စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၆.၇.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များ အား လိုက်နာဆောင်ရွက်ခြင်းဖြင့် ဈေးကွက်အတွင်းရှိ မိမိတို့ထုတ်ကုန်များမှာ စားသုံးသူများအား ဘေးအန္တရာယ်ကင်းရှင်းစေနိုင်ကြောင်းကို သုံးစွဲသူက သိရှိလာခြင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း ဈေးကွက်များ ပိုမိုရရှိပြီး လုပ်ငန်းများအောင်မြင်နိုင်စေ၍ စားသုံးသူရော ထုတ်လုပ်သူပါ(Win… Win) ဖြစ်လာစေရန် ရည်ရွယ်၍ ဒေသတွင်းစားသောက်ကုန် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော လုပ်ငန်းရှင်များထံသို့ သွားရောက်၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။
ဒုတိယခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှထုတ် ပြန်ထားသောညွှန်ကြားချက်ပါ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့်ထည့်သွင်းဖော်ပြရမည့် အချက်အလက်များ၊ လုပ်ငန်းရှင်များမှလည်း မိမိတို့ထုတ်လုပ်သော ကုန်စည်အမျိုးအစားအလိုက် စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီသည့် ကုန်စည်များကို စားသုံးသူရေးရာဦးစီးဌာန၏ စိစစ်ခွင့်ပြုချက်ရရှိရန် လျှောက်ထားနိုင်ကြောင်း ဆွေးနွေးပါသည်။
စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များထုတ်လုပ်ရာတွင် သန့်ရှင်းသပ်ရပ်စွာ ပြုလုပ်စေချင်ကြောင်း၊ မိမိအကျိုးအမြတ်ရရှိရေး ကို အဓိကမထားဘဲ စားသုံးသူများအပေါ် စေတနာရှေ့ထား၍ မျှမျှတတလုပ်ဆောင်စေလိုကြောင်း၊ အောင်မြင်မှု၊ ကျော်ကြားမှု၊ နာမည်ကောင်းရရှိမှုမှာ ခက်ခဲကြောင်း၊ ရရှိထားသော အောင်မြင်မှုကို ထိန်းသိမ်းခြင်းမှာပို၍ခက်ခဲပါကြောင်း၊ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ ကသတ် မှတ်ထားသည့် အရည်အသွေးစံသတ်မှတ်ချက်များအပေါ် အခြေခံ၍အာမခံချက်ပေးခြင်း၊ နစ်နာဆုံးရှုံးမှု ဖြစ်ပွားစေသည့် ကုန်စည်ကို တိုက်ရိုက်ရောင်းချခြင်း (သို့) သွယ်ဝိုက်ရောင်းချခြင်းကို ရှောင်ကြဉ်ရန်နှင့် အာမခံပေးထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးရန်စသည့်အချက်များမှာ မိမိတို့၏ တာဝန်များဖြစ်သောကြောင့် တိကျစွာလိုက်နာဆောင်ရွက်စေလိုကြောင်း၊ စီးပွားရေး ကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် ဈေးကွက်များပိုမိုရရှိလာနိုင်ကြောင်း၊ မိမိတို့ဌာနမှ စစ်ဆေးရေး အရာရှိများမှလည်း ဈေးကွက်စောင့်ကြည့်စစ်ဆေးပေးလျက်ရှိပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသော ထုတ်ကုန်များအား စားသုံးသူကာကွယ်ရေးဥပဒေအရ ဈေးကွက်အတွင်းမှ လျော့နည်းပပျောက်အောင် ဖယ်ရှားသွားမည်ဖြစ်သောကြောင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များအား လိုက်နာစေလိုကြောင်းဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)