ဆိပ်ဖြူမြို့ပေါ်ရှိ စိုက်ပျိုးရေးဆေးနှင့် ဓာတ်မြေဩဇာအရောင်းဆိုင်များအား ကုန်အညွှန်း အမှတ်အသားပြည့်စုံမှုရှိစေရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး အသိပညာပေးဆွေးနွေးခြင်း
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးစီးအရာရှိဦးဇော်နေလင်း ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည်(၁၆.၁၀.၂၀၂၆)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့ပေါ်ရှိ စိုက်ပျိုးရေးဆေးနှင့် ဓာတ်မြေဩဇာ အရောင်းဆိုင်များတွင် ရောင်းချနေသော ယူရီးယား၊ တီစူပါ၊ ကွန်ပေါင်းနင့် စိုက်ပျိုးရေးဆေးအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ် အသားပြည့်စုံစေရေးနှင့် ကုန်စည်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး လုပ်ငန်းရှင်နှင့် တွေ့ဆုံအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ လုပ်ငန်းရှင်နှင့်တွေ့ဆုံအသိပညာပေးဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံမှ စားသုံးသူ ကာကွယ်ရေးဥပဒေပါ ပြဌါန်းချက်များမှ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်းနှင့်စပ်လျဉ်းသည့်အကြောင်းအရာများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်နှင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေ သောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရန် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး လုပ်ငန်းရှင်နှင့် တွေ့ဆုံအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)

















