သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဖျာပုံမြို့နယ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများအား ဌာနဆိုင်ရာအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် မြို့နယ်အတွင်းရှိ ဆန်အပါအဝင် အခြေခံစားသောက်ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြှင့်မှု မရှိစေရေးနှင့် ဈေးနှုန်းများတည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ မေလ(၉)ရက်နေ့တွင် မြို့နယ်အတွင်းရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ စိုက်ပျိုးရေးနှင့် စားသုံးသူရေးရာဦးစီးဌာန တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          အဆိုပါ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများအနေဖြင့် ဆန်ဈေးနှုန်းများ မြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ဖြန့်ဖြူးရောင်းချမှုများ ရှိ/မရှိ စစ်ဆေးခဲ့ပြီး ဆန်အမျိုးအစားအလိုက် လက်ကျန်နှင့် ဈေးနှုန်းဈေးကွက်အနေဖြင့် ပေါ်ဆန်းတစ်တင်းခွဲ တစ်အိတ်လျှင် (၁၃၀၀၀၀)ကျပ်၊ဧည့်မထ(ရက်-၉၀) တစ်အိတ်လျှင် (၉၅၀၀၀ကျပ်မှ၉၈၀၀၀)ကျပ်၊ ဆန်ကွဲတစ်အိတ်လျှင်(၅၀၀၀၀)ကျပ်အသီးသီးရှိ ကြောင်း ဈေးကွက်မှ သိရပါသည်။

DOCA(ဧရာဝတီ)

မြိုု့ပေါ်ရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

     ဖျာပုံမြို့နယ်ရှိ ဓာတ်မြေဩဇာ အရောင်းဆိုင်များသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ရဲတပ်ဖွဲ့၊  စည်ပင်နှင့် စားသုံးသူရေးရာဦးစီးဌာနမြို့နယ်  တာဝန်ခံတို့လိုက်ပါ၍ မေလ(၃)ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

    အဆိုပါ ဓာတ်မြေဩဇာအရောင်းဆိုင်များအား စစ်ဆေးရာတွင် တရားဝင်တင်သွင်းမှု ရှိ/မရှိ ခွင့်ပြုချက်လိုင်စင်၊ စည်ပင်လုပ်ငန်းလိုင်စင်နှင့် အမျိုးအစားအလိုက် မြေဆီအိတ်များ ပေါ်တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါဝင်မှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြပြီး လုပ်ငန်းရှင်များအား ပြည်တွင်းမှထုတ်ကုန်များ၊ ပြည်ပမှ တင်သွင်းသည့် ကုန်စည်များ ဈေးကွက်မရောက်မီ သို့မဟုတ် ဈေးကွက်ရောက်ပြီး ကုန်စည်ကို သုံးစွဲသူများ ဘေးအန္တရာယ်ရှိ/မရှိ စောင့်ကြည့်စစ်ဆေးရပြီး ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့် အချက်များပါဝင်မှုရှိ/မရှိ  စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ရကြောင်း၊ လုပ်ငန်းရှင်များအနေနှင့်လည်း သေချာစွာစိစစ်ပြီး ဝယ်ယူရောင်းချရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

    ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိမ်းမောင်သည် (၃.၅.၂၀၂၄) ရက်နေ့တွင် ဒေးဒရဲမြို့နယ်ရှိ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်(၁၂)ဦးအား မြို့နယ်တာဝန်ခံရုံးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် ဒေးဒရဲမြို့နယ်တာဝန်ခံ ဦးသိမ်းမောင်မှ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအား စားသုံးဆီများကို သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချစေရေး၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများ၊FDA ထောက်ခံချက်ပါရှိသည့် ဘူးဆီများကိုသာ ဝယ်ယူရောင်းချရန်နှင့် စားသုံးဆီသည် အရေးကြီးကုန်စည်ဖြစ်သဖြင့် ဈေးနှုန်းကြီးမြှင့် ရောင်းချရန် ရည်ရွယ်၍ ထုတ်လုပ်ဖြန့်ဖြူး တင်သွင်းရောင်းချမှုမပြုရန် ရှင်းလင်းဟောပြောခဲ့ပြီး အထက်ပါအချက်များကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက စားသုံးသူကာကွယ်ရေးဥပဒေ၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း  အသိပညာပေးဟောပြောခဲ့မှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ် ဆန်ဆိုင်နှင့် ဆန်ဂိုဒေါင်များသို့ ကွင်းဆင်းစစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်‌အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ စည်ပင်သာယာ၊ မီးသတ်ဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် (၉.၅.၂၀၂၄) ရက်နေ့တွင် ကျိုက်လတ်မြို့နယ် ဆန်ဆိုင်နှင့် ဆန်ဂိုဒေါင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

    အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့ပေါ် ရပ်ကွက်ရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ပေါ်ဆန်းတစ်အိတ်လျှင် (၁၄၀၀၀၀) ကျပ်၊ ဧည့်မထ (ရက်-၉၀) တစ်အိတ်လျှင် (၉၂၀၀၀ မှ ၁၀၆၀၀၀)၊ ဆန်ကွဲတစ်အိတ်လျှင် (၄၈၀၀၀ မှ ၅၂၀၀၀) ထိ အသီးသီးရှိကြောင်း ၊ ဆန်ဆိုင်ကြီးများအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများရှိ/မရှိ စစ်ဆေးခဲ့ရာ လိုသလောက်သာ မှာယူဖြန့်ဖြူးရောင်းချကြောင်း ကွင်းဆင်းစစ်ဆေးမှုအရ သိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ၊မရှိ ကွင်းဆင်းစိစစ်

      ဧရာဝတီတိုင်းဒေသကြီး၊       စားသုံးသူရေးရာဦးစီးဌာန၊ မြောင်မြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍(၉-၅-၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီက ဝါးခယ်မမြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော ကလေးတကိုယ်ရေသုံးကုန်ပစ္စည်းများအား ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှ မြို့မဈေးတွင် ရောင်းချနေသော ကလေးတကိုယ်ရေသုံးကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ပြည့်စုံမှုရှိ၊မရှိစစ်ဆေးခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ ပြည့်စုံမှုရှိမရှိအား ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

မြောင်းမြခရိုင်၊ အိမ်မဲ၊ ဝါးခယ်မ၊ လပွတ္တာ၊ မော်ကျွန်းမြို့နယ်များတွင် ဆန်ဂိုဒေါင်နှင့်ဆန်ဆိုင်များအား အဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံဒေါ်ဇင်မာသန်းသည် (၁၀.၅.၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် မြို့နယ်စည်ပင်နှင့် ပူးပေါင်းပြီး မြို့မဈေးအတွင်းရှိ ဆန်ဆိုင်များ၊ ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးသည်  (၁၀.၅.၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီတွင် မြို့နယ်စည်ပင်နှင့် ပူးပေါင်းပြီး မြို့မဈေးနှင့် ရပ်ကွက်အတွင်းရှိ ဆန်ဆိုင်များ၊ လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးသည် (၁၀.၅.၂၀၂၄)ရက်နေ့ နံနက်(၁၁:၀၀) နာရီတွင် မြို့နယ်စည်ပင်နှင့်ပူးပေါင်းပြီး အမှတ်(၅)ရပ်ကွက်အတွင်းရှိ ဆန်ဆိုင်နှင့် ဆန်ဂိုဒေါင်များ၊ မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်သည် (၁၀.၅.၂၀၂၄)ရက်နေ့ နံနက်(၁၁:၀၀)နာရီတွင် မြို့နယ်စည်ပင်နှင့်ပူးပေါင်းပြီး အောင်သာယာဈေးနှင့် အမှတ်(၅)ရပ်ကွက်အတွင်းရှိ ဆန်ဆိုင်နှင့် ဆန်ဂိုဒေါင်များအား ဆန်ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် ဈေးနှုန်းများတည်ငြိမ်စေရေးအတွက် အဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်၊

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆန်ဆိုင်ကြီးများအနေဖြင့်စားသုံးသူပြည်သူများ၏ လိုအပ်ချက်အပေါ် မူတည်၍  ဆန်မျိုးစုံအား ရောင်းချပေးလျက်ရှိပြီး ဈေးနှုန်းမြှင့်တင်ရောင်းချရန် ဆန်များ သိုလှောင်ထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ဆန်ဆိုင်ပိုင်ရှင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း၊ ဌာနမှထုတ်ပြန်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် အသိပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် စစ်ကုန်းကျေးရွာ စာသင်ကျောင်းတွင် ပိုက်ဆံလျှော်မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားတွင် စားသုံးသူပြည်သူများအား စားသုံးသူအသိပညာပေးဟောပြောခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးလှထွဋ်ဦးသည် (၁၀.၅.၂၀၂၄)ရက်နေ့ ၊နံနက်(၀၉:၀၀)နာရီက စက်မှုလယ်ယာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မြောင်းမြမြို့နယ် စစ်ကုန်းကျေးရွာ စာသင်ကျောင်းတွင် ပိုက်ဆံလျှော်မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားတွင် စားသုံးသူပြည်သူများအား အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဟောပြောဆွေးနွေးရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေပါ ၂၀၁၉ ပါပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်း စားသုံးသူများ သိရှိနားလည်နိုင်စေရန် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်အလက်များအား သိရှိလိုပါက မြို့နယ်စားသုံးသူရေးရာဦးစီးဌာနရုံးတွင်လည်းကောင်း၊ စားသုံးသူများနစ်နာမှုရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC  သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း ဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ ပြည်သူ(၄၅)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

