Consumer Redress

     ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးမှ ဘုရင့်နောင်ကားဝန်းရှိ ကုန်စည်ပို့ဆောင်ရေးကားဂိတ်မှတစ်ဆင့် ဆိုလာပြား(၂၂)ချပ်အား ကျောက်ပန်းတောင်းမြို့သို့ တင်ပို့ရာတွင် ဆိုလာပြား (၇)ချပ်မှာ သုံးစွဲ၍ မရ နိုင်သည်အထိ ပျက်စီးသွားသဖြင့် လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း တာဝန်ယူဖြေရှင်းပေးမှု မရှိသောကြောင့် စားသုံးသူရေးရာဦးစီးဌာနသို့ လူကိုယ်တိုင် လာရောက် တိုင်ကြားလာပါသည်။

    မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် အာမခံကုမ္ပဏီတစ်ခုထံတွင် ပရီမီ ယံကြေး ၃၄၃,၇၃၀/-ကျပ်ဖြင့် ကားအာမခံထားခဲ့ပြီး အသေး စားကားမတော်တဆမှု ဖြစ်ပွားသည့်အတွက် ပြုပြင် စရိတ် ၁၅၀,၀၀၀/-ကျပ်ကို အာမခံလျော်ကြေး ထုတ်ယူရာတွင် (၂)ပတ်အတွင်း ထုတ်ယူနိုင်ကြောင်း ကြော်ငြာထားသော်လည်း (၂)လကျော်ကြာမှ ရရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာန၏  Website Complaint System မှတစ်ဆင့် ဆက်သွယ်တိုင်ကြားလာပါသည်။ 

   မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် မိတ္ထီလာမြို့၊  ကျီတော်ကုန်းရပ်ရှိ စူပါစတိုးဆိုင်တစ်ဆိုင်သို့ သွားရောက်ခဲ့ရာ ဆိုင်ရှေ့တွင် ကားရပ်နားရန် နေရာမရှိသောကြောင့် စတိုးဆိုင်မှ ခန့်ထားသော လုံခြုံရေးဝန်ထမ်းများမှ ကားရပ်နားရန် အဆင်ပြေနိုင်မည့် စတိုးဆိုင်နှင့် ကပ်လျက်ရှိ အသေးစားအလတ်စား ချေးငွေဘဏ်ရှေ့သို့ ကားရပ် ခိုင်းခဲ့သည့်အတွက် ကားရပ်နားခဲ့ပြီး စတိုးဆိုင်အတွင်းသို့ ဝင်ရောက်၍ လိုအပ်သော ပစ္စည်းများဝယ်ယူပြီး မိနစ်(၃၀)အကြာ ကားသို့ပြန်ရောက်ချိန်တွင် ကားအတွင်းရှိ ငွေကျပ် ၁,၄၄၃,၆၀၀/-တန်ဖိုးရှိ ပစ္စည်းများအား ကားမှန်ကို

    (၁၁.၆.၂၀၂၄)ရက်နေ့တွင် စလင်းမြို့နေ xxxxxx ပါ (၃)ဦးသည် စလင်းမြို့မှမကွေးမြို့သို့သွားရန်အတွက် xxxxxx ဂိတ်၊ ဂိတ်မှူးတာဝန်ခံ xxxxxx ထံမှ ကားလက်မှတ်ဝယ်ယူခဲ့ကြောင်း၊ စလင်း-မကွေး ပုံမှန်ယာဉ်စီးခနှုန်းထားမှာ (၁)ဦးလျှင် ကျပ်(၈၀၀၀)သာ ကျသင့်ရမည်ဖြစ်သော်လည်း ကျပ်(၁၅၀၀၀)နှုန်းဖြင့် လူ(၃)ဦးစာ စုစုပေါင်းငွေကျပ်(၄၅၀၀၀)ပေးချေခဲ့ရ၍ ယာဉ်စီးခအဆမတန်ပေးချေခဲ့ရမှုအပေါ်  စိတ်ကျေနပ်မှုမရှိပါသဖြင့် (၁၃.၆.၂၀၂၄)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနသို့  xxxxxx မှ တိုင်ကြားလာပါသည်။

