Main menu

ပလတ်စတစ်အိပ်များကို ငြင်းပယ်ခြင်းဖြင့် ဈေးဝယ်ကြရအောင်

Powered by Drupal
Thu, 05/02/2024 - 15:20 -- consumer_admin

     ကျွန်မတို့အိမ်ရှင်မအမျိုးသမီးများသည် အိမ်ထောင်မှုကို နေ့စဉ်ထိန်းသိမ်းပြီး မိသားစုနေ့စဉ် စားသောက်နေထိုင်ရန် တာဝန်ယူဆောင်ရွက်နေပြီး နေ့စဉ်ချက်ပြုတ်စားသောက်ရန် အသား၊ငါး၊ အသီးအရွက်၊သီးနှံစုံ ဝယ်ယူကြရသည်။ ဈေးဝယ်ရာတွင် ယခုအခါ အလွယ်တကူ ထုတ်ပိုးသယ်ယူသော ပလတ်စတစ်များကို အသုံးပြုမှုများပြားလာခြင်းကို သတိထားမြင်တွေ့နေရသည်။ ပလတ်စတစ်သည် အမှိုက်စွန့်ပစ်ရာတွင် ပျက်စီးရန် မလွယ်ကူသော မြေဆီလွှာကို ဖျက်စီးသော ကုန်စည်ဖြစ်၍ လူသားအကျိုးမပြုခြင်းကြောင့် သုံးစွဲရန် မသင့်သော ပစ္စည်းဖြစ်ကြောင်း သိသင့်သည်။

      သူငယ်ချင်းမိတ်ဆွေတစ်ယောက် မိမိအိမ်သို့ ရောက်လာသည်နှင့်  လမ်းထိပ်လက်ဖက်ရည်ဆိုင် သွားသောက်ဖြစ်တယ်၊ လက်ဖက်ရည်ဆိုင်ထိုင်းရင်း အမှာကောင်တာတွင် လက်ဖက်ရည်ပါဆယ်ဝယ်တာကို တွေ့ရတယ် ၊ သူယူလာသော ချိုင့်လေးကို ကောင်တာပေါ်တင်ပြီး သူ့ချိုင့်လေးထဲထည့်ပေးဖို့ ပြောနေလေရဲ့၊ အဲ့ဒီမြင်ကွင်းကို မြင်လျှင် သိပ်သဘောကျမိ၍ ပြုံးမိတော့တာပဲ၊။ တစ်ချို့မှာတော့ လက်ဖက်ရည်ဆိုင်မှ ရေနွေးကို ဝယ်ယူရန်အတွက် လာရောက်ဝယ်ယူကြပြီး ပလတ်စတစ်အိပ်နှင့် ထည့်ကာသယ် သွားကြသည်ကိုလည်း မြင်တွေ့မိ၍ စိတ်မောရသည့်အဖြစ်လဲ တွေးမိပါသည်။

     အပြောလွယ်သလောက် အလုပ်ခက်ဆိုသလိုပါပဲ၊ အများစုက ပလတ်စတစ်လျော့ချရေးလို့ ခေါင်းစဉ်အကြီးကြီးတွေပေးပြီး အစီအစဉ်ပေါင်းများစွာနှင့် လုပ်ကိုင်နေကြပေမဲ့ မအောင်မြင်ခဲ့သလား၊ အောင်မြင်ခဲ့သလား ဆိုတာကတော့ ဈေးတစ်ခုရှေ့မှာ ထိုင်နေလိုက်တာနဲ့ တစ်နေ့ထွက်လာတဲ့ ပလတ်စတစ်အရေအတွက်ကို လေ့လာကြည့်ရင်ဖြင့် ကြောက်စရာကောင်းလောက်အောင် တွေ့ရလိမ့်မယ်။

