Main menu

နမ့်ဆန်မြို့နယ်၏ လက်ဖက်စိုက်ပျိုးပုံအဆင့်ဆင့်

Powered by Drupal
Wed, 08/16/2023 - 14:50 -- consumer_admin

  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်အတွင်းတွင် ပလောင်လူမျိုးအများစုနေထိုင်ကြပြီး လက်ဖက်ကို အသက်မွေးဝမ်းကြောင်းလုပ်ငန်းအဖြစ် အဓိကစိုက်ပျိုးလုပ်ကိုင်ကြကြောင်းနှင့် လက်ဖက်စိုက်ပျိုးခြင်းနှင့်ပက်သက်၍ အဆင့်ဆင့်လုပ်ကိုင်ကြရကြောင်း သိရပါသည်။

    ပထမအဆင့်အနေဖြင့် လက်ဖက်ပင်မှထွက်ရှိသော လက်ဖက်စေ့များကို နတ်တော်လ၊ ပြာသိုလ၊ တပို့တွဲလများတွင် ခူးဆွတ်ထားပြီး သီတင်းကျွတ်လ၊ တန်ဆောင်မုန်းလများ၌ စိုက်ပျိုးကြကြောင်း၊ လက်ဖက်စေ့များစိုက်ပျိုးသည့်နေရာကို တချို့တောင်သူများက တစ်နှစ်လျှင်တစ်ကြိမ် ခြံရှင်းလင်းပြီး တချို့တောင်သူများက တစ်နှစ်လျှင်နှစ်ကြိမ် ရှင်းပေးကြကြောင်းသိရပါသည်။

     စိုက်ပျိုးခဲ့သည့် လက်ဖက်စေ့များမှာ (၃)နှစ်အကြာတွင် အနည်းငယ်ထွက်ရှိလာသည့်အတွက် လက်ဖက်ရွက်များကိုခူးနိုင်ကြောင်းနှင့် ထိုလက်ဖက်ပင်များကို ပြန်လည်စိုက်ပျိုးရကြောင်း၊ ထွက်ရှိလာသောလက်ဖက်များကို ရွက်စိမ်းလက်ဖက်၊ လက်ဖက်စို၊ အခါးခြောက်၊ လျှော်ခြောက်၊ အချဉ်မွှေးဟူ၍ ပုံစံမျိုးစုံ၊ တံဆိပ်မျိုးစုံဖြင့် ဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချကြကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)