Main menu

မအူပင်ခရိုင် အတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များအား ပူးပေါင်းစစ်ဆေးရေးအဖွဲ့နှင့်အတူကွင်းဆင်းစစ်ဆေး

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် ပူးပေါင်းစစ်ဆေးရေးအဖွဲ့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ (၂၂.၄.၂၀၂၂၄) ရက်နေ့ နံနက် (၀၈၀၀) နာရီ အချိန်တွင် မအူပင်မြို့ ဈေးနှင့် မြို့ပေါ်ရှိ စားအုန်းဆီရောင်းချနေသော ဆီဆိုင်(၁၂)ဆိုင်တွင်ရောင်းချနေသော ဆီများ၌ FDAဌာန ထောက်ခံချက်ပါ ရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသားများကို မြန်မာ ဘာသာဖြင့် ဖော်ပြထား ခြင်း ရှိ/ မရှိနှင့် ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ် ဆေးခဲ့ကြပါသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ ဈေးကွက်အတွင်း ရောင်းချ နေသော စားအုန်းဆီများနှင့်ပတ်သက်၍ အခြားသောလက်ကား စားအုန်းဆီအရောင်းဆိုင်တို့ တွင်ရောင်းချသော ဆီဗူးများတွင် FDA ဌာနသက်ဆိုင်ရာ ထောက်ခံချက်မပါသော ဆီဗူးများ၊ ဈေးနှုန်းမြှင့် တင်ရောင်း ချခြင်းမပြုရန်နှင့်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ကုန်စုံဆိုင်(၈)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)