Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
19 Feb 2024

     နိုင်ငံတစ်ဝန်းတွင် ဆန်ဝယ်ယူရရှိရန် လွယ်ကူမှုနှင့် ဈေးနှုန်းများတည်ငြိမ်မှု ရရှိစေရန်အတွက် စီမံချက် (၅) ခုဖြင့် အကောင်အထည်ဖော်လျက်ရှိကြောင်း အင်ဒိုနီးရှား အမျိုးသား စားနပ်ရိက္ခာအေဂျင်စီ၏ အကြီးအကဲ Arief Prasetyo Adi က ၁၁-၂-၂၀၂၄ နေ့တွင် ပြောကြား ခဲ့သည်။

19 Feb 2024

    အင်ဒိုနီးရှားနိုင်ငံ၌ ၂၀၂၃ နှစ်ကုန်ပိုင်းတွင် မီနီမားကတ်များနှင့် စူပါမားကတ်များ၌ ဆန် ရောင်းချမှုကန့်သတ်ချက်များ တိုးမြင့်လာနေချိန်တွင် ဆန်လက်ကျန်များ လုံလောက်မှုရှိကြောင်း အစိုးရက ၁၂-၂-၂၀၂၄ ရက်နေ့၌ ပြောဆိုခဲ့ပါသည်။

    နိုင်ငံတော်သမ္မတနှင့် ညှိနှိုင်းအစည်းအဝေး ပြုလုပ်ပြီးနောက် ဆန်လက်ကျန် လုံလောက်မှု အပေါ် အာမခံပါကြောင်းနှင့် ခေတ်မီလက်လီအရောင်းဆိုင်များအတွက် ဆန်ရရှိနိုင်မှုကို အရှိန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အင်ဒိုနီးရှား အမျိုးသားစားနပ်ရိက္ခာအေဂျင်စီ၏ အကြီးအကဲ Arief Prasetyo Adi က သတင်းထောက်များအား ပြောကြားခဲ့ခြင်းဖြစ်သည်။

19 Feb 2024

   ဖိလစ်ပိုင်နိုင်ငံ၌ ဆန်ဖြန်ဖြူးရောင်းချနိုင်မှုသည် ယခုနှစ် ပထမနှစ်ဝက်တွင် လုံလောက်မှု ရှိနေမည်ဖြစ်သော်လည်း အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် ဆန်စပါးဈေးနှုန်းများမှာ မြင့် တက်လာနိုင်ကြောင်း၊ အထူးသဖြင့် ဝယ်လိုအားနှင့် နိုင်ငံတကာဈေးနှုန်းများ မြင့်တက်လာခြင်း သည် ကမ္ဘာ့ဆန်ရောင်းချမှုအပေါ် သက်ရောက်မှုရှိပြီး စက်တင်ဘာလအထိ ဈေးနှုန်းများ ဆက်လက် မြင့်မားဖွယ်ရှိကြောင်းနှင့် အယ်လ်နီညိုကို အကြောင်းပြလျက် ဆန်စပါးရောင်းလိုအားအပေါ် ဈေးကစားအမြတ်ထုတ်မှုများ မဖြစ်ပေါ်စေရေး ကာကွယ်လုပ်ဆောင်ရန် လိုအပ်မည်ဖြစ် ကြောင်း ဖိလစ်ပိုင် စိုက်ပျိုးရေးအတွင်းဝန် Francisco Tiu Laurel Jr.

19 Feb 2024

    ထိုင်းနိုင်ငံ၌ ၂၀၂၄ ခုနှစ်တွင် ပထဝီဒေသဆိုင်ရာအညွှန်းကိန်း (GI) ထုတ်ကုန်များ ရောင်း ချခြင်းမှ ထိုင်းဘတ် ၆၀ ဘီလီယံအထိ ဝင်ငွေရရှိရန် ရည်ရွယ်လျက် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနသည် GI ထုတ်ကုန်အရေအတွက်စာရင်း၌ ကုန်စည် ၂၀ မျိုး ထပ်မံပေါ်ထွန်း လာရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း Bangkok Post သတင်း ဌာနက ‌ဖော်ပြပါသည်။

19 Feb 2024

    အိန္ဒိယပြည်တွင်း ဈေးကွက်အတွင်း ဂျုံဝယ်ယူရရှိလွယ်မှုကို တိုးတက်စေရန်နှင့် ဂျုံဈေးနှုန်း များကို သင့်တင့်မျှတစေရန်အတွက် ကုန်သည်များ၊ ပြုပြင်ထုတ်လုပ်သူများနှင့် လက်လီရောင်းချ သူများ လက်ဝယ်၌ သိုလှောင်ခွင့်ရှိသော ဂျုံပမာဏကို လျှော့ချကန့်သတ်လိုက်ကြောင်း အိန္ဒိယ စားနပ်ရိက္ခာဝန်ကြီးဌာနက ၈-၂-၂၀၂၄ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။

19 Feb 2024

    အိန္ဒိယနိုင်ငံတွင် ပြည်သူများ အစဉ်အလာအားဖြင့် စားသုံးလေ့မရှိသော ဆန်မျိုးကွဲအချို့ကို ပြည်ပသို့တင်ပို့နိုင်ရန်အတွက် အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် ပြုပြင်ထုတ်လုပ်ပြီး စားသောက် ကုန်များတင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့ (APEDA) သည် ဆန်နီ (Red Rice)၊ ငချိတ်ဆန် (Black Rice) နှင့် ကာလာနာမက်ဆန် (Kalanamak Rice) ဟုခေါ်ဆိုသည့် စပါးခွံ အမည်းဆန် ကဲ့သို့သော ပထဝီ ကုန်အညွှန်းအမှတ်အသား (GI) များရှိသည့် ဆန်မျိုးကွဲများအတွက် သီးခြား HSN codes များကို တီထွင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

