Main menu

တောင်ငူဒေသတွင် မြန်မာ့ရိုးရာ ရာသီစာမုန့်ကြာရိုးများပေါ်ပြီ

Powered by Drupal

          မြန်မာ့ရိုးရာအစားအစာ များစွာရှိသည့်အနက် မုန့်ကြာရိုးမုန့်သည် ဆောင်းအစတွင် ရာသီစာအဖြစ် မြန်မာတို့ နှစ်ခြိုက်စွာစားသုံးကြသော မုန့်တစ်မျိုးဖြစ်ပါသည်။ မုန့်ကြာရိုးကို ရှမ်းမရွေးဟူ၍လည်း ခေါ်ကြပါသည်။ မြန်မာလ တန်ဆောင်မုန်းအစမှ မိုးဦးကျမစောလျှင် တန်ခူးလအထိ ပြုလုပ်ရောင်းချကြပါသည်။

            မုန့်ကြာရိုးပြုလုပ်ရန်အတွက် လိုအပ်သောကုန်ကြမ်းပစ္စည်းမှာ ကောက်ညှင်းဆန်၊ ထန်းလျက်၊ ကြံသကာပြားနှင့် ကပ်စေးနှဲတို့ဖြစ်ပါသည်။ မုန့်ကြာရိုးပြုလုပ်ပုံမှာ ကောက်ညှင်းကို ပေါင်း၍ မောင်းနှင့်ထောင်းကာ ပျင်းတွဲတွဲအနေရလျှင် ဆွဲ၍ နေလှန်းရပါသည်။ ထို့နောက် နေလှန်းပြီးသောကောက်ညှင်းများအား လှော်ကာ ကပ်ကြေးဖြင့် ညှပ်ရပါသည်။

         ညှပ်ပြီးသား မုန့်ကြာရိုးများအား ထန်းလျက်၊ ကြံသကာနှင့် ကပ်စေးနှဲတို့အား ကျိုကာ ၎င်းမုန့်များအပေါ်တွင် ဖျန်းပေးရပါသည်။ ထို့နောက်တွင် အသင့်စားသုံးနိုင်သောမုန့်ကြာရိုးများ ရရှိပြီဖြစ်ပါသည်။ မုန့်ကြာရိုးဈေးနှုန်း ဈေးကွက်အနေဖြင့် မုန့်ကြာရိုး (၁၀) ကျပ်သားလျှင် (၁၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချကြပါသည်။

            မုန့်ကြာရိုးမုန့်များအား ကျွဲပွဲမြို့မှ ကားဖြင့်လာ၍ ဖြူးမြို့သို့ လာရောက်ရောင်းချကာ ဖြူးမြို့အနီးတဝိုက်ရှိ  ရွာများနှင့်ရပ်ကွက်အနှံ့ လှည့်လည်ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)