ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
29 Apr 2024



     ပေါင်းဆန်တင်ပို့မှုအပေါ် အခွန်စည်းကြပ်မှုကို သက်တမ်းတိုးမည့် အိန္ဒိယနိုင်ငံ၏ မူဝါဒသည် ၁၀ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် ပေါင်းဆန် အဝယ်အမှာစာများကို ပိုမိုလက်ခံရရှိနိုင် မည့် ထိုင်းဆန်တင်ပို့သူများအတွက် သတင်းကောင်းတစ်ခုဖြစ်နိုင်ကြောင်း ထိုင်းဆန်တင်ပို့ ရောင်း ချသူများအသင်းက ပြောကြားခဲ့သည်။

29 Apr 2024

    ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ်အတွင်း လတ်ဆတ်သော အုန်းသီးတင်ပို့မှု ပထမ အသုတ်အဖြစ် တရုတ်နိုင်ငံသို့ တရားဝင် အုန်းသီးစိမ်းတင်ပို့ခြင်း အခမ်းအနားကို ၂၂-၄-၂၀၂၄ နေ့ တွင် ဖနွမ်းပင်မြို့၌ ကျင်းပခဲ့ရာ ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် ကမ္ဘောဒီးယား ဖွံ့ဖြိုးတိုးတက်ရေး ကောင်စီ၏ ဥက္ကဋ္ဌဖြစ်သူ Sun Chanthol နှင့် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေး၀န်ကြီး Wang Yi တို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

29 Apr 2024

   ၂၀၂၃-၂၄ ခုနှစ် သီးနှံရာသီတွင် ကမ္ဘာ့ဈေးကွက်၌ သကြားရောင်းလိုအားကို ထိခိုက်စေနိုင်သော ပြင်းထန်သည့် ရာသီဥတုခြောက်သွေ့မှုကြောင့် ထိုင်းနိုင်ငံ၏ ကြံအထွက်ပမာဏ ကျဆင်းခဲ့ကြောင်း ထိုင်းကြံနှင့်သကြားဘုတ်အဖွဲ့ရုံး (OCSB) မှ ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံသည် ဘရာဇီး နိုင်ငံပြီးလျှင် ကမ္ဘာ့ဒုတိယအကြီးဆုံး သကြားတင်ပို့သည့်နိုင်ငံဖြစ်သောကြောင့် ၎င်း၏ သကြား ထုတ်လုပ်မှုကျဆင်းခြင်းသည် ကမ္ဘာ့ဈေးကွက်အပေါ် ဖိအားဖြစ်စေနိုင်ကြောင်း သိရှိရသည်။

29 Apr 2024

     အိန္ဒိယနိုင်ငံ၌ ပဲပုပ်စိုက်ပျိုးမှုမှ အကျိုးအမြတ်ရရှိမှုမှာ နည်းပါးနိုင်မှုနှင့် ပဲမျိုးစုံဈေးနှုန်းများ စံချိန်တင် မြင့်မားလျက်ရှိပြီး မုတ်သုံမိုးရွာသွန်းမှုမှာ ပုံမှန်အထက်ရရှိမည့် ခန့်မှန်းချက်များအရ တောင်သူများအနေဖြင့် ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲတီစိမ်းတို့ကို ရှေ့လာမည့် မုတ်သုံသီးနှံရာသီကာလ အတွင်း ပိုမိုတိုးချဲ့စိုက်ပျိုးဖွယ်ရှိကြောင်း ကုန်သည်လုပ်ငန်းရှင်များက ပြောဆိုလျက်ရှိကြသည်။

29 Apr 2024

     အိန္ဒိယနိုင်ငံတွင် လယ်သမားများ၏ စိုက်ပျိုးထုတ်လုပ်မှုကို မြှင့်တင်ရေး ဆွဲဆောင်မှုများ အပါအဝင် အစီအမံများစွာကို ချမှတ်လုပ်ဆောင်လျက်ရှိသော်လည်း ပြည်တွင်းဈေးကွက်၌ ပဲမျိုးစုံ လိုအပ်ချက်အား ဖြည့်ဆည်းရန်အတွက် ပြည်ပမှ တင်သွင်းနေရဆဲဖြစ်ပြီး ၂၀၂၃-၂၄ ဘဏ္ဍာနှစ် အတွင်း ပဲမျိုးစုံ တင်သွင်းမှုတန်ဖိုးမှာ ယခင်နှစ်ထက် နှစ်ဆခန့်မြင့်တက်လျက် အမေရိကန် ဒေါ်လာ ၃.၇၄ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

23 Apr 2024

   ဖိလစ်ပိုင်နိုင်ငံ၌ ဒေသခံလယ်မြေများတွင် အယ်လ်နီညို သက်ရောက်မှုများ ရှိနေသော်လည်း ယခင်နှစ်စပါးထွက်ရှိမှု တန်ချိန် ၂၀.၀၅၉ သန်းနှင့် နှိုင်းယှဉ်ပါက ၄ ရာခိုင်နှုန်း ပိုမိုလျက် ၂၀၂၄ ခုနှစ်အတွင်း စပါးတန်ချိန် ၂၀.၈၈၁ သန်းခန့်အထိ ထွက်ရှိနိုင်မည်ဟု ဖိလစ်ပိုင် စိုက်ပျိုးရေးဦးစီးဌာနက ၂၁-၃-၂၀၂၄ ရက်နေ့တွင် ခန့်မှန်းချက်ထုတ်ပြန်ခဲ့သည်။