   ရှမ်းပြည်နယ်မှ တိုင်ကြားသူတစ်ဦးသည် XXX တရုတ်-မြန်မာ ကုန်စည်ပို့ဆောင်ရေးမှတစ်ဆင့် တရုတ်ပြည်ရှိ ကုန်သည်ထံ သို့ ငွေပေးချေ၍ ဝယ်ယူထားသောပစ္စည်းများ မရောက်လာဘဲ ပျောက်ဆုံးသွားခြင်းအပေါ်ပစ္စည်းတန်ဖိုး အပြည့်ပေးလျော်ရန် ငြင်းဆိုနေသောကြောင့် တိုင်ကြားခြင်း။

    မန္တလေးတိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးသည် မန္တလေးမြို့ရှိ GYM တစ်ခုသို့ သွားရောက်ခဲ့ရာ တာဝန်ချထားသည့် လုံခြုံရေးဝန်ထမ်းမှ ကားရပ်နားရန် ပြသသည့်နေရာတွင် တိုင်ကြားသူ၏ ကားကိုရပ်နားခဲ့ပြီး အပြင်သို့ ခေတ္တသွားပြီး ပြန်လာချိန်တွင် ကားရှေ့ပိုင်း ပျက်စီးနေပါသဖြင့် ပြောကြားရာ လုံခြုံရေးကုမ္ပဏီမှ တာဝန်ယူမှုမရှိပါသဖြင့် တိုင်ကြားခြင်း။

    မကွေးမြို့ XXXXXX ရပ်၊ XXXXXX လမ်းတွင်နေထိုင်သော ဦး XXXXXX သည် (၁၁.၅.၂၀၂၄)ရက်နေ့တွင် XXXXXX မြို့မှ XXXXXX မြို့သို့ XXXXXX ယာဉ်လိုင်းဖြင့်  Redmi 13 C ကျပ်(၄၃၉၀၀ဝိ/-) တန်ဘိုးရှိ ပါဆယ်ထုပ်အား တန်ဆာခပေး၍ ပေးပို့ခဲ့ကြောင်း၊ ပါဆယ်ထုပ်ရောက်ရှိချိန်၌ သွားရောက်ထုတ် ယူရာတွင် အခြားတစ်ဦးမှ ထုတ်ယူသွားပြီးဖြစ်ကြောင်း ပြောကြားလာသည့်အတွက် ပါဆယ်ထုပ် ပျောက်ဆုံးမှုအပေါ် တာဝန်ယူမှုမရှိသဖြင့် မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်တိုင်ကြား လာပါသည်။

    မကွေးတိုင်းဒေသကြီး၊ XXXXXX မြို့နေ ဦးXXXXXX သည် အွန်လိုင်းမှတစ်ဆင့် ပဲခူးမြို့၊ ရွှေမောဓောဘုရားအနီးရှိ XXXXXX အမည်ဖြင့် မီနီအိုးဝေ ရောင်းဝယ်ရေးဆိုင်မှ သုံးဘီးတစ်စီးအားမှာယူခဲ့ရာ စရံငွေ(၃)သိန်းကျပ်အား Wave Money ဖြင့် (၁၅.၁.၂၀၂၄)ရက်နေ့တွင် ငွေလွှဲပေးပို့ခဲ့ကြောင်း၊ ငွေလွှဲပြီး (၁)နာရီအကြာတွင် ဖုန်းနံပါတ် XXXXXX ဖြင့် XXXXXX  မှဟုဆိုကာ ဦး XXXXXX မှ XXXXXX မြို့သို့ ပို့ဆောင်ပေးရမည့် သုံးဘီးအား ကားပေါ်သို့ တင်ပေးပြီးဖြစ်ကြောင်း၊ တန်ဆာခပေးချေ ထားသည့် ချလံအား ပေးပို့လာကာ ကျန်ရှိနေသော ငွေကျပ်(၂၆)သိန်းအား ထပ်မံပေးပို့ပေးပါရန် တောင်းဆိုလာပါ သဖြင့် ငွေကျပ်(

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊   စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် နိုင်ငံတကာအလေ့အကျင့်များအရ စားသုံးသူ၏နစ်နာဆုံးရုံးမှုများကို အရေးဆိုတိုင်ကြားနိုင်ရန်၊ အာဆီယံ Guide Line အရတိုင်ကြားမှုများကို လက်ခံဖြေရှင်းနိုင်ရန်၊ စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိနိုင်ရန်၊ စားသုံးသူ၏နစ်နာမှုများအားအချိန်တိုအတွင်းကုစားဖြေရှင်းပေးနိုင်ရန်ရည်ရွယ်၍ တိုင်းဒေသကြီး/ ပြည်နယ်များနှင့်ခရိုင်များတွင်စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (CICC)များ ဖွင့်လှစ်၍ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။