Main menu

အသက်ရွယ်အပိုင်းအခြားအလိုက် စားသုံးဆီကို စားသုံးစို့

Powered by Drupal
Fri, 06/21/2024 - 15:05 -- consumer_admin

       မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော မြန်မာလူမျိုးတို့၏ နေ့စဉ်ချက်ပြုတ်စားသောက်မှု အလေ့အထတွင် စားသုံးဆီသည် အဓိကအခန်းကဏ္ဍမှ မပါမဖြစ်ပါဝင်နေသည်ကို တွေ့ရှိရပေမည်။ ရှေးမြန်မာ များလက်ထက်ကပင် စားသုံးဆီကို နှစ်ခြိုက်စွာစားသုံးခဲ့ကြသည်မှာ ယခုကာလအထိပင်ဖြစ်ပေသည်။ မြန်မာနိုင်ငံ၏ လူဦးရေတိုးတက်လာမှုနှင့်အတူ ခေတ်နဲ့အညီ ပြောင်းလဲလာသော စားသောက်မှုပုံစံများကြောင့် ပြည်တွင်းလိုအပ်ချက်များပြားလာပြီး ပြည်ပမှမှာယူတင်သွင်းရသော စားသောက်ကုန်အမျိုးမျိုးအနက် စားသုံးဆီသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။

      ထို့ကြောင့် အသက်အရွယ်အပိုင်းအခြားအလိုက် တစ်နေ့တာအတွက် အနည်းဆုံးလိုအပ်သော စားသုံးဆီပမာဏကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အောက်ပါအတိုင်းလမ်းညွှန်မှုပြုထားပါသည်-

          (က)    ၁ နှစ်မှ ၃ နှစ်                     (၁.၂၅)ကျပ်သား

          (ခ)     ၄ နှစ်မှ ၆ နှစ်                     (၁.၅၀)ကျပ်သား

          (ဂ)     ၇ နှစ်မှ ၉ နှစ်                     (၂.၀)ကျပ်သား

          (ဃ)    ၁၀ နှစ်မှ ၁၂ နှစ်                 (၂.၀)ကျပ်သား

          (င)     ၁၃ နှစ်မှ ၁၉ နှစ်                 (၃.၅၀)ကျပ်သား

          (စ)     အမျိူးသားလူကြီး                (၂.၀)ကျပ်သား

          (ဆ)    အမျိုးသမီးလူကြီး                (၁.၅၀)ကျပ်သား

          (ဇ)     ကိုယ်ဝန်ဆောင်                  (၂.၀)ကျပ်သား

          (ဈ)     နို့တိုက်မိခင်                       (၂.၀)ကျပ်သား

          အထက်ဖော်ပြပါ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လမ်းညွှန်မှုပြုထားသော စားသုံးဆီပမာဏနှင့် အညီ မိသားစုတိုင်းက တိကျစွာလိုက်နာသုံးစွဲခြင်းဖြင့် ကုသရန်ခက်ခဲသော နာတာရှည်ရောဂါ ဝေဒနာဆိုးများမှ ကင်းဝေးစေခြင်း၊ ဆေးကုသရန်အတွက်အသုံးပြုမည့် ကုန်ကျစရိတ်သက်သာခြင်းနှင့် မိသားစုဝင်များစိတ်ချမ်းသာမှုကို ရရှိနိုင်ရန်အတွက် သတ်မှတ်ထားသော ပမာဏနှင့်အညီ လိုအပ်သလောက်သာ ဝယ်ယူသုံးစွဲသင့်ကြောင်း တိုက်တွန်းလိုက်ရပါသည်။

DOCA(ရှမ်း)