19 Feb 2024

    ကမ္ဘောဒီးယားနိုင်ငံ၏ သီဟိုဠ်စေ့ကဏ္ဍကို မြှင့်တင်ရန်အတွက် ဥရောပဈေးကွက်တွင် သရေစာထုတ်လုပ်သည့် ထိပ်တန်းကုမ္ပဏီဖြစ်သော Intersnack လုပ်ငန်းအုပ်စုသည် ကမ္ဘော ဒီးယား စိုက်ပျိုးရေးသမဝါယမ ကော်ပိုရေးရှင်း (CACC) ထံမှ သီဟိုဠ်စေ့ အဆန်ခြောက် ထုတ်ကုန် များကို ဝယ်ယူမည်ဖြစ်ကြောင်း သိရှိရပါသည်။

19 Feb 2024

    ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ဇန်နဝါရီလတွင် ပြည်ပသို့ ကော်ဖီတန်ချိန် ၂၃၀၀၀၀ တင်ပို့ ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆၂၃ သန်းရရှိခဲ့ရာ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ပမာဏအားဖြင့် ၆၁.၆% နှင့် တန်ဖိုးအားဖြင့် ၁၀၀.၃% တိုးတက်ခဲ့ကြောင်း ဗီယက်နမ် စိုက်ပျိုးရေးနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

19 Feb 2024

    အိန္ဒိယနိုင်ငံတွင် ယခင်နှစ် စိုက်ပျိုးမှုဧရိယာနှင့် နှိုင်းယှဉ်ပါက ယခုနှစ် ကုလားပဲစိုက်ပျိုးမှု မှာ လျော့နည်းခဲ့သည့်အပြင် ကာနာတကာကဲ့သို့သော ပြည်နယ်များ၌ ရာသီဥတုကောင်းမွန်မှု မရှိသဖြင့် အထွက်နှုန်းကျဆင်းဖွယ်ရှိပြီး ဈေးကွက်ပြတ်လပ်မှု ဖြစ်ပေါ်နိုင်ခြင်းကြောင့် ၂၀၂၄ ခုနှစ် မတ်လကုန်ဆုံးချိန်၌ အိန္ဒိယ၏ စားတော်ပဲတင်သွင်းမှုမှာ တန်ချိန် ၁၀ သိန်းအထိ ရောက်ရှိနိုင်ကြောင်း ကုန်သည်အသိုင်းအဝိုင်းက ခန့်မှန်းလျက်ရှိသည်။

19 Feb 2024

    အိန္ဒိယနိုင်ငံ၌ ကုလားပဲဖူလုံမှုအတွက် စိုးရိမ်ရန် မရှိကြောင်းပြောဆိုမှုနှင့်အတူ ရှေ့လာမည့် နေ့ရက်များအတွင်း ပဲစင်းငုံနှင့် မတ်ပဲတို့၏ ဈေးနှုန်းများ သင့်တင့်မှုမရှိပဲ လွန်ကဲစွာ မြင့်တက်မှုရှိ ပါက ပဲမျိုးစုံ ကုန်သွယ်မှုနှင့် စပ်လျဉ်း၍ ထိရောက်သော စီမံဆောင်ရွက်မှုများ လုပ်ဆောင်မည်ဟု အိန္ဒိယအစိုးရက သတိပေးပြောဆိုကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။

14 Feb 2024

   ဗီယက်နမ်နိုင်ငံသည် ၂၀၂၃ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ၏ တတိယမြောက် အကြီးမားဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် နှစ်နှစ်ဆက်တိုက်ရပ်တည်နိုင်ခဲ့ကြောင်း ဒေတာအချက်အလက်များအရသိရပါသည်။ ၂၀၂၃ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့၏ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုပမာဏမှာ စုစုပေါင်းအမေရိကန်ဒေါ်လာ (၇၉.၄၃) ဘီလီယံရှိခဲ့ပြီး တောင်ကိုရီးယားနိုင်ငံမှ ဗီယက်နမ်သို့ ပို့ကုန်တင်ပို့မှုပမာဏမှာ အမေရိကန်ဒေါ်လာ (၅၃.၄၉) ဘီလီယံရှိကာ သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ (၂၇.၅၅) ဘီလီယံရှိခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ၊ နိုင်ငံတကာကုန်သွယ်ရေးအသင်း၏ ဒေတာအချက်အလက်များအရသိရပါသည်။ တောင်ကိုရီးယာ

13 Feb 2024

          ထိုင်းနှင့်သီရိလင်္ကာ နှစ်နိုင်ငံကြား လွတ်လပ်စွာကုန်သွယ်မှုသဘောတူစာချုပ်ကို ၃-၂-၂၀၂၄ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ရာ သီရိလင်္ကာနိုင်ငံအတွက် ဆယ်စုနှစ်များစွာအတွင်း တွေ့ကြုံနေရသည့် အဆိုးရွားဆုံးဘဏ္ဍာရေးအကျပ်အတည်းမှ ရုန်းထွက်နိုင်ရေး အထောက်အကူ ပြုနိုင်မည်ဟု မျှော်လင့်ရကြောင်း Bangkok Post သတင်းဌာနက ဖော်ပြပါသည်။

Pages