Main menu

ဆေးဘက်ဝင်တဲ့ ကွမ်းရွက်ပင် အကြောင်း

Powered by Drupal
Wed, 07/03/2024 - 14:47 -- consumer_admin

    ကွမ်းရွက်က ဆေးဖက်ဝင်တယ်ဆိုတာတော့ သိထားပြီးဖြစ်မှာပါ။ ကွမ်းရွက်မှာ ကျန်းမာရေးအတွက် အထောက်အကူပေးနိုင်တဲ့ ဓာတ်တွေအများကြီးပါဝင်နေပါတယ်။ ကွမ်းရွက်က အနာကျက်မြန်စေနိုင်သလို ပိုးတွေကိုလည်းသေစေနိုင်ပါတယ်။ ဒါတွေအပြင် ကွမ်းရွက်လေးက ဘယ်လိုဆေးဖက်ဝင်သလဲဆိုတာကို သိရှိနိုင်ရန်ပြောပြပေးချင်ပါတယ်။

      ကွမ်းရွက်ဆိုတာက စပ်ရှားရှား အနံ့မွှေးမွှေးလေး ရှိပြီး ထိပ်ပိုင်းချွန်ချွန်လေးနဲ့ အရွက်ရှည် ဝိုင်းဝိုင်းလေးပါ။ ကွမ်းရွက်ကို ကွမ်းစားဖို့အတွက် အသုံးများကြပါတယ်။ ကွမ်းယာအနေနဲ့ ကွမ်းရွက်ကို ရှေးယခင်ကာလတွေကတည်းက အသုံးပြုခဲ့ကြတာပါ။

      ကွမ်းရွက်က ကျန်းမာရေးအာနိသင်ကြွယ်ဝပေမယ့် ဆေးရွက်ကြီးတွေ၊ ကွမ်းသီးတွေ၊ ဆေး အမျိုးမျိုးနဲ့ တွဲစားရင်တော့ ခံတွင်းကင်ဆာဖြစ်စေနိုင်တဲ့အထိ ကျန်းမာရေးဆိုးကျိုးရှိနိုင်ပါတယ်။ ဒါက ကွမ်းရွက်ကြောင့်မဟုတ်ပါဘူး။ ကွမ်းစားတဲ့အခါ ထည့်စားတဲ့ဆေးတွေရဲ့ ဆိုးကျိုးတွေကြောင့်ပါ။ ဥပမာ ကွမ်းစားရင်ထည့်စားတတ်တဲ့ ထုံးက ခံတွင်းကို ပေါက်ပြဲစေပြီး ထိခိုက်အနာတရဖြစ်စေနိုင်ပါတယ်။ မကြာခဏဆိုရင် ကင်ဆာဆဲလ်အဖြစ်ပြောင်းနိုင်ပါတယ်။ ဒါကြောင့် ကွမ်းစားတာကိုတော့ အားမပေးပါဘူး။ ကွမ်းရွက်သီးသန့်ဆိုရင်တော့ ကျန်းမာရေးအတွက် အထောက်အကူပြုတာမို့ စားသုံးပေး လို့ရပါတယ်။ ကွမ်းရွက်မှာ ဗီတာမင်စီ၊ thiamine, niacin, riboflavin, carotene ကယ်လ်ဆီယမ်တို့ ကြွယ်ဝစွာပါဝင်နေပါတယ်၊ ကွမ်းရွက်က ခံတွင်းကျန်းမာစေသလို အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါကိုလည်း ကာကွယ်ပါတယ်။

