Consumer Redress

       ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နေ တိုင်ကြားသူတစ်ဦးသည် အဆင့်မြင့်ဆန်ရောင်းဝယ်ရေး တစ်ခုထံမှ ပေါ်ဆန်း(ရှယ်)အမျိုး အစားအား အလေးချိန် (၁၀၈)ပေါင်၊ (၂၄)ပြည် ဝင် ဆန်အိတ်ရေ (၃၃)အိတ်ကို အွန်လိုင်းစနစ်ဖြင့်ဝယ်ယူခဲ့ရာ ပေးပို့လာသည့်ဆန် များ၏အရည်အသွေးသည် နမူနာပြထားသည့်ဆန်အရည်အသွေး နှင့်တူညီမှုမရှိဘဲလွန်စွာကွဲလွဲမှုများရှိနေသောကြောင့် အဆင့်မြင့် ဆန်ရောင်းဝယ်ရေးသို့ ဆက်သွယ်ပြောကြားသော်လည်း တာဝန်ယူမှုမရှိသောကြောင့် စားသုံးသူရေး ရာဦးစီးဌာနသို့စာဖြင့် တိုင်ကြားလာပါသည်။

     ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူတစ် ဦးသည် Online Shop တစ်ခု၏  Page တွင် Branded အိတ်စစ်စစ်အဖြစ် Post တင်ပြီး ကြော်ငြာ သောကြောင့် မှာယူခဲ့ပါကြောင်း၊ မှာယူပြီး မိမိထံ ရောက်ရှိချိန်တွင် အိတ်မှာ Error များပါနေသဖြင့် ကျေနပ်မှုမရှိသောကြောင့် စားသုံးသူရေးရာဦးစီး ဌာနသို့ ဆက်သွယ်တိုင်ကြားလာပါသည်။

      မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် ခရီးသွားဝန်ဆောင်မှုနှင့် ကုန် စည်ပို့ဆောင်ရေးလုပ်ငန်းတစ်ခုမှတစ်ဆင့် “တောသူမ" သဘာဝဆေးဖက်ဝင် ထုတ်ကုန်များ (ခေါင်းလျှော်ရည် အပါ)အား ဂျပ်ဖာ(၄)ဖာကို ငွေကျပ် ၅၂,၀၀ဝ/- ဖြင့် ရန်ကုန်မြို့ရှိ  Super Market တစ်ခုသို့ Deli ပို့ခငွေကျပ် ၂၀,၀၀ဝ/- ဖြင့် အပ်နှံပို့ဆောင်ခဲ့ရာ  ရန်ကုန်မြို့ရှိ  Super Market  သို့ ပစ္စည်းများရောက်ရှိသော်လည်း ငွေကျပ် ၁၈,၉၁,၀၀၀/- တန်ဖိုးရှိ ကုန်ပစ္စည်းများ ပျက်စီးနေပါသဖြင့

     ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်နေ တိုင်ကြား သူတစ်ဦးသည် ဟံသာဝတီပွဲရုံနှင့် ကုန်တင်ကားဂိတ် များ ပါဝင်သော လက်ကားဈေးကြီးတွင် အခန်းအမှတ် C-XXXX ကို ကုမ္ပဏီ တစ်ခုထံမှ ၇-၉-၂၀၂၅ ရက်နေ့၌ စရံငွေ ကျပ်သိန်း(၅၀)ပေး၍ဝယ်ယူခဲ့ရာ စာချုပ်ချုပ်ဆို ချိန်တွင် ကုမ္ပဏီအရောင်းစာရေးက ၎င်းအခန်းသည် ရောင်းချပြီးအခန်းဖြစ်နေ၍ စရံငွေကျပ်သိန်း (၅၀)အား ပြန်ပေးမည်ဟု ပြောကြားခဲ့သည့်အတွက် ဖြေရှင်းဆောင်ရွက်ပေးနိုင်ပါရန် စားသုံးသူရေးရာဦးစီးဌာနသို့ စာဖြင့် တိုင်ကြားလာပါသည်။

      ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်နေ တိုင်ကြားသူ တစ်ဦးသည် အမည်တစ်ခုဖြင့် မှတ်ပုံတင်ထားသော ဆင်းကဒ် နံပါတ်အလှအား အွန်လိုင်းမှတစ်ဆင့် ငွေကျပ်သိန်း(၅၀၀)ဖြင့် ဝယ်ယူအသုံးပြုခဲ့ပြီး ၎င်းအမည်ဖြင့် အမည်ပေါက်ပြောင်းကာ မှတ်ပုံတင်ပြုလုပ်၍ ကိုင်ဆောင်ခဲ့ပါကြောင်း၊  ဆင်းကဒ်ပျောက် ဆုံးသွားသောကြောင့် ဆက်သွယ်ရေးကုမ္ပဏီတွင် ကဒ်အသစ်ပြန် လည် လျှောက်ထားခဲ့ရာ  ဆက်သွယ်ရေးကုမ္ပဏီကစစ်ဆေးပြီး မှန်ကန်သဖြင့် ကဒ်အသစ်ထုတ်ပေး ခဲ့သော်လည်း အဆိုပါဆင်းကဒ်အား ပြင်ပသို့ ရောင်းချထားခြင်းမရှိသည့်အတွက် စစ်ဆေးရမည်ဖြစ်၍ ဆင

    ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူ တစ်ဦးသည် ကားရောင်းဝယ်ရေးကုမ္ပဏီတစ်ခုထံမှ ဝယ်ယူထားသော Wuling EV Car အား တရုတ် Version မှ Global  Version သို့ ပြောင်းပေးရန် တောင်းဆိုရာတွင် (၇)လကြာသည်အထိ ဆောင် ရွက်ပေးမှု မရှိသောကြောင့်  စားသုံးသူရေးရာဦးစီး ဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ စာဖြင့်တိုင်ကြားလာပါသည်။

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်နေ တိုင်ကြား သူတစ်ဦးသည် အမြန်ချောလုပ်ငန်း တစ်ခုဖြင့် ထားဝယ်မြို့မှ နေပြည်တော်မြို့သို့ ကမ်းဇော်ဆီပို့ဆောင်ရာတွင် ပစ္စည်းကွဲရှ ပျက်စီးခဲ့သဖြင့် ဖြေရှင်းဆောင်ရွက်ပေးနိုင်ပါရန် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ဆက်သွယ်တိုင်ကြားလာပါသည်။

       ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်နေ တိုင်ကြားသူတစ်ဦး သည် ပရိဘောဂပစ္စည်းအရောင်းဆိုင်တစ်ခုထံမှ  ဗီဒိုနှင့် မှန်တင်ခုံအား ငွေကျပ် (၁၅)သိန်းပေးချေ၍ မှာယူခဲ့ရာ သတ်မှတ်ချိန်အတွင်း ပစ္စည်းအပ် နှံနိုင်ခြင်းမရှိသည့်အပြင် ငွေပြန်အမ်းခြင်းလည်းမရှိသောကြောင့် စားသုံး သူရေးရာဦးစီးဌာန၏ Website Complaint System မှတစ်ဆင့် ဆက် သွယ်တိုင်ကြားလာပါသည်။