Main menu

“လယ်ယာလုပ်ငန်းခွင်တွင် လုပ်သားခဈေးမြင့်လာ”

Powered by Drupal

      မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်အတွင်းကျေးရွာများ၌ လယ်ယာလုပ်ငန်းခွင်များရှိ လုပ်သားခများ ဈေးမြင့်လာကြောင်းသိရသည်။ ယခင်နှစ်စိုက်ပျိုးရာသီအစတွင် ကျား/ မ လုပ်သားတစ်ဦးလျှင် နေ့စားခ (၄၀၀၀) ကျပ်ရှိခဲ့ပြီး၊ နောက်ပိုင်းတွင် (၅၀၀၀) ကျပ်သို့မြင့်တက်လာရာ ရာသီကုန်ချိန်တွင် (၆၀၀၀) ကျပ်သို့ ထပ်မံမြင့်တက်လာကြောင်းသိရှိရပါသည်။

     ဒေသတွင်းလယ်ယာလုပ်ငန်းခွင်အတွင်း ဖေဖော်ဝါရီလကုန်ပိုင်းအထိသာ ပဲစဉ်းငုံခြွေလှေ့ခြင်း၊ လက်ကျန်ဝါကောက်သိမ်းခြင်း၊ နွားစာအတွက် ပြောင်းရိတ်သိမ်း၊ နွားစာစဉ်းခြင်းများသာရှိပါသည်။ ၎င်းနောက် မတ်လမှာ ကြက်သွန်နီစိုက်ခင်းရေသွင်းသည့် ကျားလုပ်သားမှအပ လယ်ယာလုပ်ငန်းခွင်၌ အလုပ်ပါးသောကာလဖြစ်ပါသည်။

         ဧပြီလမှာ ကြက်သွန်နီနုတ်ချိန်ဖြစ်၍ ကြက်သွန်နီနုတ်ခြင်း၊ သယ်ယူခြင်း၊ အမြှိတ်ဖြတ်ခြင်း၊ မြေပဲစိုက်ပျိုးရန်အတွက် မျိုးစေ့အခွံနွှာခြင်း၊ စိုက်ပျိုးမြေများရှိ အမှိုက်ကောက်ခြင်းတို့အတွက် ကျား/မ လုပ်သားများအတွက်လည်းကောင်း၊ လာမည့်စိုက်ပျိုးရာသီအတွက် မြေခံမြေဩဇာအဖြစ် နွားချေးချခြင်းတွင် ကျားလုပ်သားမျာအတွက်လည်းကောင်း၊ လယ်ယာလုပ်သားများအတွက်လည်းကောင်း အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်သော ကာလဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)