Main menu

အရေးကြီးသောကုန်စည်နှင့်ဝန်ဆောင်မှုကိုဖြန့်ဖြူးရောင်းချရန်နှင့်စပ်လျဉ်းသည့် အခွင့်အလမ်းများ

Powered by Drupal
Tue, 07/16/2024 - 13:38 -- consumer_admin

    ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများသည် စားသုံးသူများအတွက် အရည်အသွေးပြည့်ဝသော ကုန်စည်နှင့်ဝန်ဆောင်မှုကို ပေးအပ်နိုင်ရန်မူဝါဒများ ကျင့်သုံးခြင်းနှင့် ထိန်းသိမ်းခြင်းတို့အတွက် ဆောင်ရွက်ရပါသည်။ အထူးသဖြင့် ကျေးလက်ဒေသများတွင် အရေးကြီးသောကုန်စည်နှင့် ဝန်ဆောင်မှုကို ဖြန့်ဖြူးရောင်းချခြင်းနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ရှိမည်ဆိုပါက သင့်လျော်သည့် သီးခြားမူဝါဒများကို ချမှတ်နိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားရပါသည်။ အဆိုပါမူဝါဒများတွင် ကျေးလက်ဒေသများ၌ လုံလောက်သောသိုလှောင်မှုနှင့် လက်လီရောင်းချသည့် အခွင့်အလမ်းများကို ဖန်တီးဆောင်ရွက်နိုင်ရန်အတွက် အကူအညီပေးခြင်း၊ အရေးကြီးသော ကုန်စည်နှင့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ကျေးလက်ဒေသများ၌ထောက်ပံပေးရာတွင် စားသုံးသူများအနေဖြင့် မိမိတို့ ကိုယ်တိုင်ဆောင်ရွက်နိုင်စေရန်နှင့် ကောင်းမွန်စွာထိန်းသိမ်းနိုင်စေရန်တို့အတွက် အားပေးလုပ်ဆောင်ခြင်းတို့ကို ဆောင်ရွက်ကြရပါသည်။

    စားသုံးသူဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းများနှင့်ကုန်သွယ်မှု ဆက်နွယ်သည့် လုပ်ငန်းများတည်ထောင်ခြင်းကို အားပေးဆောင်ရွက်ခြင်း၊ ကျေးလက်ဒေသများတွင်လည်း စားသုံးသူများကို သတင်းအချက်အလက်များ ဖြန့်ဝေပေးသည့်လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကိုလည်း လုပ်ဆောင်ကြရပါသည်။

    အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုများ၏ လုံခြုံစိတ်ချရမှု အရည်အသွေးနှင့် စွမ်းဆောင်နိုင်မှု့တို့ကို စစ်ဆေးနိုင်မည့်အခွင့်အလမ်းများကို ရရှိစေရန်အတွက် တွန်းအားပေးဆောင်ရွက်လျက်ရှိသည်ကိုလည်း သိရှိရပါသည်။

ကိုးကား -   ကမ္ဘာ့ကုလသမဂ္ဂ၏ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ လမ်းညွှန်ချက်များစာအုပ်

DOCA(ရှမ်း)