Main menu

ထင်း၊ မီးသွေးအစား စျေးနှုန်းသက်သာသော စပါးခွံလောင်စာတောင့် စက်ရုံများ တိုးချဲ့တည်ဆောက်

Powered by Drupal
Wed, 06/21/2023 - 14:26 -- consumer_admin

    ဧရာ၀တီတိုင်းဒေသကြီးအတွင်း ဆန်ကြိတ်ခွဲရာမှ ထွက်ရှိလာသောဘေးထွက်ပစ္စည်း စပါးခွံကိုအသုံးပြု၍ ထင်း၊ မီးသွေးအစား ကုန်ကျစရိတ်သက်သော စပါးခွံလောင်စာတောင့်အဖြစ် ပြုလုပ်ရောင်းချနေသည့် လုပ်ငန်းရှင် (၁၄) ဦးရှိပြီး ယခုအခါ အသစ်တည်ဆောက်မည့်လုပ်ငန်းရှင် (၆) ဦးခန့်ရှိကြောင်း လောင်စာတောင့်လုပ်ငန်းရှင်များထံမှ သိရပါသည်။

     ဧရာ၀တီတိုင်းအတွင်း မြို့ပြလူဦးရေ (၁၅) ရာခိုင်နှုန်း၊ ကျေးလက်နေလူဦးရေ (၈၅) ရာခိုင် နှုန်းခန့်ရှိပြီး စွမ်းအင်အသုံးပြုမှုတွင် မြို့ပြ၌ လျှပ်စစ်၊ မီးသွေး၊ ဂတ်(စ်)များကို အများဆုံးအသုံးပြု၍ ကျေးလက်၌ သစ်တောထွက်များဖြစ်သော ထင်းနှင့်မီးသွေးများကို အများဆုံးသုံးစွဲလျက်ရှိကြောင်း၊ ရေရှည်တွင် သစ်တောပြုန်းတီးမှုကာကွယ်ရေးနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းနိုင်ရေးအတွက် ကုန်ကျစရိတ်သက်သာသောထင်း၊ မီးသွေးအသုံးပြုမှုနေရာတွင် စပါးခွံလောင်စာတောင့်များကို ပိုမိုထုတ်လုပ်ရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း မိုး၊ နွေစပါးစိုက်ဧက (၅၁) သိန်းကျော်ကိုစိုက်ပျိုးလျက် စပါးတင်းသိန်းပေါင်း (၄၀၀၀) ကျော်ထွက်ရှိကြောင်း၊ ဆန်ကြိတ်ခွဲရာမှ ထွက်ရှိလာသောစပါးခွံတန် (၁၈) သိန်းကျော်မှ လက်ရှိ စပါးခွံဓာတ်ငွေ့သုံးလျှပ်စစ်ထုတ်စက် (၅၄၃) ရုံအတွက် စပါးခွံတန်ချိန်၄၃၄၄၀၀၊ လောင်စာတောင့်စက်ရုံ (၄၈) ရုံအတွက် အသုံးပြုသောစပါးခွံတန်ချိန်၂၁၉၉၅၈.၈၉၊ စပါးခွံဘွိုင်လာသုံးရေနွေးငွေ့အင်ဂျင်ဖြင့် လျှပ်စစ်ထုတ်စက် (၄) ရုံအတွက် အသုံးပြုစပါးခွံတန်၄၄၀၀၊ စုစုပေါင်းအသုံးပြုသောစပါးခွံတန် ၆၅၈၇၅၈.၈၉တန်ရှိပြီး ထပ်မံတည်ဆောက်မည့် စပါးခွံအသုံးပြုစက်ရုံများမှာ စပါးခွံဓာတ်ငွေ့သုံးလျှပ်စစ်ထုတ်စက် (0.5)MW (၂၄) ရုံ၊ စပါးခွံဘွိုင်လာသုံး ရေနွေးငွေ့အင်ဂျင်ဖြင့် လျှပ်စစ်ထုတ်စက် (30)MW (၁) ရုံနှင့် စပါးခွံလောင်စာတောင့်စက်ရုံ (၆) ရုံရှိပြီး ပိုလျှံသောစပါးခွံများကို ကုန်ကြမ်းအဓိကထွက်ရှိသည့်ဆန်စက်အသီးသီးမှရယူကာ လောင်စာတောင့်စက်ရုံများတည်ဆောက်၍ စျေးကွက်အတွင်း လောင်စာတောင့်များကို ပြုလုပ်ရောင်းချနိုင်ပါက လုပ်ငန်းရှင်များအတွက် ဘေးထွက်ပစ္စည်းမှ အပို၀င်ငွေရရှိပြီး စီးပွားရေးအခွင့်အလမ်းကောင်းများရရှိနိုင်သည့်အပြင် ဒေသခံပြည်သူများအတွက်လည်း (၁) ပိဿာလျှင် ကျပ်၂၀၀စျေးနှုန်းသာရှိသော စပါးခွံလောင်စာတောင့်များကို စျေးသက်သာစွာ၀ယ်ယူအသုံးပြုနိုင်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ဧရာဝတီ)