                                   

မအူပင်မြို့ပေါ်ရှိ ဆန်ဆိုင်များအား ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကွင်းဆင်းစစ်ဆေးခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၈.၅.၂၀၂၄) ရက်နေ့ ၊နံနက် (၀၉:၀၀)အချိန်က မိတ်ဖက်ဌာနများနှင့်အတူ ပူးပေါင်းကာ မအူပင်မြို့ပေါ်ရှိ ဆန်ဆိုင်(၁၂)ဆိုင်အား ဆန်လက်ကျန်အခြေအနေ၊ ဆန်သိုလှောင်ထားရှိမှု ရှိ/မရှိနှင့် ဆန်ဈေးနှုန်းဈေးကွက်၊ ဈေးနှုန်းမကြီးမြှင့်စေရေးတို့အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

          ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဆန်ရောင်းချသူလုပ်ငန်းရှင်များကို ဒုခရိုင် ဦးစီးမှူးမှ ဆန်ဂိုဒေါင် ဆန်ဆိုင်ကြီးများအား ဆန်ပြတ်လပ်မှု မရှိစေရေး၊ ဆန်လက်ကျန်နှင့် ဈေးနှုန်းကြီးမြင့်မှု မရှိစေရေး ဆန်ဈေးနှုန်းမြင့်တက်ရောင်းချခြင်း ရှိ/မရှိနှင့် ဆန်များသို လှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုရှိ/မရှိ ဆန်ဈေးနှုန်းမြင့်တင်ရောင်းချခြင်းမပြုလုပ်ရန် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်ခရိုင်အတွင်း ဆီရောင်းချသော ဆီလုပ်ငန်းရှင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

(၈.၅.၂၀၂၄) ရက်နေ့၊နံနက် (၁၀:၀၀) နာရီအချိန်က မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် မအူပင်ခရိုင် ပန်းတနော်မြို့နယ်သို့သွားရောက်၍ ဆီရောင်းချနေသော လုပ်ငန်းရှင်များထံသို့ သွားရောက်၍ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်ချက်အရ ဆီရောင်းချနေမှုများကို ကွင်းဆင်းဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

ကွင်းဆင်းဈေးကွက်စောင့်ကြည့်စစ်ဆေးမှုတွင် ပန်းတနော်မြို့နယ်မှ ဆီအရောင်းဆိုင်(၁၂)ဆိုင်၊ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ ဆီရောင်းချသူလုပ်ငန်းများအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူး ခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် စားအုန်းဆီဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။ အချို့သော မြို့နယ်များတွင် စားအုန်းဆီဖြန့်ဖြူးရောင်းချသူအချို့သည် သတ်မှတ်ရည်ညွှန်း ဈေးအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် သယ်ယူပို့ဆောင်မှု စရိတ်အပြင် အမြတ်ရာနှုန်းထက် ပိုမို၍ ရောင်းချမှုမျိုး တွေ့ရှိရပါသည်။

          ပြည်တွင်းဈေးကွက်အတွင်း စားအုန်းဆီများကို ဈေးနှုန်းကစားခြင်း၊ မြှင့်တင်‌ရောင်းချခြင်း၊ သိုလှောင်ခြင်းအပါအဝင် ပြုမှုလုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့ပေါ်ရှိ ဆန်ဆိုင်များအား ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကွင်းဆင်းစစ်ဆေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင် နှင့် ဝန်ထမ်းများသည် (၈.၅.၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၃၀)အချိန်က မိတ်ဖက်ဌာနများနှင့်အတူ ပူးပေါင်းကာ ညောင်တုန်းမြို့ပေါ်ရှိ ဆန်ဆိုင်(၁၂) ဆိုင်အား ဆန်ဈေးနှုန်း၊ ဈေးကွက်အခြေအနေများ၊ ဆန်လက်ကျန် အခြေအနေ၊ ဈေးနှုန်းမကြီးမြှင့်စေရေးတို့အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

     ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဆန်ရောင်းချသူလုပ်ငန်းရှင်များကို မြို့နယ်ဦးစီးမှူးက ဆန်ဈေးနှုန်းမြင့်တက်လျက်ရှိသည့်အတွက် ဈေးနှုန်းမြင့်တင်ရောင်းချခြင်းများမပြုရန်၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုရှိ/မရှိနှင့် ဆန်ဂိုဒေါင် ဆန်ဆိုင်ကြီးများအား ဆန်ပြတ်လပ်မှု မရှိစေရေး၊ ဆန်လက်ကျန်နှင့် ဈေးနှုန်းကြီးမြင့်မှု မရှိစေရန် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