Main menu

ဟင်းသီးဟင်းရွက်စိုက်ပျိုးသူတောင်သူများ Famer Market ထူထောင်ရေး စုပေါင်းဆွေးနွေးပေး

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်း၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် UMFCCI ဗဟိုအလုပ်မှုဆောင် ဦးအောင်ကြည်စိုးတို့သည် ညောင်တုန်းမြို့နယ် ထိပ်ဝလေးကျေးရွာ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူ ဦးကျော်ဟိန်း၏နေအိမ်၌ (၂၃.၁.၂၀၂၂)နေ့ နံနက်တွင် စိုက်ပျိုးထုတ်လုပ်နေသော ဟင်းသီး ဟင်းရွက်များ Famer Market ဖော်ဆောင်၍ ဈေးကွက်ရရှိရေး တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          အဆိုပါ ဆွေးနွေးပွဲသို့ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူး စိုက်ပျိုးသူ ဆောင်သူ(၇)ဦးနှင့် UMFCCI ဗဟိုအလုပ်မှုဆောင် ဦးအောင်ကြည်စိုးတို့သည် ဆွေးနွေးရာ UMFCCI ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်စိုးမှ သမရိုးကျစိုက်ပျိုးထုတ်လုပ်သည်မှ GMP၊ GAP နည်းစနစ်များဖြင့် စိုက်ပျိုးထုတ်လုပ်ပြီး ဈေးကွက်ရရှိရေးကို စတင်ဆွေးနွေးပြီး တောင်သူတစ်ဦးမှ ဟင်းသီးဟင်းရွက်ဈေးကွက်တည်ငြိမ်ရေး သွင်းအားစုများဈေးနှုန်းသက်သာရေး စိုက်ပျိုးရေး နည်းပညာများ ရရှိရေးတို့ကို တင်ပြလာမှုအပေါ် UMFCCI ဗဟိုအလုပ်မှုဆောင်၊ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးတို့မှ သဘာဝမြေဩဇာများ အစားထိုးသုံးစွဲရေး စိုက်ပျိုးဧကများကို စာရင်းများ ပြုစု၍ ဈေးကွက်တည်ငြိမ်မှုအတွက် GMP၊ GAP နည်းများဖြင့် စိုက်ပျိုး၍ Famer Market ထူထောင်ရေးတို့ကို အလေးပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)