   ကွမ်းရွက်ဆေးဘက်ဝင်တဲ့ အာနိသင်ကောင်းကျိုးများကတော့  ဆီးချိုအတွက်ကောင်းတယ်၊ သွေးတွင်းသကြားဓါတ်ကိုကျဆင်းစေနိုင်ပါတယ်။ ကိုယ်အလေးချိန်ကို ကျစေနိုင်တယ်၊ ခန္ဓာကိုယ်ရဲ့ အဆီတွေကို ကျဆင်းစေပြီး ဇီဝဖြစ်စဉ်တွေကိုတိုးတက်ကောင်းမွန်စေပါတယ်။ ကင်ဆာကိုကာကွယ်ပေး ပါတယ်၊ ကွမ်းရွက်ကို ဝါးစားပေးမယ်ဆိုရင် ခံတွင်းထဲမှာရှိတဲ့ ascorbic acid ပမာဏကိုထိန်းညှိပေးပြီး ခံတွင်းကင်ဆာမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ကွမ်းရွက် ၁၀ ရွက်၊ ၁၂ ရွက်လောက်ကို ရေနွေးဆူဆူ ထဲထည့်ပြုတ်ပြီး ပျားရည်နည်းနည်းထည့်သောက်သုံးပေးမယ်ဆိုရင် ကင်ဆာကာကွယ်ဖို့ အထောက်အပံ့ ဖြစ်စေမှာပါ။

   အနာကျက်စေနိုင်တယ် – အနာပေါ်ကို ကွမ်းရွက် သန့်သန့်လေး အုပ်ပြီး ပတ်တီးနဲ့ စည်းပေးမယ်ဆိုရင် အနာကျက်မြန်စေမှာ အသေအချာပါ။

    ခေါင်းကိုက်က်သာစေနိုင်တယ် -ခေါင်းအရမ်းကိုက်နေရင် ကွမ်းရွက်ကို ခြေပြီးရှူပေးတာ၊ နားထင်မှာ ကွမ်းရွက်ကပ်ပေးတာမျိုး လုပ်ပေးပါ။ ခေါင်းကိုက်တာကို သိသိသာသာသက်သာစေမှာပါ။ သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်တယ် -သွေးတွင်းကိုလက်စထရော များလာတာက နှလုံးရောဂါဖြစ်နိုင်ခြေကို တိုးစေနိုင်သလို လေဖြတ်နိုင်ခြေကိုလည်း တိုးစေနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်းကိုလက်စထရော အရမ်းများမလာအောင် ဂရုစိုက်ဖို့ လိုပါမယ်။ ကုန်ကျစရိတ် သက်သက် သာသာနဲ့ သွေးတွင်းကို လက်စထရော ကျချင်ရင်တော့ ကွမ်းရွက်ကို သုံးဆောင်ပေးပါနော်။ ခံတွင်းကျန်းမာရေးကိုကောင်းစေ တယ် – ကွမ်းရွက် ဝါးပေးမယ်ဆိုရင် ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားမှုကို ဟန့်တားနိုင်ပြီး ခံတွင်းနံ့ကို သင်းပျံ့စေမှာပါ။ ဒါကြောင့် သွားနဲ့ခံတွင်းကျန်းမာဖို့ ဆေးဝါးတွေအသုံးပြုမယ့်အစား သဘာဝဆေးတစ်မျိုးဖြစ်တဲ့ ကွမ်းရွက်ကိုပဲ ဝါးပေးပါ။ ချောင်းဆိုးသက်သာစေနိုင်တယ် – ကွမ်းရွက်ရဲ့ နောက်ထပ် ဆေးဖက်ဝင်ပုံ တစ်ခုက လူတိုင်းလိုလို သိထားပြီးဖြစ်တဲ့အတိုင်း ချောင်းဆိုးသက်သာတာပါ။ ကွမ်းရွက်မှာ ရောဂါပိုးမွှားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင် ရှိတာကြောင့် ချောင်းဆိုးတာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ ဝက်ခြံသက်သာစေနိုင်တယ် – ဝက်ခြံ နဲ့ အရေပြားပြဿနာတွေ အတွက် ကွမ်းရွက်ကို အသုံးပြုလို့ရပါတယ်။ ကွမ်းရွက်မှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် ဝက်ခြံနဲ့ အရေပြား ဓာတ်မတည့်မှုတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။ ကွမ်းရွက် ပြုတ်ရည်နဲ့ နေ့စဉ် မျက်နှာသစ်ပေးပါ။

