Main menu

မွန်ပြည်နယ်၏ သံပုရာသီးစိုက်ပျိုးအထွက်နှုန်းနှင့် ဈေးနှုန်းအခြေအနေ

Powered by Drupal
Fri, 08/23/2024 - 13:22 -- consumer_admin

      မွန်ပြည်နယ်အနေဖြင့် သံပုရာပင် စိုက်ဧက ၆၁၈၄ ဧက၊ ရိတ်ဧက/ခူးဆွတ်ဧက ၅၉၈၂၊ နှုန်း ၃၈၇၃၆.၁၆ ဖြင့် စုစုပေါင်းအထွက် ၂၃,၁၇၁,၉၇၁၀ လုံးရှိပါသည်။  မွန်ပြည်နယ်ရှိ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင် မော်လမြိုင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့တို့၌ စိုက်ပျိုးကြပြီး အများဆုံး စိုက်ပျိုးသည့်မြို့နယ်များမှာ ကျိုက်ထိုနှင့် ရေးမြို့နယ်တို့ဖြစ်၍ စိုက်ပျိုးဧက အများဆုံးနှင့် အထွက်နှုန်းအများဆုံးမြို့နယ်များဖြစ်ပါသည်။

    သံပုရာသီးပင်သည် တစ်ဆယ့်နှစ်ရာသီပတ်လုံး အသီးမပြတ်ဆိုသော်လည်း ဇွန်လမှ အောက်တိုဘာလအထိ အသီးအများဆုံးသီးချိန်ဖြစ်သည်။ မွန်ပြည်နယ်တွင် သံပုရာသီး၏ မိုးရာသီချိန်အတွင်း ၂၀၂၄ခုနှစ်၊  ဩဂုတ်လ ဈေးနှုန်းအခြေအနေမှာ တစ်လုံးလျှင် အသေး ၅၀ ကျပ် မှ၆၀၊  အကြီး တစ်လုံးလျှင် ၇၀ကျပ် မှ ၉၀ကျပ်ဖြင့် ဈေးကွက်ပေါ်၌ ရောင်းချကြ သည်။ သို့ရာတွင် သံပုရာသီးခြံတို့မှ လက်ကားဈေးနှုန်းများဖြင့် တိုက်ရိုက်ဝယ်ခြင်းနှင့် ပုတ်ပြတ်ဈေးဖြင့် ကုန်သည်များက ဝယ်ယူရသည့်ဈေးနှုန်းမှာ  တစ်လုံးလျှင် အသေး ၂၀ကျပ် နှင့် အကြီး ၃၀ ကျပ်ရှိသည်။ ထိုသံပုရာသီးများအား ဈေးကွက်အတွင်း ရောက်ရှိရန် သယ်ယူပို့ဆောင်ခ(ကားခ)၊ လုပ်သားခများ၏ ကုန်ကျစရိတ်တို့ဖြင့် ဈေးကွက်အတွင်း၌  ဈေးနှုန်းပြောင်းလဲမှုဖြစ်ကြောင်း သိရသည်။

    မွန်ပြည်နယ်တွင် သံပရာသီးကို ဒေသတွင်းအသုံးပြုရန် လုံလောက်အောင် ပိုမို စိုက်ပျိုးလာကြသည်။ မွန်ပြည်နယ်နှင့် နီးကပ်လျက်ရှိသည့် ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဘက်မှ  မော်လမြိုင်သို့  သံပရာသီး အဝင်ရှိခဲ့သည်။

    မွန်ပြည်နယ်မှ စားသုံးသူများအနေဖြင့် သံပရာသီးကို အမျိုးမျိုးပြုလုပ် စားသုံးကြရာ သံပုရာသီးသနပ်၊ သံပရာသီးယို၊ အချဉ်ပေါင်းနှင့် စားသောက်ဖွယ်ရာတွင် အနံ့အရသာ ဖြည့်စွက်ရန်နှင့် ကြာရှည်ခံစားသောက်နိုင်ရန်ပြုလုပ်ထားသည်။ သံပုရာသီး၏အကျိုး အာနိသင်မှာ ခေါင်းမူးသည့်အခါ သံပုရာရေကို ဖျော်သောက်ခြင်းဖြင့် စိတ်ကြည်လင် လန်းဆန်း စေနိုင်စွမ်းရှိပါသည်။ ထို့အပြင် ဗီတာမင်စီ၊ အမျှင်ဓါတ်နှင့် ကယ်လ်စီမယ်၊ သံဓါတ်၊ ပိုတက်စီယမ်၊      ကော့ပါး၊ မဂ္ဂနီဆီယမ်တို့လို သတ္တုဓါတ်များ ကြွယ်ဝစွာပါရှိသည့်အပြင် အခွံမှာလည်း ပိုလီမီနော်လ် (Polyphenol)၊ တာပန်း(terpene)၊ ဖိုင်တိုကယ်မီကယ်လ်ဓါတ် (phytochemical) တွေလည်း ပါဝင်ကြောင်း သိရှိရပါသည်။

DOCA(မွန်)