Main menu

ထီးတန်းဆိပ်ကမ်းရှိ Htoo ဆီကန်မှစက်မှုကုန်ကြမ်းသုံး စားအုန်းဆီများနှင့် ရက်ကွက်နေစားသုံးသူပြည်သူများသို့ ထုတ်ပေးနေမှု သွားရောက်စစ်ဆေး

Powered by Drupal

    ပြည်နယ်နှင့်တိုင်းဒေသကြီးအသီသီးရှိ MSMES စီးပွားရေးလုပ်ငန်းရှင်များ စားအုန်းဆီများ ဝယ်ယူမှု အဆင်ပြေလွယ်ကူချောမွေ့စေရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီ လုပ်ငန်းရှင်များအသင်း တို့ပူးပေါင်းပြီး စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဟိုတယ်၊ စားသောက်ကုန်ထုတ်လုပ်ရောင်းချသူများ၊ စားသောက်ကုန်ထုတ်လုပ်သည့် အသေးစား၊ အလတ်စား စားသောက်ကုန် လုပ်ငန်းရှင်များအတွက် စက်မှုကုန်ကြမ်းသုံး စားအုန်းဆီများကို ရန်ကုန်တိုင်းဒေသကြီး ကြည်မြင့်တိုင်မြို့နယ် ထီးတန်းဆိပ်ကမ်းရှိ Htoo ဆီကန် မှ (၂၂.၄.၂၀၂၄ မှ ၂၇.၄.၂၀၂၄) ထိ  ဆီတစ်ပိဿာလျှင် (၆၆၃၅) ကျပ် ဈေးနှုန်းဖြင့် ဆီပေပါအလုံးရေ စုစုပေါင်း ၁၂၁၈၇ လုံး ထုတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

     အလားတူ ရန်ကုန်တိုင်းဒေသကြီး ကြည်မြင့်တိုင်မြို့နယ် ထီးတန်းဆိပ်ကမ်းရှိ Htoo ဆီကန် မှ (၂၂.၄.၂၀၂၄ မှ ၂၇.၄.၂၀၂၄) ထိ  ဆီတစ်ပိဿာလျှင် (၅၃၄၀) ကျပ် ဈေးနှုန်းဖြင့် ဆီပေပါအလုံးရေ စုစုပေါင်း ၉၆၁ လုံးကိုလည်း ရက်ကွက်နေ စားသုံးသူ ပြည်သူများအတွက် ရောင်းချပေးခဲ့ကြောင်း ဆီကန်တာဝန်ကျဝန်ထမ်း ဦးရန်နိုင်ထွန်းထံမှ သိရှိရပါသည်။

DOCA(ရန်ကုန်)