Main menu

သံပရာသီးအကြောင်းသိကောင်းစရာ

Powered by Drupal
Fri, 08/23/2024 - 16:01 -- consumer_admin

     ပဲခူးတိုင်းဒေသကြီးအနောက်၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့သီးနှံဒိုင်များတွင် ရောင်းချနေသော သံပရာသီးဈေးနှုန်းများမှာ ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ပထမပတ်တွင် သံပရာသီးတစ်လုံးလျှင် (၂၅) ကျပ်နှုန်းသိရပြီး ဩဂုတ်လ တတိယပတ်တွင် သံပရာသီးတစ်လုံးလျှင် (၃၀)ကျပ်နှုန်းဖြင့် ဈေးနှုန်းများမြင့်တက်လာကြောင်းသိရှိရပါသည်။ ယခုအချိန်မှာ ရာသီချိန်ဖြစ်သောကြောင့် သံပရာသီးများသည် အနည်းငယ်ပေါများပါသည်။

      သံပရာသီးသည် ကျန်းမာရေးအတွက်လည်းအသုံးဝင်ပါသည်။ သံပရာသီးကို အရည်ဖျော်သောက်လျှင် သွေးတိုးကျစေပါသည်။ သံပရာသီးအစေ့ကို  ဝါးစားလျှင်လည်း   သွေးတိုးကျစေပါသည်။ သံပရာသီး၏အကျိုးမှာ ဝိတ်ချခြင်း၊ အဆီကျခြင်း၊ ဖျော်ပဲသောက်သောက်၊ အသုပ်၊ အုန်းနို့ခေါက်ဆွဲ၊ မုန့်ဟင်းခါးတွေထဲကို ညှစ်ပြီးစားသုံးကြပါသည်။ သံပရာသီးသည် အချဉ်အရသာရှိတဲ့အတွက် ကယ်လ်လိုရီ၊ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အဆီ၊ အမျှင်ဓာတ်၊ ဗီတာမင်C၊ သံဓာတ်၊ ကယ်လ်ဆီယမ်၊ ဗီတာမင် B6၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်တို့လည်းပါဝင်ပါသည်။ ဗီတာမင် C ကြွယ်ဝသောကြောင့် အနာကျက်မြန်စေသလို‌ ယောင်ရမ်းမှုကိုလည်းသက်သာစေပါသည်။ အရေပြားကျန်းမာလှပစေဖို့လည်း အားဖြည့်ပေးပါသည်။ နှလုံးရောဂါလည်းကာကွယ်ပေးနိုင်ပါသည်။ သံပရာသီးသည် ကျန်းမာရေးအတွက်ကောင်းမွန်သည်ဆိုသော်လည်း "တန်ဆေး လွန်ဘေး" ဆိုသလို အလွန်အကြူးစားသုံးလျှင် အန္တရာယ်ဖြစ်စေနိုင်ပါသည်။

DOCA(ပဲခူး)