Main menu

ကျိုက်လတ်မြို့ ငါးရံ့ခြောက်ဖုတ်လုပ်ငန်းရှင်အသင်းနှင့်တွေ့ဆုံခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် ၂၀၂၄ ခုနှစ်၊ ဧပြီလ(၂၃)ရက်၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန  မြို့နယ်တာဝန်ခံရုံးတွင် ငါးရံ့ခြောက်ဖုတ်လုပ်ငန်းရှင်အသင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့ဆွေးနွေးရာ၌ ကုန်ကြမ်းဝယ်ယူရာတွင် ယခင်လိုမြို့ပေါ်မှာအထိုင်ဖြင့် ဝယ်ယူ၍မရကြောင်း၊ ကျေးရွာများရှိ အင်းချောင်းများသို့ဆင်း၍ ဝယ်ယူရကြောင်း၊ ထိုသို့ဝယ်ယူမှသာ မိမိထုတ်လုပ်နိုင်ရေး တစ်နှစ်စာကုန်ကြမ်းများအတွက်သာရရှိမည်ဖြစ်ကြောင်း၊ ကုန်ကြမ်းဈေးနှုန်းများလည်း အနည်းငယ် မြင့်တက်လာပြီး၊  ကုန်ချောဈေးနှုန်းများမှာလည်း မြင့်တက်လာပါသည်။ ယခင်နှစ်များလို ရောင်းအားမကောင်းကြောင်း တက်ရောက်လာသူများမှ ပြောကြားပါသည်။

     ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက လုပ်ငန်းရှင်များအနေဖြင့်  ထုတ်လုပ်မှု ကုန်ကျစရိတ်များ လျှော့နိုင်သမျှ လျှော့နိုင်အောင် ကြိုးစားထုတ်လုပ်နိုင်ရေးနှင့် တွက်ချေကိုက်သော လုပ်ငန်းများဖြစ်စေရေး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိစေရေးနှင့် မိမိတို့  ဌာနအနေဖြင့် လုပ်ငန်းရှင်များ၏ လိုအပ်ချက်များအား ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  ပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)