Consumer Redress

၂၀၂၅ ခုနှစ်တွင် အင်ဒိုနီးရှားနှင့် ဗီယက်နမ် တို့သည် ပထမဆုံးအကြိမ်အဖြစ် Indo-Viet Aquaculture Alliance ဟုခေါ်သော ရေမွှားဖမ်းလုပ်ငန်းပူးပေါင်းကွန်ယက် ကို တည်ထောင်ခဲ့ကြကြောင်း သိရှိရပါတယ်။ အဆိုပါ ပူးပေါင်းမှုကွန်ယက်သည် ရောဂါကင်းစင်စွာဖြင့် ပုစွန်ဆိတ်မွေးမြူနိုင်ရန် စနစ် တကျ ရေအရင်းအမြစ်၊ အစာ၊ အပတ်ပတ်လည်သန့်ရှင်းမှုများ စီမံခန့်ခွဲခြင်း၊ ဗီယက်နမ်၏ လုပ်ငန်း သက်တမ်းကြီးသော shrimp farming နည်းပညာများကို အင်ဒိုနီးရှားသို့ ပြောင်းလဲပေးခြင်း နှင့်သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုနည်းသော မွေးမြူနည်းများကို လေ့ကျင့်ပေးနိုင်ရန် ရည်ရွယ်၍ ကွန်ယက်အား တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။ ထိုအဖွဲ့သည် EU နှင့် J

  ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပ မြို့နေ တိုင်ကြားသူတစ်ဦးသည် ဘဏ်တစ်ခု၏ ဝန်ဆောင်မှုနှင့်ပတ်သက်၍ မိမိအသုံးပြုနေသည့် ဖုန်း ဆင်း ကဒ်အား အခြားသူတစ်ဦးမှ Pay အကောင့် ဖွင့်၍ အသုံးပြုနေသောကြောင့် စားသုံးသူရေးရာ ဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားလာပါသည်။

     ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် Sushi ဆိုင်တစ်ဆိုင်တွင် Sushi (၅) ပွဲမှာစားရာ Mayonnaise အား တစ်ပန်းကန်သာပေးသဖြင့် ထပ်မံ တောင်းခံရာတွင် ဆိုင်ဝန်ထမ်းမှ အနည်းဆုံးငွေကျပ် ၃၀၀၀/- ဖြင့် ဝယ်ယူရမည်ဟု ပြောကြားခဲ့ကြောင်း၊ ယခင်စားနေကြဖြစ်ပြီး ပုံမှန်အားဖြင့် မရိုးနစ်မှာ လိုသလို တောင်းခံနိုင်သည်ကို သိရှိထားသောကြောင့် ကျေနပ်မှုမရှိပါသောကြောင့် စားသုံးသူရေးရာဦးစီးဌာန၏ Website Complaint System မှတစ်ဆင့် ဆက်သွယ်တိုင်ကြားလာပါသည်။

        (xxx) မြို့၊ (xxx) ကျေးရွာနေ ဦး(xxx)သည် (၂၆.၃.၂၀၂၅)ရက်နေ့တွင် ဟဲဟိုး-တာချီလိတ် ခရီးစဉ် အတွက် (xxx) အေဂျင်စီ၏ Viber ဖုန်းနံပါတ်(xxx)သို့ ဆက်သွယ်၍ အွန်လိုင်းမှတဆင့် လူ(၄)ဦးစာအတွက် လေယာဉ်လက်မှတ် ဝယ်ယူခဲ့ရာ (၁၀.၄.၂၀၂၅)ရက်နေ့တွင် (xxx) လေကြောင်း လိုင်းဖြင့် ပို့ဆောင်ပေးမည်ဖြစ်ပြီး တစ်ဦးလျှင် (၃၅၉၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း(၁၄၃၆၀၀၀)ကျပ် အား Kpay နံပါတ်(xxx)သို့ ငွေပေးချေရမည်ဖြစ်ကြောင်း ပြန်ကြားလာ၍ (၂၅.၃.၂၀၂၅)ရက်နေ့တွင် စရန် ငွေ(၂)သိန်း၊ (၂၆.၃.၂၀၂၅)ရက်နေ့တွင် (၁၂)သိန်း၊ စုစုပေါင်း(၁၄)သိန်း ပေးချေ၍ ဝယ်ယူခဲ့ရာ ငွေအကြေပေးချေပြီးလျှင် လေယာဉ်လက်မှတ်ဖြတ်

     ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်နေ တိုင်ကြားသူ တစ်ဦးသည် အီလက်ထရောနစ်ဆိုင် တစ်ခုထံမှ 25”TV တစ်လုံးအား ငွေကျပ် ၈၅၀,၀၀ဝ/-ဖြင့် ဝယ်ယူခဲ့ရာ အာမခံ သက်တမ်း မကုန်ဆုံးမီ ပျက်စီးသွားသောကြောင့် ဆိုင်သို့ ပြုပြင်ရန် ပို့ဆောင်ပေးခဲ့ရာ (၃)လခန့်ကြာသည်အထိ ပြုပြင် ပေးခြင်းမရှိသောကြောင့် စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ် တိုင်ကြားလာပါသည်။

     ရန်ကုန်တိုင်းဒေသကြီးရှိ ကားအရောင်းစင်တာအွန်လိုင်း Page တစ်ခုသည် Brand New Honda CR-V ယာဉ်များအား ဆိုရှယ်မီဒီယာမှတဆင့် ကြော်ငြာရောင်းချလျက်ရှိရာ EV ကား သာ တင်သွင်းခွင့်ပြုထားချိန်ဖြစ်သဖြင့် မှန်ကန်မှုရှိ/မရှိ စိစစ် အရေးယူဆောင်ရွက်ပေးရန် စားသုံးသူတစ်ဦးက အကြောင်းကြားလာပါသည်။

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နေ တိုင်ကြား သူတစ်ဦးသည် LAPTOP SHOWROOM တစ်ခုထံမှ laptop အား ငွေကျပ် ၁,၄၅၀,၀၀၀/-ဖြင့် ဝယ်ယူခဲ့ပြီးနောက် laptop Battery Error ဖြစ်ပေါ်လာသဖြင့် ဆိုင်သို့ ဆက်သွယ် အကြောင်းကြားသော်လည်း တာဝန်ယူဖြေရှင်း ပေးခြင်း မရှိသောကြောင့် စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားလာပါသည်။

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နေ တိုင်ကြားသူတစ်ဦး သည်  မကွေးမြို့ရှိ ကားဂိတ်တစ်ခု တွင် ငွေကျပ်(၁၀)သိန်းတန် စက်ဘီးဂီယာစက်တစ်ခုကို မန္တလေးမှ အောင်လံမြို့သို့ ဝန်ဆောင်ခ ပေး၍ ပို့ဆောင်စေခဲ့ရာ ၎င်းပစ္စည်းမှာ အောင်လံမြို့သို့ ရောက်ရှိ လာ ခြင်းမရှိသဖြင့် ဂိတ်သို့ မေးမြန်း စုံစမ်းရာ ဂိတ်တာဝန်ရှိသူမှ မကွေးမြို့ရှိဂိတ်သို့ ပေးပို့ခဲ့ကြောင်း၊ မကွေးမြို့ရှိဂိတ်မှတစ်ဆင့် အခြားယာဉ်လိုင်းဖြင့် ဆက်လက်ပေးပို့စေခဲ့ရာတွင် ပစ္စည်းမှာ လမ်းတွင်ပျောက်ဆုံးခဲ့ကြောင်း၊ မကွေးမြို့ရှိ ဂိတ်တာဝန်ရှိသူမှ လျော်ကြေးငွေကျပ်(၃)သိန်း ပေးလျော်မည်ဖြစ်ကြောင်း  ပြောကြားခဲ့မှု အပေါ် ပစ္စည်း၏တန်ဖိုးမှ

   ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်နေ တိုင်ကြားသူ တစ်ဦးသည် xxx ဆိုင်မှ Asus Proart Display Pa279CV 27” 4 K HDR UHD IPS 60 HZ Moniter အား ငွေကျပ် ၁,၆၅၈,၈၃၅ ဖြင့်ဝယ်ယူခဲ့ရာ အာမခံသက်တမ်း (၃)နှစ်အတွင်း Monitor တွင် Error ဖြစ်ပေါ်သောကြောင့် ဆိုင်သို့ အကြောင်းကြားသော် လည်း User Fault ဟုပြောဆိုပြီး ပြင်ဆင်ပေးမှုမရှိသဖြင့် စားသုံးသူရေးရာ ဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားလာပါသည်။