Main menu

ရှားစောင်လက်ပတ်၏အသုံးဝင်ပုံများ

Powered by Drupal
Thu, 06/15/2023 - 15:54 -- consumer_admin

      ရှားစောင်လက်ပတ်သည်အစွမ်းထက်ပြီး ကျန်းမာရေးအတွက်များစွာအသုံးဝင်သော အပင်တစ်မျိုးဖြစ်ပါသည်။ ရှားစောင်းလက်ပတ်တွင် အစွမ်းထက်သောဓါတ်တိုးဆန့်ကျင့်ဂုဏ်သတ္တိရှိသည်အရာများစွာပါဝင်ပါသည်။ရှားစောင်းလက်ပက်သည်အပူပိုင်းဒေသတွင်ဖြစ်ထွန်းပြီး ထင်ရှားဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပါသည်။ ရှားစောင်းလက်ပတ်ပင်သည်ဗီတာမင်ဓာတ်ပြည့်ဝပြီးအစိုဓာတ်ကိုထိန်းသိမ်းပေးပါသည်။ အသားအရေကိုလည်းစိုပြေလှပစေပါသည်။ ထို့ကြောင့်ဝက်ခြံပျောက်ဆေးများနှင့်ဘောက်ပျောက်ဆေးများတွင် ရှားစောင်းလက်ပတ်ကိုအသုံးပြုကြပါသည်။ ထို့ပြင်ဆံကေသာကိုပျော့ပျောင်းစေပြီး ဆံသားများကိုလည်း ရှင်သန်စေရန်အ‌ထောက်အကူပြုပါသည်။  ရှားစောင်းလက်ပတ်ပင်သည် ကယ်ဆီယမ်ပါဝင်သောကြောင့် သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး နှလုံးသွေးကြောကျဉ်းခြင်းနှင့်နှလုံးကြီးခြင်းတို့ကိုလျော့နည်းစေပါသည်။  နှလုံးခုန်နှုန်းကိုလည်းတည်ငြိမ်စေပါသည်။ ရှားစောင်း လက်ပတ်ပင်သည် လူ့ခန္ဓာကိုယ်တွင် ပဋိဇီဝဆေးအနေဖြင့်လည်းကောင်း၊ အရေပြားရောင်ရမ်းလျှင်လည်းကောင်း၊ နာတာရှည်ရောဂါများအတွက်လည်းကောင်း အသုံးပြုနိုင်ပါသည်။ နှလုံး၊ အဆုတ်၊ အသည်းနှင့် သက်ဆိုင်သော ရောဂါတော်တော်များများကိုပျောက်ကင်းစေပါသည်။ အရက်နာကျသူများလည်း ရှားစောင်းလက်ပတ်အစိမ်းလိုက် စားသုံးခြင်းဖြင့် အသည်းကျန်းမာရေးကိုပြန်လည်ကောင်းမွန်စေနိုင်သည်ဟုသိရပါသည်။ရှားစောင်းလက်ပတ်ပင်သည်ကိုယ်တွင်း ကျန်းမာရေးအတွက် အကျိုးထူးသော သဘာဝဆေးဝါးတစ်မျိုး ဖြစ်ပါသည်။ ရှားစောင်းလက်ပတ်သည် အရေပြားကျန်းမာရေးအတွက်များစွာအထောက်အကူပြုပေးနိုင်သော အကောင်းဆုံးသဘာဝဆေးတစ်မျိုးဖြစ်ပါသည်။  ရှားစောင်းလက်ပတ်အပင်လေးများသည်အပူချိန်ကိုတခြား အပင်များထက် ပိုစုတ်ယူနိုင်ပါသည်။ ရှားစောင်းလက်ပတ်သည် အမိုက်နိုအက်စစ်၊ အဆီ ဓာတ်၊ သက်စောင့်ဓာတ်နှင့် ကိုယ်ခံအားကောင်းစေပြီး နှလုံးကိုကောင်းမွန်စေပါသည်။ ထိုအပြင်အဆိပ်အတောက်များကိုပြေစေပြီးအရေပြားဆိုင်ရာကုထုံးများအတွက်အသုံးတည့်သောကြောင့် အလှကုန်ပစ္စည်းများတွင်အသုံးပြုနိုင်သည် အသုံးဝင်ပစ္စည်းတစ်မျိုးဖြစ်ပါသည်။ ရှားစောင်လက်ပတ်သည်ဝက်ခြံ၊ တင်းတိတ်ကိုပျောက်ကင်းစေပြီးဆီး၊ ဝမ်း၊ သွေး၊ လေမှန်စေ၍ကျန်းမာလှပစေပါသည်။ ရှားစောင်လက်ပတ်သည်အရေပြားကျန်းမာရေးအတွက် အကောင်းဆုံးသဘာဝဆေးတစ်မျိုးဖြစ်ပါသည်။  ရှားစောင်လက်ပတ်သည် အရေပြားတွင်ရှိ သောဆဲလ်များကို အောက်စီဂျင်ဓာတ် ပေးစွမ်းနိုင်ပါသည်။ရှားစောင်လက်ပတ်သည်မီးလောင်နာ၊ အရည်ကြည်ဖု၊ နေလောင်ဒဏ်ကြောင့်ပျက်ဆီးသောအရေပြား၊ ထိခိုက်ရှနာမှကျန်ရှိသော အမာရွတ်၊ အပူလောင်၊ ယားနာ၊ ဓာတ်မတည့်၍ ထသောအနီဖု၊ စပ်ဖျင်းဖျင်း အနာ၊ နှင်းခူနှင့် အခြားအရေပြားရောဂါတွေကို ရှားစောင်းလက်ပတ်အသား (အနှစ်) လိမ်းပေးခြင်းဖြင့် ပျောက် ကင်းစေနိုင်ပါသည်။ ရှားစောင်းလက်ပတ်အပင်များသည်အပူချိန်ကိုတခြားအပင်များထက် ပို၍စုတ်ယူနိုင်ရာ ထိုကြောင့်‌နွေရာသီကဲ့သို့ပူပြင်းသောရာသီဥတုမျိုးတွင် ရှားစောင်းလက်ပတ်အပင်များကို အိုးခွဲစိုက်ပေးခြင်းအားဖြင့် အိမ်အတွင်းရှိအပူချိန်ကို သက်သာစေနိုင် ပါသည်။ ရှားစောင်လက်ပတ်သည် လူခန္ဓာကိုယ်အတွက်ကောင်းကျိုးများစွာ ပေးနိုင်သော ဆေးဖက်ဝင်အိမ်တွင်းသုံးအပင်မျိုးဖြစ်ပြီး အလွယ်တကူစိုက်ပျိုးနိုင်သောအိမ်တွင်းသုံးဆေးဖက် ဝင်အပင်တစ်မျိုးလည်းဖြစ်ပါသည်။ ထိုကြောင့်ကောင်းကျိုးများစွာရှိသောရှားစောင်လက်ပတ် ကိုစိုက်ပျိုးသုံးစွဲသင့်ပါသည်။    

DOCA(ကယား)