     ပလတ်စတစ်သုံးစွဲမှုကြောင့် ဖြစ်လာမဲ့ အကျိုးဆက်အများကြီးရှိပါတယ်၊ ဆွေးမြေ့မလွယ်တဲ့အတွက် မြေ၊ရေ၊လေ ပတ်ဝန်းကျင်များစွာကို ထိခိုက်လွယ်စေပါတယ်၊ မြေဆီလွှာညစ်ညမ်းမှုကို ဖြစ်ပေါ်စေပြီး၊ ရေထုညစ်ညမ်းမှု၊လေထုညစ်ညမ်းမှုများကို ဖြစ်ပေါ်စေပါတယ်၊ ပလတ်စတစ်တွေသည် ရေထဲ၊ ပင်လယ်သမုဒ္ဒရာထဲ ရောက်တဲ့အခါ ရေနေသတ္တဝါတွေကို ထိခိုက်ပျက်စီးခြင်း၊မိုးရာသီတွင် ချောင်း၊ မြောင်းပိတ်ဆို့မှုကြောင့် ရေကြီးရေလျှံဖြစ်ပွားခြင်း၊ ပတ်ဝန်းကျင်ကို ဆိုးကျိုးများဖြစ်ပေါ်စေပါသည်။

      သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေနဲ့အတူ လူသားအတွက်လည်း ဆိုးကျိုးများဖြစ်ပေါ်စေပါတယ် ပလတ်စတစ်သုံးစွဲခြင်းကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ၊ ဟော်မုန်းပျက်စီးနိုင်မှုနှင့် ကင်ဆာရောဂါတွေဖြစ်ပေါ်စေနိုင်ပါတယ်။ ဦးဏှောက်နှင့်အာရုံကြောဆိုင်ရာရောဂါ၊ အရေပြားကင်ဆာဆိုင်ရာရောဂါ  အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားတတ်ပြီး၊ သုံးစွဲမှုအချိန်ကြာလာတာနဲ့ ရောဂါမျိုးစုံဖြစ်ပေါ်နိုင်ပါတယ်။

     ပလတ်စတစ်သုံးစွဲမှုကြောင့်ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကို ကျွန်တော်တို့အားလုံးသိကြပါတယ်၊ အခြားအစားထိုးသုံးစွဲစရာမရှိတဲ့အခါမှာ၊ အလွယ်ဝယ်ယူလို့ရတဲ့ ပလက်စတစ်ကိုပဲ သုံးစွဲနေကြတာ ဖြစ်ပါတယ်၊ ကျွန်တော်တို့ဆင်ခြင်မဲ့ ကို့ဘာသာရောဂါဝယ်ယူနေကြသလိုပါပဲ၊ ကိုစားသောက်ချင်တာကို အိမ်ကချိုင့်လေးတွေယူသွားပြီး ကျွန်တော်တို့ငယ်ငယ်က ဖက်ရွက်ဖြင့် ထုပ်ခြင်းအလေ့အကျင့်ကို ပြန်လည် ပြုလုပ်နိုင်ပါက ကျန်းမာရေးရှုထောင့်အရ ပြောရရင် ကောင်းမွန်သော ကျန်းမာရေးကို ရရှိခံစားနိုင် မည်ဖြစ်သည်။ယခင်က အကျင့်ကို ယခုပြန်လည်ကျင့်သုံးရန်လိုအပ်သည်။  ပလက်စတစ်အိတ် နဲ့ထည့်ဆွဲလာသောမြင်ကွင်းနဲ့ ချိုင့်လေးနဲ့ထည့်ဆွဲလာတဲ့မြင်ကွင်းဟာ အများကြီးကွာခြားပါတယ်၊ ယခုခေတ််ကာလတွင်လည်း ဖက်ထုပ်ထမင်း၊ဖက်ထုပ်ခေါက်ဆွဲကြော်ရောင်းချခြင်းစနစ်သို့  တချို့ စားသောက်ဆိုင်များ  ပြုပြင်ပြောင်းလဲနေရောင်းချနေသည်ကို တွေ့ရှိရ၍ ကောင်းမွန်သော ကျင့်စဉ်အနေဖြင့် မြင်တွေ့ရပြီး ရောင်းသူဝယ်သူအားလုံး ကောင်းမွန်သောစနစ်ကျင့်စဉ်ကို လိုက်နာပြောင်းလဲလာပါက ကျန်းမာသော လူနေမှုပတ်ဝန်းကျင်တွင် ရှင်သန်နေထိုင်ရမည်ဖြစ်ကြောင်း မိမိအသိစိတ်ကိုသာ ပြုပြင်ပြောင်းလဲရန်လိုအပ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(ဧရာဝတီ)