Main menu

တောက်ပသောစီးပွားရေးမိုးကုတ်စက်ဝိုင်းကို လမ်းခင်းပေးလျက်ရှိသော စီးပွားရေးပညာရှင်များ

Powered by Drupal
Tue, 07/09/2024 - 15:34 -- consumer_admin

        မြန်မာ့စီးပွားရေးအသွင်အပြင်တွင် လူငယ်မျိုးဆက်သစ် စီးပွားရေးပညာရှင်များ၏ အခန်းကဏ္ဍသည် မျှော်လင့်ချက်နှင့် ဆန်းသစ်တီထွင်မှု၏ မီးရှူးတန်ဆောင်အဖြစ် ပေါ်ထွက်လျက်ရှိသည်။  ဆန်းသစ်သောအမြင်များနှင့် အဆင့်မြင့်အသိပညာများပါရှိသော ဤလူငယ်ပညာရှင်များသည် နိုင်ငံ၏စီးပွားရေးစိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကိုရှာဖွေဖော်ထုတ်နေကြသည်။
          မြန်မာ့စီးပွားရေးသည် ကမ္ဘာ့စီးပွားရေးအတက်အကျများအပါအဝင် ထင်ရှားသောစိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရသည်။  အဆိုပါစိန်ခေါ်မှုများအကြား နိုင်ငံတော်သည် စီးပွားရေးပြုပြင်ပြောင်းလဲမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအပေါ် တည်ငြိမ်သောအာရုံစိုက်မှုဖြင့် ခံနိုင်ရည်ရှိပြီး လိုက်လျောညီထွေရှိမှုကိုပြသရာ၌ စွန့်ဦးတီထွင်လူငယ်စီးပွားရေးပညာရှင်များသည် မြန်မာ့စီးပွားရေးအနာဂတ်ကိုပုံဖော်ရာတွင် အဓိကအခန်းကဏ္ဍမှပါဝင်လျက်ရှိသည်။
 ပညာရေးနှင့်ကျွမ်းကျင်မှု

      မြန်မာနိုင်ငံတွင် လူငယ်စီးပွားရေးပညာရှင်များထွန်းကားလာစေရေး အဓိကအကြောင်းရင်းမှာ ပြည်တွင်း၌ရော နိုင်ငံတကာတွင်ပါ အရည်အသွေးပြည့်မီသောပညာရေးကို တိုးမြှင့်ရရှိနိုင်ရေးပင်ဖြစ်သည်။  ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်ကဲ့သို့သော အဖွဲ့အစည်းများသည် ခိုင်မာသောခွဲခြမ်းစိတ်ဖြာမှုစွမ်းရည်နှင့် စီးပွားရေးအခြေခံများကို နက်နဲစွာနားလည်သဘောပေါက်သော ဘွဲ့ရများကို မွေးထုတ်ပေးလျက်ရှိသည်။  ထို့ပြင် လူငယ်စီးပွားရေးပညာရှင်အများအပြားသည် နိုင်ငံခြားတွင် အဆင့်မြင့်ဘွဲ့များဆည်းပူးခဲ့ပြီး အဖိုးတန်သော နိုင်ငံတကာအတွေ့အကြုံများနှင့်မတူကွဲပြားသောအမြင်များကိုပြန်လည်ရရှိစေခဲ့သည်။
         မြန်မာနိုင်ငံရှိ လူငယ်စီးပွားရေးပညာရှင်အများအပြားသည် ၎င်းတို့၏ လုပ်ငန်းကဏ္ဍအသီးသီးတွင် သိသာထင်ရှားသော ပံ့ပိုးကူညီမှုများပြုလုပ်နေကြသည်-
         ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီးပွားရေးနယ်ပယ်တွင် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့်  ကျေးလက်ဖွံ့ဖြိုးရေးဆိုင်ရာ သုတေသနပြုချက်များကိုလေ့လာသော ဖွံ့ဖြိုးရေးဆိုင်ရာသုတေသနပြုချက်များကိုလေ့လာသော စီးပွားရေးပညာရှင်သည် ဒေသခံ NGO များနှင့် သူ၏အလုပ်သည် ကျေးလက်နေလူထုကို အားကောင်းစေမည့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးအလေ့အကျင့်များနှင့် အသေးစား ငွေရေးကြေးရေးဆိုင်ရာ လုပ်ဆောင်ချက်များကိုအာရုံစိုက်သည်။

