Main menu

ဧရာဝတီတိုင်း‌ဒေသကြီး၊ ပန်းတနော်မြို့နယ်တွင် ဒေသထွက်လက်မှုပစ္စည်းသင်ဖြူးဖျာ အကြောင်းတစေ့တစောင်းသိကောင်းစရာ

Powered by Drupal
Wed, 06/26/2024 - 16:26 -- consumer_admin

      ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့၏ လူဦးရေ(၈၀)ရာခိုင်နှုန်းခန့်သည် အဓိကထုတ်ကုန်ဖြစ်သော သင်ဖြူးဖျာလုပ်ငန်းကို ဘိုးဘွားအမွေအနှစ်တစ်ခုအဖြစ်  သားစဉ်မြေးဆက်လုပ်ကိုင်လာခဲ့ကြသည်ဖြစ်ပါသည်။ သင်ဖျာရက်လုပ်မည်ဆိုလျှင် အရည်အသွေးကောင်းမွန်သော သင်ဖြူးတစ်ချပ်ရရှိဖို့ သစ်ပင်တစ်ပင်မှာ (၄) နှစ်သားအရွယ်ရှိရမည်ဖြစ်ပါတယ်၊ သင်ဖျာရက်လုပ်ရသော သစ်ပင်များသည် မျိုးပြန့်ပွားလွယ်တာကြောင့် ကုန်ကြမ်းအနေဖြင့် မရှားပါးဘဲ စဉ်ဆက်မပြတ်လုပ်ကိုင်နိုင်ပါသည်။ သင်ဖြူးဖျာရက်ဖို့အတွက် သစ်ပင်ကိုခုတ်ပြီး အရင်သင်ထိုးရပါသည်။သင်ထိုးရာ၌ ရက်မည့်ဖျာအနုအကြမ်းအပေါ်မူတည်ပြီး သုံးခြမ်းမှ ခြောက်ခြမ်းအထိထိုးရပါသည်။ ရလာသောသင်မနှင့် သင်ထိုးပြီးရလာသည့် အချောင်းများကို အခြောက်လှမ်းပြီး သိုလှောင်ထားရပါသည်။ အခြောက်ခံထားသောသင်မနှင့် သင်ထိုးပြီး ရလာသောအချောင်းများကို ပြန်ငင်ရပါသည်။ ငင်ထားသောသင်မများကိုသုံးပြီး ရက်မည့်ဖျာပုံစံစဖော်ရပြီးနောက်လိုချင်သောသင်ဖြူးဖျာအတိုင်းအတာရအောင် ရက်ကြပါသည်။ သင်ဖြူးဖျာသည် ကျန်းမာရေးနဲ့ညီညွတ်ပြီး ပြည်တွင်းထုတ်ကုန်လက်မှုပစ္စည်းတစ်မျိုးဖြစ်ကာ  ပန်းတနော်မြို့၏ ဒေသထွက်ကုန်တစ်ခုအဖြစ် မိဘပြည်သူများသိရှိနိုင်အောင်ပြုစုရေးသားလိုက်ရခြင်းဖြစ်ပါသည်။

DOCA(ဧရာဝတီ)