Main menu

သထုံခရိုင်၏ ဆန်စပါး ဈေးနှုန်းနှင့် စီးဝင်/စီးထွက်မှု အခြေအနေ

Powered by Drupal

       သထုံခရိုင်အတွင်းရှိ မြို့နယ်များတွင် ဧပြီလ၏ ဒုတိယအပတ်တွင် စပါး၊ ဆန် ဈေးနှုန်းမှာ အကျဘက်သို့ ဦးတည်လျက်ရှိခဲ့ပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်းဒေသကြီးနှင့် အခြားခရိုင်မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်ခရိုင်သို့ (၃၈၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၀၀၀) အိတ်ခန့် စုစုပေါင်း (၅၈၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၈၀) တန်ခန့် စီးထွက်ခဲ့ပါသည်။ ယခု ဧပြီလ၏ တတိယအပတ်တွင် မော်လမြိုင်ခရိုင်သို့ (၄၅၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၁၂၀၀) အိတ်ခန့်၊ စုစုပေါင်း (၅၇၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၇၅) တန်ခန့် စီးထွက်ခဲ့ပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက  ပုံမှန်အတိုင်းစီးထွက်ခဲ့ပါသည်။

     သထုံခရိုင်အတွင်းသို့ ဧပြီလ၏ ဒုတိယအပတ်တွင် ဆန်စီးဝင်မှုနှုန်းမှာ ရန်ကုန်တိုင်းဒေသကြီးမှ (၁၄၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၈၀၀) အိတ်ခန့်၊ စုစုပေါင်း (၃၂၀၀) အိတ်ခန့် တန်ချိန်အားဖြင့် (၁၅၄) တန်ခန့်စီးဝင်ခဲ့ပြီး ယခုဧပြီလ၏ တတိယအပတ်တွင် ရန်ကုန်တိုင်းဒေသကြီးမှ (၁၁၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၂၀၀) အိတ်ခန့်၊ စုစုပေါင်း (၂၃၀၀) အိတ်ခန့် တန်ချိန်အားဖြင့် (၁၁၀) တန်ခန့်စီးဝင်ခဲ့ပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက လျော့၍ စီးဝင်ခဲ့ပါသည်။

   သထုံခရိုင်အတွင်း၌ ဧပြီလ၏ တတိယအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ စပါးတင်း (၁၀၀) လျှင် ဒေသပေါက်ဈေး ကျားပျံဟိုတယ် (၃၅၀၀၀၀၀) ခန့်၊ ပေါ်ဆန်းဝါ (၃၃၀၀၀၀၀) ခန့်၊ ကမာကြည် (၂၈၀၀၀၀၀) ခန့်၊ ဧည့်မထ (၁၉၀၀၀၀၀) ခန့်နှင့် (၂၄) ပြည်ဝင် ဆန်တစ်အိတ်လျှင် ကျားပျံဟိုတယ် (၁၁၅၀၀၀) ခန့်၊ ပေါ်ဆန်းဝါ (၁၀၈၀၀၀) ခန့်၊ ကမာကြည် (၁၀၀၀၀၀) ခန့်၊ ဧည့်မထ (၇၅၀၀၀) ခန့် ရှိပြီး  ယခုအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ အကျဘက်သို့ ဦးတည်ခဲ့ပြီး ဆန်ဈေးမှာ ယခင်အပတ် အတိုင်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)