မန္တလေးတိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးသည် xxxxxx Pre School တွင် တစ်နှစ်စာ ငွေကျပ် (၂၂၅၀၀၀ဝိ/-) ပေးသွင်းပြီး ကျောင်းတက်ခဲ့ရာ Covid-19 ကာလဖြစ်၍ မတ်လမှစ၍ ကျောင်းပိတ်ခဲ့သော်လည်း Home Learning Plan စနစ်တကျ စီစဉ်ပေးနိုင်ခြင်း မရှိသဖြင့် ကျောင်း မတက်ခဲ့ရသည့် (၉) လစာအတွက် ငွေပြန်အမ်းပေးရန် ဖုန်းဖြင့် ဆက်သွယ်ပြောကြားသော်လည်း အဆင်ပြေမှုမရှိသဖြင့် ၂၂-၁၀-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးသို့ တိုင်ကြားခြင်း ဖြစ်ပါသည်။
Consumer Redress
ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးသည် xxxxxxx Online Shopping မှ Brand ပစ္စည်းအတုများ ရောင်းချနေသောကြောင့် ဖြေရှင်းဆောင်ရွက်ပေးပါရန် ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးသို့ ၂၇-၈-၂၀၂၀ရက်နေ့တွင် ဆက်သွယ်တိုင်ကြားလာပါသည်။ တိုင်ကြားမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက xxxxxx Online Shopping သို့ ၃-၉-၂၀၂၀ ၊ ၁၈-၁၂-၂၀၂၀ ရက်နှင့် ၁-၃-၂၀၂၁ ရက်နေ့တို့တွင် ဆက်သွယ်ခဲ့ သော်လည်း အကြောင်းပြန်ကြားလာခြင်းမရှိသဖြင့် ၂၆-၅-၂၀၂၁ ရက်နေ့တွင် တိုင်ကြားသူထံ ထပ်မံ ဆက်သွယ်မေးမြန်းရာ၌ ၁၁-၁၀-၂၀၂၀ ရက်နေ့တွင် xxxxxxx Online Shopping
ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးသည် xxxxxxx Online Shopping မှ Brand ပစ္စည်းအတုများ ရောင်းချနေသောကြောင့် ဖြေရှင်းဆောင်ရွက်ပေးပါရန် ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးသို့ ၂၇-၈-၂၀၂၀ရက်နေ့တွင် ဆက်သွယ်တိုင်ကြားလာပါသည်။
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်နေ xxxxxxx Internaltional School ကျောင်းသို့ ၁၆-၁-၂၀၂၀ ရက်နေ့တွင် ငွေကျပ်(၃,၆၀၀,၀၀ဝိ/-)ကျပ် ဖြင့်ကျောင်းအပ်နှံခဲ့ရာ Covid-19 ကာလအတွင်း ကျောင်းဖွင့်လှစ်နိုင်ခြင်း မရှိပါသဖြင့် ကြိုတင်ပေးသွင်းငွေများ ပြန်လည်တောင်းခံရာ ငွေပြန်အမ်းပေးခြင်း မရှိပါသဖြင့် မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးသို့ တိုင်ကြားလာပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် xxxxxxx ကလေး ဦးနှောက်ဖွံ့ဖြိုးမှုသင်တန်းကျောင်း၏ ပုံမှန်သင်ကြားရေးစနစ်မှ Online Learning Programme အဖြစ် ပြောင်းလဲပို့ချရာတွင် အချက်(၈) ချက်ကို ပြင်ဆင်ထားသည့်အပြင် ကျောင်းအပ်ခမှ ၅၀% ကို ပြန်အမ်းမည့် ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် xxx Company Limited မှ ကားအရစ်ကျဝယ်ယူရန် စရံငွေ (၃) သိန်းပေးခဲ့ကြောင်း၊ နောက်ပိုင်းတခြားကိစ္စနှင့် အဆင်မပြေပါသဖြင့် Cancel ပြန်လုပ်သည့်အချိန်တွင် Refund ငွေပြန်ပေးခြင်းမရှိသောကြောင့် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ဆက်သွယ်တိုင်ကြားလာပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် xxxxxxx ဆိုင်မှ xxxxxxx tab S4 အား ဝယ်ယူခဲ့ရာ အဆိုပါ ဖုန်းအား အသစ်ဟုပြောဆို၍ ရောင်းချခဲ့ပြီး warranty စစ်ဆေးချိန်တွင် ဖုန်းသက်တမ်းမှာ ရက်ပေါင်း ၇၀၀ ကျော်ရှိနေကြောင်း တွေ့ရှိရသဖြင့် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ဆက်သွယ်တိုင်ကြားလာပါသည်။
စားသုံးသူများအနေဖြင့် ၎င်းတို့၏ လိုအပ်ချက်အရ ကုန်စည် နှင့် ဝန်ဆောင်မှုများကို ဝယ်ယူရာတွင် အရည်အသွေးပြည့်ဝသည့် ကုန်စည်များရရှိရန်နှင့် ကျေနပ်မှုရှိစေသည့် ဝန်ဆောင်မှုများကို ရရှိရန်မှာ အခြေခံလိုအပ်ချက် ဖြစ်ပေသည်။ ယင်းလိုအပ်ချက်များကို အပြည့်အဝ ရရှိစေရန်အလို့ငှာ စားသုံးသူအသိပညာပေးရေးလုပ်ငန်းများသည် အရေးပါသော အခန်းကဏ္ဍအဖြစ် ပါဝင်လျက်ရှိသည်မှာ ထင်ရှားလှပေသည်။ အသိပညာပေးမှုအပိုင်းတွင် စားသုံးသူတို့ ယေဘုယျသိထားသည့်အချက်များမှာ ဘယ်လိုပစ္စည်း၊ ဘယ်လိုဝန်ဆောင်မှုမျိုးကို ရွေးချယ်ဝယ်ယူမလဲ၊ မည်သို့သော ကုန်စည်နှင့် ဝန်ဆောင်မှုများက စျေးနှုန်းနှင့် အရည်အသွေ
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်များ CICC တိုင်ကြားမှု ကိစ္စရပ်များ ဖြေရှင်းဆောင်ရွက်မှုအား တင်ပြအပ်ပါသည်။
သက်ဆိုင်ရာ၏ထောက်ခံချက်မရှိဘဲ ရောင်းချနေကြောင်း တိုင်ကြားလာမှုနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်မှု

















