Main menu

စားသုံးဆီဈေးများ အနည်းငယ်မြင့်တက်

Powered by Drupal

              စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်း တင်ပြလျက်ရှိရာ ဧပြီလ နောက်ဆုံးပတ်တွင် ရွှေဘိုမြို့၌ စားသုံးဆီ ဈေးနှုန်းများ အနည်းငယ် မြင့်တက် လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရှိရပါသည်။

          ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကား ရောင်းချသောဆိုင် (၁၂)ဆိုင်ရှိပြီး ဧပြီလ တတိယပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၅၇၀၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၃၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ယခု ဧပြီလ နောက်ဆုံးပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၅၈၀၀) ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၅၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေသဖြင့် ၊စားအုန်းဆီ ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၀၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ နှမ်းဆီသန့် တစ်ပိဿာလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း စားသုံးဆီ လက်ကား အရောင်းဆိုင် များမှ သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)