“ဖရူးတို့စ်သကြား များပြားသော ပြောင်းသကြားရည်၏ ဆိုးကျိုး”
ဖရူးတိုစ့်ခေါ် ပြောင်းသကြားရည် (High Fructose Corn Syrup) သည် ဆီးချိုနှင့် အသည်းအဆီ ဖုံးခြင်း စသည်တို့ကိုဖြစ်စေသည့် အဓိကအရာဖြစ်သည်။ အသည်းဆိုသည်မှာ စားသမျှကို စုပ်ယူသင့် တာစုပ်ယူ၊ ချေဖျက်သင့်တာ ချေဖျက်ပြီး ခန္ဓာကိုယ်အနှံ့ လိုအပ်သလို အသုံးပြုနိုင်အောင် ဆောင်ရွက် ပေးသော အရာတစ်ခုဖြစ်သည်။
သကြားရည်ကတော့ များများစားရင် ဆီးချိုဖြစ်စေတယ်ဆိုပြီး အလွယ်သိကြသည်။ Fructose များများပါတဲ့ ပြောင်းဖူးသကြားရည်က ရိုးရိုးသကြားရည်ထက် ပိုဆိုးစေပါသည်။ ရိုးရိုးသကြား သည် glucose (၁) လုံးနဲ့ fructose (၁) လုံးကို အချိုးကျတွဲစပ်ထားတဲ့ အဖြူရောင် ပုံဆောင်ခဲလေး တွေဖြစ်ပြီး၊ High Fructose Corn Syrup ဆိုတာကတော့ ရိုးရိုးကြံသကြားလို အချိုးကျမဟုတ်ဘဲ fructose ပိုများများပါ၀င်တဲ့ သကြားရည်ဖြစ်သည်။
Fructose ပိုများများပါသွားတဲ့အခါ ခန္ဓာကိုယ်က သကြားတွေကို ချေဖျက်ရတဲ့အခါ ပိုမိုခက်ခဲ ပြီး အလုပ်ပိုစေတဲ့အတွက် ကျန်းမာရေးဆိုးကျိုးတွေ ပိုမိုဖြစ်စေပါသည်။ High fructose corn syrup ရဲ့ ဆိုးကျိုးများမှာ အသည်းအဆီဖုံးခြင်း၊ အ၀လွန်ခြင်း၊ ဆီးချိုဖြစ်လွယ်ခြင်းနှင့် ထိန်းရခက်ခြင်း၊ နှလုံးသွေးကြောကျဥ်းခြင်းနှင့် အခြားဆက်စပ်နာတာရှည် ရောဂါများဖြစ်စေခြင်းနှင့် အဆစ်ရောင် ဂေါက်ရောဂါတို့ကို ဖြစ်စေနိုင်ပါသည်။
အချိုရည်တွေမှာ အရင်က ရိုးရိုးသကြားကို အသုံးပြုကြပေမယ့်လည်း HFCS (high fructose corn syrup) ပေါ်လာပြီးနောက်ပိုင်းမှာ သကြားထက်အများကြီးစျေးသက်သာတာကြောင့် စက်ရုံတွေ၊ မုန့်လုပ်ငန်းတွေမှာ သကြားအစားထိုးအနေနဲ့ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြောင်း တွေ့ရသည်။ ထို့ကြောင့် အချိုရည်များ၊ energy drink များ၊ စက်ရုံထုတ်မုန့်များ၊ ပါကင်နဲ့လာသော မုန့်များ၊ ဘီစကစ်များ၊ ready made ကော်ဖီထုပ်များကို တတ်နိုင်သလောက် လျှော့စားဖို့ လိုအပ် ပါသည်။
အခြားနိုင်ငံတွေမှာလည်း HFCS ပါ၀င်တဲ့ အစားအစာ တွေနဲ့ပတ်သက်ပြီး ထုတ်ပြန် ဆွေးနွေးမှုတွေ လုပ်နေကြပြီး sugar tax လုပ်ဖို့တောင် အစီအစဥ်တွေ ပြုလုပ်နေကြောင်း သိရသည်။ ကျန်းမာရေးကို ဂရုပြုပါလျက် နာတာရှည်ရောဂါတွေ ဖြစ်လာတာ၊ အ၀လွန်လာတာမျိုး မဖြစ်ရ အောင် အိမ်လုပ်မုန့်လေးတွေ၊ မြန်မာ့ရိုးရာမုန့်တွေ၊ နှပ်ကော်ဖီစတဲ့ သဘာ၀နဲ့နီးစပ်တဲ့ အစားအစာ လေးတွေကို ပြန်လည်ရွေးချယ်ပြုလုပ်စားသုံးကြခြင်းဖြင့် မိမိ၏ကျန်းမာရေးကို ထိန်းသိမ်းသင့် ပေသည်။
DOCA(ရှမ်း)
- Log in to post comments

