       ဘဏ္ဍာရေးမူဝါဒနှင့် ပြည်သူ့ဘဏ္ဍာရေးဆိုင်ရာကျွမ်းကျင်သူ စီးပွားရေးပညာရှင်သည် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုရှိသော အုပ်ချုပ်ရေးအတွက် အဆိုပြုသူဖြစ်သည်။  ထိုသူသည် စီးပွားရေးတည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ရန်ရည်ရွယ်ပြီး ဘတ်ဂျက်ပြုပြင်ပြောင်းလဲမှုများနှင့် ထိရောက်သော ပြည်သူ့အသုံးစရိတ်များဆိုင်ရာ အစိုး အဖွဲ့အစည်းများကို အကြံပေးရာတွင် အဓိကကျသည်။

         နည်းပညာကဏ္ဍတွင် ထိပ်တန်းစီးပွားရေးပညာရှင်တစ်ဦးအနေဖြင့် နည်းပညာနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ လမ်းဆုံကိုစူးစမ်းလေ့လာသည်။  ဒစ်ဂျစ်တယ်တတ်မြောက်မှုနှင့် e-commerce မြှင့်တင်ရန်ကြိုးပမ်းမှုများသည် မြန်မာ့ဒစ်ဂျစ်တယ်စီးပွားရေးကို ရှေ့သို့မောင်းနှင်ရာတွင် အဓိကကျသော အခန်းကဏ္ဍမှပါဝင်သည်။

         ထိုစီးပွားရေးပညာရှင်များသည် စီးပွားရေးနှင့်ဆိုင်သော စွန့်ဦးတီထွင်ခြင်း၏ အချက်အလက်များနှင့် အတတ်ပညာများကိုလေ့လာခြင်း၊ သုတေသနပြုခြင်းတို့ကိုအထူးပြုသော ပညာရှင်များဖြစ်ကြသည်။ စွန့်ဦးတီထွင်စီးပွားရေးပညာရှင်သည် သုတေသနလုပ်ငန်းလောကတို့အကြား ချိတ်ဆက်မှုကိုမြှင့်တင်ပေးရုံသာမက စွန့်ဦးတီထွင်သူများနှင့် စီးပွားရေးတိုးတက်ကောင်းမွန်မှုအတွက် ပိုမိုကောင်းမွန်သောအခြေခံအချက်အလက်များနှင့် အတွေးအခေါ်များကိုဖော်ဆောင်ပေးရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြသည်။
 ဆန်းသစ်သောနည်းလမ်းများ
        မြန်မာနိုင်ငံရှိ လူငယ်စီးပွားရေးပညာရှင်များသည် စီးပွားရေးပြဿနာများကို ၎င်းတို့၏ဆန်းသစ်သောချဉ်းကပ်မှုများ၊ ဒေတာခွဲခြမ်းစိတ်ဖြာမှု၊ နည်းပညာနှင့် ပညာရပ်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကိုထိရောက်ပြီး ရေရှည်တည်တံ့စေမည့် ဖြေရှင်းနည်းများကိုဖော်ဆောင်လျက်ရှိသည်။  ၎င်းတို့၏ အာရုံစိုက်မှုသည် စီးပွားရေးတိုးတက်မှုအတွက် လူ့အဖွဲ့အစည်း၏ အလွှာအသီးသီးနှင့် အစိတ်အပိုင်းအားလုံးကို အကျိုးပြုကြောင်းသေချာစေသည်။

