ရဲယိုနှင့်ကျန်းမာရေး

အစားအစာတိုင်းသည် အာဟာရဖြစ်ရုံတင်မကဘဲ ခန္ဓာကိုယ်အတွက်ကျန်းမာရေးအကျိုး ကျေးဇူးများစွာ ရရှိနိုင်ပါသည်။ ရဲယိုရွက်သည်လည်းကျန်းမာရေးအတွက်အထောက်အကူပြုသော အစား အစာတစ်မျိုးဖြစ်ပြီး ဟင်းထုတ်လုပ်စားခြင်း၊ ငါးနှင့်ရော၍ စင်းကောချက်စားခြင်းများပြုလုပ် စားသုံးနိုင်ပြီး ရဲယိုသီးကိုဖျော်ရည်အဖြစ်လည်းသောက်သုံးနိုင်ပါသည်။ ရဲယိုပင်သည်တစ်ပင်လုံး နီးပါးဆေးဖက်ဝင်သောအပင်တစ်မျိုးဖြစ်ပါသည်။ ရဲယိုသီးနှင့်ရဲယိုရွက်သည် သက်ကြီးရွယ်အိုများ အတွက် အထူးသင့်လျော်သောဓာတ်စာတစ်ခုဖြစ်ပြီး အရေပြားရောဂါများအတွက်လည်းဆေး ကောင်းတစ်လက်ဖြစ်ပါသည်။ ရဲယိုရွက်၊ ရဲယိုသီးတို့တွင် ပရိုတင်း၊ အမျှင်ဓာတ်၊ အဆီဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင်စီနှင့် သွေးတိုးကျစေနိုင်သည့် ပိုတက်ဆီယမ်ဓာတ်များ ပါဝင်ပါသည်။ ကင်ဆာနှင့်နှလုံးရောဂါကိုကာကွယ်ပေးသော ဖလေဗာနွိုက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းလည်းပါဝင် နေသောကြောင့် အစာလည်းဆေး ဆေးလည်းအစာ ဟုဆိုလို့ရနိုင်သော အစားအစာတစ်မျိုးလည်း ဖြစ်ပါသည်။ ရဲယိုပင်ကို ခေါင်းကိုက်ပျောက်ပင်၊ အကိုက်ခဲပျောက်ပင် ဟုတင်စားခေါ်ဝေါ်နိုင်သလို လေးဖက်နာရောဂါနှင့် အခြားအဆစ်အမြစ်နာကျင်ကိုက်ခဲသောရောဂါများကိုလည်း သက်သာ စေနိုင်ပါသည်။ ဘက်တီးရီးယားအန္တရာယ်မှ ကာကွယ်ပေးနိုင်သလို တုပ်ကွေးကဲ့သို့သောကူးစက် ရောဂါများမှလည်းကာကွယ်ပေးနိုင်ပြီး ကိုယ်ခံအားကောင်းစေဖို့အတွက်လည်း အထောက်အကူ ပြုပါသည်။ ရဲယိုရွက်၊ ရဲယိုသီးများကိုစားသုံးပေးခြင်းဖြင့် အိပ်ပျော်စေခြင်း၊ အရေပြားနှင့်ဆံသား ကိုကျန်းမာစေနိုင်ခြင်း၊ ခြေသည်း၊ လက်သည်းများကိုလည်းကျန်းမာစေနိုင်ခြင်း၊ သွေးတိုးကျစေ နိုင်ခြင်း၊ သွေးတွင်းကိုလက်စထရောကိုကျဆင်းစေနိုင်ခြင်း၊ မှတ်ဉာဏ်အားကောင်းစေခြင်း၊ ဝမ်းမှန် စေနိုင်ခြင်းစသည့်ကျန်းမာရေးအကျိုးကျေးဇူးများကိုရရှိစေနိုင်ပါသည်။
DOCA(မန္တလေး)