Consumer Redress

         လယ်ယာသုံးရိတ်သိမ်းခြွေလှေ့စက်ဝယ်ယူရာတွင် ဝယ်ယူသူက ကျေနပ်မှုမရှိသည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားလာမှုအား ဌာနမှ ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးခဲ့ပါသည်။ ဖြစ်စဉ်မှာ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့၊ ဗိုလ်မြရပ်ကွက်နေ တောင်သူ ဦးဝင်းဆန်းဦးက UMG Group မှ လယ်ယာသုံးရိတ်သိမ်းခြွေလှေ့စက်တစ်လုံးကို အရစ်ကျစနစ်ဖြင့် ဝယ်ယူခဲ့ ပါကြောင်း၊ ထိုသို့ဝယ်ယူခဲ့ရာတွင် အဆိုပါရိတ်သိမ်းခြွေလှေ့စက်မှာ မကြာခဏစက်ချို့ယွင်းခြင်း၊ အပိုပစ္စည်း မရရှိနိုင်ခြင်းတို့ကြောင့် ကျေနပ်မှုမှမရှိသည့်အတွက် နစ်နာဆုံးရှုံးမှုအား စစ်ကိုင်း တိုင်း ဒေသကြ

          ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် Food  Panda   ဝန်ဆောင်မှုနှင့် ပတ်သက်၍ Mobile Banking ဖြင့်ငွေလွဲ၍ Order တင်ခဲ့ရာ Order Cancel ဖြစ်သွားသော်လည်း Account ထဲ့မှ ဖြတ်သွားသောငွေအား သတ်မှတ်ချိန်ကျော်လွန်သည်အထိ ပြန်လည်ပေးအပ်ခြင်းမရှိသောကြောင့် စားသုံးသူရေးရာဦးစီဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ဆက်သွယ်တိုင်ကြားလာပါသည်။

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရန်မျှော်မှန်း၍ တိုင်းနှင့်ပြည်နယ်များတွင် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူပြည်သူများ၏ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးခြင်း၊သုံးစွဲခြင်းများ ဆောင်ရွက်နိုင်စေရန် စားသုံးသူကာကွယ်ပေးရေးဥပဒေပါ စားသုံးသူအခွင့်အရေးများကို သိရှိရယူနိုင်စေရန် နေရာဒေသမရွေး အသိပညာပေးခြင်းများ ဆောင်ရွက်ပြီး စားသုံးသူများနစ်နာမှုရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေ

          (၁၆-၂-၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ရုံးခန်းတွင် ဌာနရှိတာဝန်ရှိသူများမှ ညှော်နံ့များကြောင့် ပတ်ဝန်းကျင်အနှောင့်အယှက် ဖြစ်နေပါ၍ စားသုံးသူ များ၏တိုင်ကြားလိုမှုများနှင့် ပတ်သက်၍  တွေ့ဆုံပြီးရှင်းလင်း အသိပညာပေး ဆွေးနွေးခဲ့ပါသည်။ စားသုံးသူများအနေဖြင့် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ဘီစကစ်စက်ရုံမှ နေ့/ည မပြတ် ညှော်နံ့များ၊ အပူနံ့များ၊ သီချင်းသံများကြောင့် ပတ်ဝန်းကျင်ရှိ လူနေအိမ်များ အနှောင့်အယှက်ဖြစ်နေ၍ တိုင်ကြားလိုကြောင်း ဆွေးနွေးခဲ့ပါသည်။  ဌာနအနေဖြင့် စားသုံးသူ ကာကွယ်ရေ

        မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် စားသုံးသူတိုင်ကြားမှုများကို ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်းတိုင်ကြားမှုပေါင်း (၃၈)မှု၊ ၂၀၁၈-၂၀၁၉ ကြားကာလ(၆)လအတွင်း တိုင်ကြားမှုပေါင်း (၅၁)မှု၊ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း တိုင်ကြားမှုပေါင်း (၁၆၄)မှု၊ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း တိုင်ကြားမှုပေါင်း (၂၃၇)မှု၊ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်အတွင်း တိုင်ကြားမှုပေါင်း (၇၆)မှု၊ ၂၀၂၀-၂၀၂၁ ကြားကာလ(၆)လအတွင်း တိုင်ကြားမှုပေါင်း (၂၃)မှု၊ တိုင်ကြားမှုစုစုပေါင်း (၅၈၉)မှုရှိခဲ့ပြီး ယနေ့အချိန်ထိ ဖြေရှင်းဆောင်ရွက်ပြီး (၅၇၂)မှု၊ ဖြေရှင်းဆောင်ရွက်ဆဲ (၁၇)မှုရှိ

         စားသုံးသူရေးရာဦးစီးဌာနသို့ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါကတိုင်ကြားနိုင်ကြောင်း သိရသဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းနေထိုင်သူတစ်ဦးသည် မုံရွာခရိုင်စားသုံးသူသတင်းပြန်ကြား ရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာသို့ တိုင်ကြားလာပါသည်။ ဆန်အိတ်ဝယ်ယူပြီးနောက် အိမ်ရောက်သည့်အခါ နမူနာကြည့်ရှုဝယ်ယူခဲ့သည့် ဆန်အမျိုးအစားမဟုတ်ဘဲ ဈေးချိုသည့် ဆန်များ ဖြစ်နေသည့်အတွက် ဆန်ဆိုင်သို့ပြန်လဲပေးရန်ပြောသော်လည်း ဝယ်ပြီးပစ္စည်း ပြန်လဲမပေးကြောင်း ပြောကြားသည့်အတွက် တိုင်ကြားခြင်းဖြစ်ပါသည်။

         စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးမှ ၁၄.၁၂.၂၀၂၁ ရက်နေ့တွင် ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့နေ စားသုံးသူတစ်ဦး၏ Website Complaint System သို့ Mybus ဝန်ဆောင်မှုနှင့် ပတ်သက်၍တိုင်ကြားမှုအား ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

          မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၁ခုနှစ် နိုဝင်ဘာလအတွင်း၌ စားသုံးသူတစ်ဦး၏ Wifi သုံးစွဲခြင်းနှင့်ပတ်သက်၍ တိုင်ကြားမှုတစ်ခုအား ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးသည် xxxx ငွေကြေးဝန်ဆောင်မှု နှင့်ပတ်သက် ၍ App ထဲမှ Point များ ထုတ်ယူခံရသောကြောင့် ဖြေရှင်းဆောင်ရွက်ပေးပါရန် ရန်ကုန်တိုင်းဒေသ ကြီးဦးစီးမှူးရုံးသို့ ၃-၂-၂၀၂၁ ရက်နေ့တွင် ဆက်သွယ်တိုင်ကြားလာပါသည်။

           မန္တလေးတိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးသည် xxxx လုပ်ငန်းနှင့်ပတ်သက်၍ ဆင့်ပွား ဈေးကွက်ဖြန့်ချိရေးလုပ်ငန်း (Multi Level Marketing ) ဆောင်ရွက်နေခြင်း ရှိ/မရှိ စစ်ဆေးပေးရန် မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ၈-၁-၂၀၂၁ ရက်နေ့တွင် ဆက်သွယ်တိုင်ကြားလာပါသည်။