23 Apr 2024

     ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် ဆန် ၁၆၆၄၅၁ တန် တင်ပို့ခဲ့ပြီး ယခင်နှစ် အလားတူကာလက တန်ချိန် ၁၇၆၅၈၁ မှ ၅.၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ကမ္ဘောဒီးယား နိုင်ငံဆန်စပါးအသင်းချုပ် (CRF) က ဖော်ပြခဲ့သည်။

23 Apr 2024

   အိန္ဒိယနိုင်ငံတွင် ပဲမျိုးစုံရောင်းဝယ်မှုလုပ်ငန်း၌ ပါဝင်လုပ်ဆောင်သူများအနေဖြင့် ၎င်းတို့ လက်ဝယ်တွင် သိုလှောင်ထားရှိသော ပဲမျိုးစုံလက်ကျန်ပမာဏကို အစိုးရ၏ အချက်အလက် စင်္ကြန်စနစ်သို့ အပတ်စဉ် တင်ပြစေရေး ကြပ်မတ်ရန်နှင့် ထိုသို့ တင်ပြသည့် ပဲလက်ကျန်ပမာဏ မှန်ကန်မှုကို စစ်ဆေးအတည်ပြုရန် ပြည်နယ်/ ပြည်ထောင်စုနယ်မြေ အစိုးရအဖွဲ့များသို့ အိန္ဒိယ ဗဟိုအစိုးရက ၁၀-၄-၂၀၂၄ နေ့တွင် ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။

23 Apr 2024

    အိန္ဒိယနိုင်ငံတွင် ကုလားပဲ၏နေရာ၌ အစားထိုးသုံးစွဲနိုင်သည့် စားတော်ပဲများအား အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ပြုထားခြင်းကို အစိုးရက ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ထိ ၂ လ သက်တမ်းတိုးမြင့်ခဲ့ပါသည်။

23 Apr 2024

      စျေးကွက်လေ့လာသုံးသပ်သူများ၏ မကြာသေးမီက ခန့်မှန်းချက်များအရ  နေကြာဆီနှင့် ဆက်စပ်ထုတ်ကုန်များအား ကမ္ဘာ့ဈေးကွက်သို့ အဓိကတင်ပို့နေသည့် ယူကရိန်းနိုင်ငံတွင် ၂၀၂၄ ခုနှစ် မတ်လ၌ ထုတ်လုပ်မှု သိသာစွာ တိုးတက်လာသည်ကို မြင်တွေ့ခဲ့ရပြီး သုံးလနီးပါးခန့်အတွင်း အမြင့်ဆုံးအဖြစ် နေကြာဆီတန်ချိန် ၁.၄၉ သန်းခန့်ကို ထုတ်လုပ်ခဲ့ကြောင်း Chemanalyst သတင်းဝက်ဘ်ဆိုက်က ဧပြီလ ၈ ရက်နေ့တွင် ဖော်ပြပါသည်။အဆိုပါပမာဏသည် ဖေဖော်ဝါရီလ၌ ထုတ်လုပ်မှုနှင့် နှိုင်းယှဉ်ပါက ၉% ခန့်နှင့် ၂၀၂၃ ခုနှစ်၊ မတ်လတွင် ထုတ်လုပ်ခဲ့မှုနှင့် နှိုင်းယှဉ်ပါက ၁၀% ခန့် ပိုမိုတိုးတက်လာခြင်းဖြစ်သည်။ ၂၀၂၃-၂၄ စျေးကွက်တင်ရောင်းဝယ်ရေးနှ

23 Apr 2024

     အိန္ဒိယနိုင်ငံ၌ ၂၀၂၄ ခုနှစ် မတ်လအတွင်း နေကြာဆီတင်သွင်းမှုမှာ ယခင်လကထက် ၅၁% မြင့်တက်ခဲ့ကြောင်း၊ ပြိုင်ဖက် စားအုန်းဆီထက် ဈေးနှုန်းသက်သာမှုရှိသဖြင့် စားသုံးဆီ ပြန်လည် သန့်စင်ထုတ်လုပ်သည့် စက်ရုံများသည် စားအုန်းဆီအစား နေကြာဆီကို ပိုမိုတိုးတက် ဝယ်ယူလာခြင်းဖြစ်သည်ဟု ကုန်သည်လုပ်ငန်းရှင် ၅ ဦးက ပြောဆိုကြောင်း ရိုက်တာသတင်းဌာနက ၂-၄-၂-၂၄ နေ့တွင် ဖော်ပြခဲ့သည်။

23 Apr 2024

    ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ ၂ဝ၂၂-၂၃ (အောက်တိုဘာ-စက်တင်ဘာ) ဈေးကွက် ရာသီနှစ်အတွက် ပြုလုပ်သောဆွေးနွေးပွဲတွင် ပြည်တွင်းရှိလယ်သမားများသို့ သတ်မှတ်ထားသော ဆန်စပါးထုတ်လုပ်မှု အထောက်အပံ့ထက် ကျော်လွန်ပေးအပ်ခဲ့သဖြင့် သက်သာခွင့်ပေးရန် အိန္ဒိယ နိုင်ငံက ၅ ကြိမ်မြောက် ဆက်တိုက်တောင်းဆိုမှုအဖြစ် အရေးဆိုခဲ့ပါသည်။

Pages