စိန်ခေါ်မှုများနှင့်အခွင့်အလမ်းများ

      လူငယ်စီးပွားရေးပညာရှင်များ၏ ပံ့ပိုးကူညီမှုများသည် ချီးကျူးဖွယ်ကောင်းသော်လည်း စိန်ခေါ်မှုများစွာကိုရင်ဆိုင်နေကြရသည်။  ထို့ပြင် အခြေခံ အဆောက်အအုံမလုံလောက်မှုနှင့် ဘက်စုံစီးပွားရေး ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန်လိုအပ်မှုကဲ့သို့သော ဖွဲ့စည်းပုံဆိုင်ရာစိန်ခေါ်မှုများစွာလည်းရှိပါသည်။
        မြန်မာနိုင်ငံ၏ လူငယ်စီးပွားရေးပညာရှင်များသည် စီးပွားရေးကွဲပြားမှုကိုမြှင့်တင်ရန်၊ အုပ်ချုပ်မှုတိုးတက်စေရန်နှင့် ဆန်းသစ်တီထွင်မှုတို့ကို မြှင့်တင်ပေးသည့်မူဝါဒများအတွက် တွန်းအားပေးခြင်းဖြင့် အပြောင်းအလဲကိုတွန်းအားပေးရန် ကောင်းမွန်သော အနေအထားတွင်ရှိနေပါသည်။  နိုင်ငံတကာအဖွဲ့အစည်းများနှင့် ၎င်းတို့၏ထိတွေ့ဆက်ဆံမှုနှင့် ဒေသတွင်းမိတ်ဖက်များနှင့်ပူးပေါင်းဆောင်ရွက်ခြင်းသည် အပြုသဘောဆောင်သောရလဒ်များကို လွှမ်းမိုးနိုင်စေရန် ၎င်းတို့၏စွမ်းရည်ကို ပိုမိုတိုးတက်စေပါသည်။
        မြန်မာနိုင်ငံ၏စီးပွားရေး ပြန်လည်ဦးမော့လာမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဆီသို့ လျှောက်လှမ်းနေချိန်တွင် လူငယ်စီးပွားရေးပညာရှင်များ၏ အခန်းကဏ္ဍသည် ပိုမိုအရေးကြီးလာမည်ဖြစ်သည်။  ၎င်းတို့၏ အမြင်သစ်များဖြင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ခိုင်မာ၍  စီးပွားရေးသာယာဝပြောသောအနာဂတ်ကို ပုံဖော်ရာတွင် လူငယ်စီးပွားရေးပညာရှင်များမရှိမဖြစ်လိုအပ်ပါသည်။  အဆိုပါ လူငယ်ပညာရှင် များသည် စီးပွားရေးစိန်ခေါ်မှုများကို ချက်ချင်းဖြေရှင်းပေးရုံသာမက ရေရှည်တည်ငြိမ်မှုနှင့် တိုးတက်မှုအတွက် အုတ်မြစ်ချပေးသည့် အသွင်ကူးပြောင်းရေးအစပျိုးမှုများကို ဦးဆောင်သည့်လူငယ်ပညာရှင်များအဖြစ် မြင်တွေ့နိုင်မည်ဖြစ်သည်။
         နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံ၏ လူငယ်စီးပွားရေးပညာရှင်များသည် နိုင်ငံ၏အနာဂတ်အလားအလာကို သက်သေပြနေပါသည်။  ဆန်းသစ်တီထွင်မှု၊ ပါဝင်နိုင်မှု၊ ခံနိုင်ရည်ရှိမှုတို့ဖြင့် လက္ခဏာရပ်ဖြစ်သော ၎င်းတို့၏ကြိုးပမ်းမှုများသည် ပိုမိုသာယာဝပြောပြီး သာတူညီမျှရှိသော မြန်မာနိုင်ငံအတွက် လမ်းခင်းပေးလျက်ရှိသည်။  ဆက်လက်တိုးလာသည်နှင့်အမျှ နိုင်ငံတော်အတွက် ပိုမိုတောက်ပသော စီးပွား ရေးမိုးကုတ်စက်ဝိုင်းကို ၎င်းတို့နှင့်အတူ ယူဆောင်လာကြသည်။ ခေတ်သစ်စီးပွားရေးအခြေအနေများတွင် မဖြစ်မနေလိုအပ်သော အရေးပါသည့်ပုဂ္ဂိုလ်များ၏ ကြိုးပမ်းမှုများသည် စီးပွားရေးတိုးတက်မှုနှင့် လူမှုဘဝအဆင့်မြင့်တင်မှုအတွက် အရေးကြီးသောအခန်းကဏ္ဍအဖြစ် တည်ရှိစေနိုင်ကြောင်း ရေးသားလိုက်ရပါသည်။

ကိုးကား - The Rise Of Youthful Economists in Myanmar 2024

DOCA(ရန်ကုန်)