Main menu

စစ်ကိုင်းတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်

Powered by Drupal

     ၁၀.၄.၂၀၂၄ နေ့ ၊နံနက် (၁၀:၀၀) နာရီအချိန် စီပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ဒု-တိုင်းဒေသကြီး ဦးစီးမှူးဦးဆောင်၍ စစ်မှုထမ်းဟောင်းဥပဒေဆိုင်ရာအကြောင်းနှင့် ရုံးချုပ်၏လမ်းညွှန်မှုနှင့်အတူ အီလက်ထရောနစ်အငွေ့ရှူစက်များနှင့် ပတ်သက်၍ စားသုံးသူများအားနစ်နာမှုမရှိစေရန် ဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပရာ ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစု စုစုပေါင်းလူဦးရေ (၆၅ )ဦးတက်ရောက်ကြောင်း သတင်းရရှိပါသည်။

      ဒု- တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ရီလင်းထွဋ်က တက်ရောက်လာသူများအား စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့်တက်ရောက်ရမည့်အရွယ် အသက်ကန့်သတ်ချက်၊ မဖြစ်မနေ ထမ်းဆောင်ရမည့်သူနှင့် စစ်မှုထမ်းကင်းလွတ်သည့်သူများ၏ အခြေအနေများ၊ လိုက်နာရမည့် ဥပဒေ စည်းကမ်းနှင့်အညီ ဆောင်ရွက်မည့်အချက်အလက်များကို အ‌သေးစိတ်ပြည့်စုံစွာရှင်းလင်းခြင်း၊ မိမိတို့ဌာနမှဆောင်ရွက် နေသောစားသုံးသူကာကွယ်ပေးရေးလုပ်ငန်းစဉ်များ၊ ရုံးချုပ်မှညွှန်ကြားလာသော အီလက်ထရောနစ် အငွေ့ရှူစက်များနှင့်ပတ်သက်၍ နည်းပညာတိုးတက်လာသည်နှင့်အမျှ ဆေးရွက်ကြီးထွက်ပစ္စည်းများကို အပူပေးပြီး အ‌ငွေ့ရှူရသော ပစ္စည်းများနှင့် ဆေးရွက်ကြီးနှင့်ပတ်သက်သည့် ဆက်စပ်ပစ္စည်းများ ဈေးကွက်အတွင်း နည်းမျိုးစုံဖြင့်ထင်ပေါ်စွာရောင်းချနေမှုများဖြစ်ပေါ်လာခြင်းကြောင့် မြန်မာနိုင်ငံရှိ စားသုံးသူပြည်သူများ နစ်နာမှုမရှိစေရန် ဆေးလိပ်၊ ကွမ်းစားသုံးမှုများ ကြိုတင်ကာကွယ်သတိထား ရှောင်ရှားနိုင်ရေးများအကြောင်းကို အကျယ်တဝင့် ဆွေးနွေး‌ဟောပြောပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(စစ်ကိုင်း)