     နားကိုက်တာကို သက်သာစေနိုင်တယ် -နားကိုက်တဲ့အခါ နေရထိုင်ရမသက်သာပါဘူး။ နားကိုက်တာအတွက် အကောင်းဆုံး ဆေးနည်းတစ်ခုက ကွမ်းရွက်ပါ။ နားကိုက်တဲ့အခါ ကွမ်းရွက် အသုံးပြုပြီး သက်သာအောင် လုပ်လို့ ရပါတယ်။

     ဝမ်းမှန်စေနိုင်တယ် – ကွမ်းရွက်က ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတဲ့ အရွက်တစ်မျိုးပေါ့။ ကိုယ်တွင်းက ဓာတ်တိုးပစ္စည်းတွေကို ဖယ်ရှားပေးပြီး pH ပမာဏ ညီညွတ်မျှတအောင် ထိန်းညှိ ပေးနိုင်ပါတယ်။

     ဝမ်းချုပ်နေတယ်ဆိုရင် ကွမ်းရွက်ပြုတ်ရည် သောက်ပါ ဝမ်းမှန်သွားပါလိမ့်မယ်။

     နှာခေါင်းသွေးလျှံတာကို သက်သာစေနိုင်တယ် – ကွမ်းရွက်က နှာခေါင်းသွေးလျှံတာကို သက်သာစေနိုင်ပါတယ်။

     ကလေးလေးတွေ အပြင်ထွက်ဆော့လို့အပူလျှပ်တာကြောင့် နှာခေါင်း သွေးလျှံတာကို သက်သာစေနိုင်ပါတယ်။

      နှာခေါင်းသွေးလျှံတဲ့အခါ ကွမ်းရွက်လေးကိုအသုံးပြုပြီး သွေးတိတ်အောင်လုပ် ဆောင်ပေးလို့ရပါတယ်။ ကွမ်းရွက်ကို အဆစ်ရောင်နာတဲ့ နေရာပေါ်မှာ ကပ်ပေးရင် သက်သာစေပါတယ်။အနာကျက်စေပါတယ်။ ကွမ်းရွက်ပြုတ်ရည် အနည်းငယ်ကို ထိခိုက်ဒဏ်ရာပေါ်မှာသုတ်လိမ်းပေးပြီး ပတ်တီး စည်းထားပေးပါက နှစ်ရက်ခန့်အတွင်း အနာကျက် မြန်စေပါတယ်။

    ကွမ်းရွက်တွင် ကောင်းကျိုးရှိသလို ဆိုးကျိုးဖြစ်ရန် သတိပေးချက်အနေဖြင့် ကွမ်းယာကို မကြာခဏ ဝါးစားတာကြောင့် ခံတွင်းမှာ ကင်ဆာဖြစ်နိုင်ခြေရှိပါတယ်။ အကြောင်းကတော့ ကွမ်းယာထဲမှာ ထည့်သုံးတဲ့ ဆေးနဲ့ တခြားပါဝင်ပစ္စည်းတွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ကွမ်းစားတတ်သူတွေအနေနဲ့ ကွမ်းယာကိုတော့ တတ်နိုင်သမျှ လျှော့စားသင့်ပါတယ်။ ကွမ်းရွက်က ဆေးဖက်ဝင်တာကြောင့် အသုံးပြုသင့်ပေမယ့်လည်း အလွန်အကျွံမသုံးပါနဲ့။ ရောဂါအခံရှိသူတွေ ကျန်းမာရေး ပြဿနာတစ်ခုခုကြောင့် ဆေးသောက်နေရသူတွေ ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးမှ အသုံးပြုသင့်ကြောင်းကို ရေးသားဖော်ပြလိုက်ပါသည်။

DOCA(ဧရာဝတီ)