Main menu

“သင်္ကြန်ပြီးနောက် ကြက်သွန်နီဈေးမြင့်တက်လာ”

Powered by Drupal

      မိတ္ထီလာဈေးကွက်၌ သင်္ကြန်ပြီးကာလ ဧပြီလ တတိယပတ်တွင် ကြက်သွန်နီဈေးနှုန်းများမြင့်တက်လာကြောင်းသိရသည်။ ဆောင်းကြက်သွန်နီနုတ်သိမ်းမှုကြောင့် သီးနှံလှိုင်လှိုင်ထွက်ရှိသောကာလဖြစ်ကာ သင်္ကြန်မတိုင်မီအချိန်၌ ကြက်သွန်နီတောင်သူရောင်းဈေးမှာ တစ်ပိဿာလျှင် ၁၄၀၀ကျပ်မှ ၁၇၀၀ကျပ်ရှိခဲ့ပြီး  တောင်သူအများစုမှာ စရိတ်ကျေရုံ သုံးပုံတစ်ပုံသာရောင်းချခဲ့ကြပြီး တက်ဈေးကိုမျှော်၍ စောင့်ဆိုင်းနေခဲ့ကြောင်းသိရပါသည်။  သင်္ကြန်ပြီးနောက် ဧပြီလ တတိယပတ်တွင် ကြက်သွန်နီဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် တောင်သူရောင်းဈေးမှာ ၂၀၀၀ကျပ်၊ မိတ္ထီလာမြို့ပေါ်ရှိ လက္ကားဈေးမှာ ( ၂၃၀၀ - ၂၄၀၀ ) ကျပ်ဈေးနှုန်းမြင့်တက်လာကြောင်း၊  ကြက်သွန်နီဈေးနှုန်းမြင့်တက်လာခြင်းမှာ ရန်ကုန်မှတစ်ဆင့် မလေးရှားသို့ သင်္ဘောတင်ပို့မှုရှိနေခြင်းကြောင့်ဖြစ်ကြောင်းသိရသည်။ ဆောင်းကြက်သွန်နီသီးနှံထွက်ရှိမှုလှိုင်လေ့ရှိသော ဧပြီလမှာ ပြည်တွင်းလှောင်လက်များအဝယ်များကာ ဈေးကျလေ့ရှိသောကာလဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)