietnam News သတင်းဌာနက ဖော်ပြပါသည်။

26 Feb 2024

   ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် အသက်ဝင်မည့် ဘူးသွင်း စားသုံးဆီဈေးနှုန်းကို တစ်လီတာလျှင် ၁၀ တာကာလျှော့ချကာ  ၁၆၃ တာကာဖြင့် ပုံသေဈေးနှုန်း သတ်မှတ်ချက်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း Daily Bangladesh က ဖော်ပြပါသည်။ အဆိုပါထုတ်ပြန်ချက်တွင် အလွတ်ရောင်းချသည့် ပဲပုပ်ဆီ ဈေးနှုန်းကို တစ်လီတာလျှင် ၁၄၉ တာကာ နှုန်းဖြင့် သတ်မှတ်ခဲ့ကြောင်း သိရပါသည်။

26 Feb 2024

   ထိုင်းနိုင်ငံ၌ ပြည်တွင်းထုတ်ကုန်များ၏ စျေးကွက်အတွင်း တန်ဖိုးတိုးမြင့်လာစေရန်နှင့် ထိုင်းလူငယ်လူရွယ်များအား ၎င်းတို့၏လူမှုအသိုင်းအဝိုင်းတွင် ရေရှည်ရပ်တည် ရှင်သန်နေထိုင်နိုင်ရန်တို့အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပထဝီဒေသ ဆိုင်ရာ အညွှန်းကိန်း (GI) ထုတ်ကုန်ကဏ္ဍကို တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း Bangkok Post သတင်းဌာနက ‌ဖော်ပြပါသည်။

26 Feb 2024

      အိန္ဒိယနိုင်ငံ၌ ပြည်တွင်းစားနပ်ရိက္ခာဖူလုံမှုနှင့် ဆန်ဈေးနှုန်းများမြင့်တက်မှုအား ထိန်းသိမ်းနိုင်ရန်အတွက် အစိုးရသည် ပြည်ပသို့ပေါင်းဆန်များတင်ပို့မှုအပေါ် ပို့ကုန်အခွန် ၂၀% သတ်မှတ်ကောက်ခံခြင်းအား ၂၀၂၃ ခုနှစ် ဩဂုတ်လမှ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက် နေ့အထိ သက်ရောက်မှုရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ထားခဲ့သည်။

26 Feb 2024

   အိန္ဒိယနိုင်ငံ၌ နောင်လာမည့် မိုးကြက်သွန်နီ ရိတ်သိမ်းထွက်ပေါ်ချိန်အထိ ကြက်သွန်နီ အရောင်းပြတ်လပ်မှုကို တွေ့ကြုံနိုင်ဖွယ်ရှိကြောင်း ကုန်သည်အသိုင်းအဝိုင်းက ပြောဆိုလျက်ရှိပါသည်။

26 Feb 2024

    အိန္ဒိယနိုင်ငံသည် ပြည်ပရေးရာဝန်ကြီးဌာန၏ ထောက်ခံချက်ဖြင့် အချို့နိုင်ငံများသို့ G2G စနစ်အရ ကြက်သွန်နီတင်ပို့ရန်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ထိုသို့ ကြက်သွန်နီ တင်ပို့မှုကို ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ မောရစ်သျှ၊ ဘာရိန်း၊ ဘူတန်နှင့် နီပေါနိုင်ငံများသို့ ပမာဏ အကန့်အသတ်ဖြင့် ခွင့်ပြုခြင်းမှာ နှစ်နိုင်ငံစေ့စပ်ညှိနှိုင်းဆွေးနွေးမှုအရသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကြက်သွန်နီတင်ပို့မှုတားမြစ်ပိတ်ပင်ထားမှုကို ဖြေလျှော့မှုရှိမရှိကိုမူ ဆုံးဖြတ်ချက် ချမှတ်မှုမရှိသေးကြောင်း သိရှိရပါသည်။

26 Feb 2024

   အိန္ဒိယနိုင်ငံ၏ သကြားထုတ်လုပ်မှုသည် ယခုနှစ် ၂၀၂၃-၂၀၂၄ စျေးကွက်ရာသီတွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ သကြားတန်ချိန်ပေါင်း ၂၂.၃၆ သန်းထုတ်လုပ်နိုင်ခဲ့ရာ ယခင်နှစ်ကာလတူ၌ ထုတ်လုပ်မှု သကြားတန်ချိန်ပေါင်း ၂၂.၉၃ သန်းနှင့် နှိုင်းယှဉ်ပါက ၂.၄၈% ကျဆင်းခဲ့ကြောင်း အိန္ဒိယသကြားစက်ရုံလုပ်ငန်းများအသင်း (ISMA) ၏ နောက်ဆုံးထုတ်ပြန်သော အချက်အလက်များတွင် ဖော်ပြထားသည်။

26 Feb 2024

    အာဆီယံ-တရုတ်လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် (ACFTA)က အထူးသဖြင့် သကာရည်၊ ပျားရည်အတုနှင့် သကြားအစားထိုး ဆီးချိုသကြားမျိုးစုံ အပါအဝင် ပြုပြင်ပြီး သကြားထွက်ကုန်များအား ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့မှုကို မြင့်တက်စေခဲ့ကြောင်း ဘန်ကောက် အခြေစိုက် VNA သတင်းဌာနက ၁၇-၂-၂၀၂၄ နေ့၌ ဖော်ပြပါသည်။

26 Feb 2024

   နှစ်နိုင်ငံအကြား ပဲမျိုးစုံကုန်သွယ်မှုမြှင့်တင်ရာတွင် အထူးသဖြင့် မတ်ပဲနှင့် ပဲစင်းငုံတို့ကို တိုးမြှင့်တင်ပို့နိုင်ရန်အတွက် ဘရာဇီးနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မည့် အစီအမံတစ်ရပ်ကို ဖော်ဆောင်လျက်ရှိသည်ဟု နယူး‌ဒေလီမြို့ရှိ ဘရာဇီးသံရုံးမှ စိုက်ပျိုးရေးသံမှူးက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Pages