ပင်မှည့်သီးမှာ ဗီတာမင်၊ အမျှင်ဓာတ်၊ ပရိုတင်းဓာတ်တွေ ပေါများကြွယ်ဝတယ်။ ရနံ့မွှေးပြီး အရသာကောင်းတယ်။ ခန္ဓာကိုယ်ရဲ့ခုခံအားကိုကောင်းစေပြီး ကိုယ်ခံစွမ်းအားကိုတိုးမြှင့်ပေးတယ်။ အထူးသဖြင့် ကလေးနဲ့ ကိုယ်ဝန်သည်တွေအတွက် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုနဲ့ ကြီးပြင်းမှုကို များစွာအထောက်အကူပြုတယ်။ ပင်မှည့်သီးမှာ အမျှင်ဓာတ်ပေါကြွယ်ဝတာမို့ အူ၊ အစာအိမ်ရဲ့ အကွေးဆုံးနေရာထဲထိဝင်ရောက်ပြီး အနက်ဆုံးထိသန့်ရှင်းပေးတာ၊ အဆိပ်အတောက်ဖယ်ရှားပေးတာတွေပြုလုပ်ပေးတယ်။ အူနံရံတွေကို မထိခိုက်၊ မပျက်စီးစေတဲ့အပြင် ခန္ဓာကိုယ်ရဲ့စုပ်ယူအားကိုကောင်းမွန်စေ၊ အူအစာအိမ်တွေကိုကောင်းမွန်စေတယ်။ သူကတော့ လိုင်းမကျူးသီး (ခေါ်) ပင်မှည့်သီး (ခေါ်) ဖျော်ရည်သီး (ခေါ်) Passion Fruit ဖြစ်ပါတယ်ရှင်။ လတ်လတ်ဆတ်ဆတ် ချိုချဉ်အရသာနဲ့ အနံ့ကလည်း မွှေးမွှေးလေးနဲ့ ဓာတုဆေးလုံးဝမပါတဲ့ သဘာဝပင်မှည့်သီးလေးတွေ..ပင်မှည့်သီးကနေ ရနိုင်တဲ့အကျိုးကျေးဇူးတွေကတော့ V-C ကြွယ်ဝပီး
- ခန္ဒာကိုယ်ခုခံအားကို အားကောင်းစေပါတယ်..
- လူကိုလန်းဆန်းစေတယ်
- အမြင်အာရုံကိုကောင်းမွန်စေခြင်း
- အဆိပ်အတောက်ကိုဖယ်ရှားပေးနိုင်ခြင်း
- အစာခြေစနစ်ကိုကောင်းမွန်စေခြင်း
- သွေးအားနဲခြင်းကို ကာကွယ်ပေးခြင်းတို့ကြောင့်ကျန်းမာရေးအတွက် လွန်စွာအထောက်အကူရရှိသည့်အပြင် စိုက်ပျိုးရောင်းချသူများအတွက်လည်း ဈေးကွက်အခွင့်အလမ်း ကောင်းများရရှိနေပါသည်။
DOCA(ရှမ်း)