Main menu

အိန္ဒိယဆောက်လုပ်ရေးပစ္စည်းများတင်ပို့မှုသည် မတ်လတွင် ၁၀.၇ ရာခိုင်နှုန်းခန့်တိုးတက်လာ

Powered by Drupal

          သံမဏိနှင့်စက်ယန္တရားများ ကဲ့သို့သော အိန္ဒိယ၏ ဆောက်လုပ်ရေးပစ္စည်းများ တင်ပို့မှု သည် တစ်နှစ်ထက်တစ်နှစ် ၁၀.၇ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ ၁၁.၂၈ ဘီလီယံ) အထိ မြင့်တက်ခဲ့သည်။ ပင်လယ်နီကိုဖြတ်၍ တင်ပို့မှုတွင် ပို့ဆောင်ရေးအခက်အခဲကြောင့် ပြဿနာ များဆက်လက်ဖြစ်ပေါ်နေသော်လည်းတင်ပို့မှုများတိုးတက်လာခဲ့သည်။

          ကုန်ပစ္စည်းတင်ပို့မှု၏ လေးပုံတစ်ပုံအတွက် တွက်ချက်ထားသည့် ဆောက်လုပ်ရေး ပစ္စည်းများသည် ၂၀၂၃/၂၄ ဘဏ္ဍာနှစ်တွင် ၂.၁၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန နှင့် ချိတ်ဆက်ထားသော ဆောက်လုပ်ရေး ပစ္စည်းများတင် ပို့မှုမြှင့်တင်ရေးကောင်စီ (EEPC) မှပြောကြားခဲ့သည်။

          တစ်ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအား ကျဆင်းမှု၊ ရုရှား-ယူကရိန်းစစ်ပွဲ၊ အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ပင်လယ်နီ သင်္ဘောအကျပ်အတည်းဖြစ်ပွားမှု စသည်တို့ကြောင့် ပို့ကုန်နှောင့်နှေး ခဲ့ကြောင်း ပို့ကုန်လုပ်ငန်းရှင်များကပြောကြားခဲ့သည်။

          အိန္ဒိယ၏ကုန်ပစ္စည်းတင်ပို့မှုသည် ၂၀၂၃/၂၄ ဘဏ္ဍာရေးနှစ်တွင်ကျဆင်းခဲ့ပြီး ၂၀၂၀/၂၁ ခုနှစ်နောင်ပိုင်း ကျဆင်းမှုမှာယမန်နှစ်တွင် ကန်‌ဒေါ်လာ ၄၅၁ ဘီလီယံမှ ၄၃၁ ဘီလီယံအထိ ကျဆင်းခဲ့သည်။ သို့သော် မြောက်အမေရိက၊ ဥ‌ရောပနှင့် အရှေ့မြောက်အာရှ ကဲ့သို့သောအဓိက စျေးကွက်များတွင် ပို့ကုန်တင်ပို့မှု ပြန်လည်အားကောင်းလာမှုကိုသတိ ပြုမိသည်ဟု (EEPC) ဥက္ကဋ္ဌ Arun Kumar Gradsa ကပြောကြားခဲ့သည်။ မြောက်အမေရိကနှင့် ဥရောပသည် အိန္ဒိယ၏ ဆောက်လုပ်ရေးပစ္စည်းများ တင်ပို့မှုအတွက် ထိပ်တန်းနေရာများအဖြစ် ဆက်လက်တည်ရှိ နေသည်။ ရုရှားသို့ ဆောက်လုပ်ရေးပစ္စည်များတင်ပို့မှုမှာ ယခင်နှစ်တွင် ကန်ဒေါ်လာ ၇၃၃.၆ သန်းမှ ၁.၃၅ ဘီလီယံ ဒေါ်လာအထိ သိသိသာသာ တိုးတက်လာခဲ့သည်ဟုသိရပါသည်။

Source : ET Government.com                                                                                                                                                                                                                                                                                                                                                                                                                Han Ko Kyaw(DOCA YGN)