ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနား မြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် Online Website မှ တရားမဝင် ကုန်သွယ်မှုပြု၍ ငွေကြေးလိမ်လည်နေ သော အဖွဲ့အစည်းအား ဖမ်းဆီးဖော်ထုတ် အရေးယူ ပေးပါရန် စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ် တိုင်ကြားလာပါသည်။
Consumer Redress
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်နေ တိုင် ကြားသူတစ်ဦးသည် လပွတ္တာ-မြောင်းမြ ယာဉ်လိုင်းဖြင့် ဆန်စက်တွင် အသုံးပြုသော ၇.၅ ကီလိုဝပ် ရေပန့်မော်တာ တစ်လုံးအား မြောင်းမြမြို့သို့ ပို့ဆောင်ရာတွင် လမ်းတွင် ပစ္စည်းပျောက်ဆုံးသွားပါသဖြင့် စားသုံးသူရေးရာဦးစီး ဌာနသို့ ဆက်သွယ် တိုင်ကြားလာပါသည်။
ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးသည် ပါကေးနှင့် အထွေထွေအိမ်ဆောက်ပစ္စည်း အရောင်းဆိုင် တစ်ဆိုင်၏ ဝန်ဆောင်မှုကို ရယူသုံးစွဲရာတွင် ကျွန်းပါ ကေးခင်းရာ၌ အရည်အသွေးနိမ့် သောပစ္စည်းများသုံးခြင်း၊ လက်ရာသေသပ်မှုမရှိခြင်းတို့ကြောင့် စားသုံးသူရေးရာဦးစီး ဌာနသို့ ဆက်သွယ်တိုင်ကြားလာပါသည်။
ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးသည် ခရီးသွားဝန်ဆောင်မှုကုမ္ပဏီတစ်ခုထံမှ ပြည်ပခရီးအတွက် သံရုံး တွင် ဗီဇာတင်ပေးရန် ဝန်ဆောင်ခ USD 300$ အား ပေးသွင်းခဲ့ပြီး ဝန်ဆောင်မှု မပေးနိုင်သောကြောင့် ပေးသွင်းထားသော ဝန် ဆောင်ခကို ပြန်လည်တောင်းခံရာ ငွေပြန်မပေးခြင်း၊ ခြိမ်း ခြောက်ပြောဆိုခြင်းများ ပြုလုပ်နေသောကြောင့် စားသုံးသူ ရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားလာပါသည်။
မန္တလေးတိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးသည် ဆေးဆိုင်တစ်ဆိုင်မှ Kremil’s (Refor mulated) Tablet ပန်းရောင်(၄)လုံး တစ်ကတ်ကို ငွေကျပ် ၁,၆၇၀/-ဖြင့် ဝယ်ယူခဲ့ ရသဖြင့် အခြားဆေးဆိုင်များထက် ဈေးနှုန်းမြင့်မားစွာ ရောင်းချ နေကြောင်း စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြား လာပါသည်။
၁။ စစ်ကိုင်းတိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးသည် Facebook Page တွင် ရောင်းချနေသော ယာဉ်လိုင်းတစ်ခု၏ (မန္တလေး-မော်လမြိုင်) ကားလက်မှတ် နှစ်စောင်ကို ငွေကျပ် ၈၂,၀၀၀/- ဖြင့် ဖုန်းနံပါတ် ၀၉-၆၇၇၀၉၇၀၈၆ သို့ Kpay ဖြင့် ငွေ ပေးချေဝယ်ယူခဲ့ရာ ငွေပေးချေပြီးနောက် ဆက်သွယ်မရတော့သ ဖြင့် စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားလာပါ သည်။
အောင်လံမြို့(xxx)ရပ်ကွက်နေ၊ ဦး(xxx)သည် (၁၈.၁၂.၂၀၂၄)ရက်နေ့တွင် ငွေကျပ်(၁၀)သိန်းတန် စက်ဘီးဂီယာစက်တစ်ခုကို (xxx)မှ (xxx)မြို့သို့ ဝန်ဆောင်ခပေး၍ ပို့ဆောင်စေခဲ့ရာ ရောက်ရှိလာခြင်း မရှိသည့်အတွက် ဂိတ်သို့ပြောကြားရာတွင် တာဝန်ယူမှု/တာဝန်ခံမှုမရှိသဖြင့် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသို့ (၈.၁.၂၀၂၅)ရက်နေ့တွင် လာရောက်တိုင်ကြားလာပါသည်။
စလင်းမြို့(xxx)လမ်းနေ ဒေါ်(xxx)သည် (၁၀.၁.၂၀၂၅)ရက်နေ့တွင် MBB Myanmar Broad Band(B2B Company) Facebook Page ၏ Chat Box မှတဆင့် B2B 1month Unlimited Free အားဝယ်ယူခဲ့ရာ ၎င်းကုမ္ပဏ္ဏီမှ ဖုန်းနံပါတ်၊ အမည်၊ လိပ်စာ၊ မှတ်ပုံတင်အမှတ်တို့အား တောင်းခံခဲ့ပြီး B2B Register ပြုလုပ် ရမည်ဖြစ်ပါ၍ K Pay No.(xxx)ထံသို့ ငွေကျပ်(၁၈၀၀၀)အား ပေးပို့စေခဲ့ပါသည်။ ကုမဏ္ဏီမှ (၂၄)နာရီ အတွင်း SMS ရောက်ရှိလာပါက စတင်အသုံးပြု၍ရပြီဖြစ်ကြောင်း ပြောကြားခဲ့ သော်လည်း (၁၀.၁.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၄း၀၇)မိနစ်အချိန်တွင် ထပ်မံ၍ မှတ်ပုံတင်နံပတ် တောင်းခံခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့မှ တိုင်ကြားသူ သည် မန္တလေးမြို့မှမော်လမြိုင်မြို့သို့ထွက်ခွာမည့်Facebook စာမျက်နှာတွင် ရောင်းချနေသော မန္တလာမင်းကားလက်မှတ်ကို ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(၁၈)ရက်နေ့ညတွင် ဖုန်းဖြင့်ဆက်သွယ်၍ လက်မှတ်နှစ်ခုံစာကို ၈၂၀၀ဝိ/-ဖြင့် K-pay မှတစ်ဆင့် လက်မှတ်ဖြတ်ခဲ့ပါကြောင်း K-pay မှ ငွေပေးချေပြီး Viber မှတစ်ဆင့် ပြေစာပေးပို့ရန် လက်မှတ်တောင်းခံခဲ့ရာ ဆက်သွယ်မရပါသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်သို့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၁၉)ရက်နေ့တွင် တိုင်ကြား လာပါသည်။
၂။ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်နေ တိုင်ကြားသူ တစ်ဦးသည် ကားအရောင်းစင်တာတစ်ခုမှ ကားတစ်စီး ဝယ်ယူခဲ့သည့် ကိစ္စနှင့်ပက်သက်၍ နစ်နာမှုများ ပေါ် ပေါက်လာသောကြောင့် Email မှတဆင့် တိုင်ကြားလာ ပါသည်။

















