Main menu

တစ်ပိုင်တစ်နိုင်ပဲပင်ပေါက်

Powered by Drupal

        ပဲပင်ပေါက်ဆိုသည်နှင့် ဈေးသက်သာပြီး အလွယ်တကူဝယ်ယူရရှိနိုင် သည့်အပြင် ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေသော အစားအစာတစ်ခုဖြစ်သည်။ ပဲပင်ပေါက်ကို စီးပွားဖြစ် ဖောက်ကြသလို တစ်ပိုင်တစ်နိုင် အိမ်တွင်းတွင် ကိုယ်တိုင်ဖောက်၍ ရောင်းချသူများ လည်း ရှိကြသည်။  ပဲပင်ပေါက်ကို ကြော်စားလို့ရသလို အသုပ်တွေထဲထည့် သုပ်ခြင်း၊ ဟင်းချိုချက်ခြင်း၊ အချဉ်စိမ်ပြီး ဖြစ်စေ စားလေ့ရှိကြသည်။ ပဲပင်ပေါက်သည် အာဟာရဓာတ် ကြွယ်ဝသလို ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နှင့် သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်သောကြောင့်  ကျန်းမာရေးအတွက် လည်း အထောက်အကူဖြစ်စေနိုင်ပါသည်။ ပဲပင်ပေါက် ဖောက်ရာတွင် ပဲတီစိမ်း၊ မတ်ပဲတို့ကို အများဆုံးသုံးကြကြောင်း သိရှိရသည်။ ပဲပင်ပေါက် ဖောက်ရာတွင် ပဲ၊ ဇကာ သို့မဟုတ် ခြင်းတောင်းနှင့် သဲ သို့မဟုတ် ပြာတို့သာ လိုအပ်သောကြောင့် ကုန်ကျစရိတ် နည်းပါး၍ အမြတ်အစွန်းများသော အစားအစာ တစ်ခုဖြစ်ပေသည်။ ၂၀၂၄ခုနှစ် ဧပြီလနောက်ဆုံးပတ်ဈေးနှုန်းအနေဖြင့် ပဲပင်ပေါက်ဖောက်ရာတွင် ပဲတီစိမ်းတစ်ပြည်လျှင် (၅၀၀၀-၅၅၀၀) ကျပ် ကြားဝယ်ယူရပြီး ပဲတီစိမ်းတစ်ပြည်ဖောက်ရာတွင် ပဲပင်ပေါက် ၃ ပိဿာ ရရှိပြီး ပဲပင်ပေါက် ၁ ပိဿာကို ၅၀၀၀ ကျပ် ရရှိသောကြောင့် ပဲတီစိမ်း တစ်ပြည်ကို ပဲပင်ပေါက်ဖောက်ရာတွင် အမြတ်အစွန်းအနေဖြင့် (၁၅၀၀၀) ကျပ်နီးပါး အမြတ်အစွန်း ရရှိသောကြောင့် အိမ်ထောင်ရှင်မများ အနေဖြင့် လုပ်ရလွယ်ကူပြီး ရက်တိုတိုနှင့် အမြတ်အစွန်း ရသော ပဲပင်ပေါက်ကို တစ်ပိုင်တစ်နိုင်ဖောက်၍လည်း‌ ရောင်းချကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)